ကမ္ဘာကျော်ဘောလုံးသမားငါးဦးရဲ့ဘဝအပြောင်းအလဲတချို့ကို လေးစားအားကျဖွယ်ဖြစ်အောင် တင်ဆက်ပေးလိုက်ပါတယ်။
အလက်စစ်ဆန်းချက်
အာဆင်နယ်တိုက်စစ်မှူး အလက်စစ်ဆန်းချက်ကတော့ အသက်ခြောက်နှစ်ကတည်းက သူ့မိသားစု စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ခဲ့သူဖြစ်ပေမယ့် အခုအချိန်မှာ တစ်ပတ်ကို ပေါင်၂သိန်းနီးပါးလောက် ရရှိနေတဲ့ နာမည်ကျော်ဘောလုံးသမားတစ်ဦး ဖြစ်လို့နေပါပြီ။

ရစ်ကီလမ်းဘတ်
လီဗာဘူးနဲ့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း ရစ်ကီလမ်းဘတ်ကတော့ လီဗာဘူးအကယ်ဒမီထွက်ပြီးနောက် ဘောလုံးကစားခွင့်ကို တစ်ခါတည်းမရခဲ့ပဲ သကြားမုန်လာဥစက်ရုံ အလုပ်သမားဘဝနဲ့ ကျင်လည်ခဲ့ရပါတယ်။ နောက်ဆယ့်ငါးနှစ်အကြာမှာတော့ လီဗာဘူးအသင်းကြီးမှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပါဝင်လာခွင့် ရလာခဲ့ပါတယ်။

လီယွန်နယ်မက်ဆီ
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သူ မက်ဆီကတော့ ဘာစီလိုနာကို စတင်ရောက်ချိန်မှာ အင်အားချို့တဲ့ရောဂါကြောင့် ဟော်မုန်းအားကောင်းအောင် ကုသခံခဲ့ရပြီး ဘောလုံးကစားဖို့ အတော်လေးအခက်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ ရောက်ရှိနေတဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်လို့နေပါပြီ။

ဗစ်တာမိုဆက်
ယခုနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်တွေရပြီး တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဗစ်တာမိုဆက်ဟာ ငယ်စဉ်က မိဘနှစ်ပါးလုံး အသတ်ခံခဲ့ရလို့ မိဘမဲ့ဘဝနဲ့ အင်္ဂလန်နိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ လာရောက်ခိုလှုံခဲ့ရင်း ပရီးမီးယားလိဂ်ရဲ့နာမည်ကျော်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့တိုက်စစ်မှူး ချာလီအော်စတင်ကတော့ ဆယ်ကျော်သက်ဘဝမှာ ပန်းရန်သမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ရပြီး ဘောလုံးကိုလည်း အနိမ့်ဆုံးအဆင့်တွေကနေ စတင်ကစားခဲ့ရာ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်လို အဆင့်မျိုးထိ ရောက်ရှိခာအောင် ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်လာပါတော့တယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.