0

နယူးဇီလန်ပင်လယ်ကမ်းရိုးတမ်းနဲ့ မဝေးလှတဲ့ ရေပြင်မှာ ဧရာမရေဘ၀ဘဲကြီးနဲ့ 19 စတုံခန့် အလေးချိန်ရှိ ပင်လယ်ဖျံကြီးတို့ရဲ့ တိုက်ပွဲကတော့ ရေပြင်အပေါ်ဘက်ရောက်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်း။ Kaikoura ကမ်းခြေအနီးမှာ ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ Kayaker Conner Stapley ဟာ ခရီးသွားသုံးဦးနဲ့အတူ လှေပေါ်မှာ ရှိနေချိန်၊ ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တာပါ။

ပင်လယ်ဖျံကြီးကတော့ အထီးဖြစ်ပါတယ်။ တကယ်တော့ ရေဘ၀ဲဆိုတာ သူတို့ရဲ့ အစာပါဘဲ။ ဒါပေမယ့် ဒီလောက် အရွယ်အစားကြီးမားတဲ့ ရေဘ၀ဲတွေကိုတော့ ဖျံတွေက ဖမ်းဆီးစားသောက်လေ့ မရှိပါဘူး။ ငါးတွေ၊ ရေဘ၀ဲ ခပ်သေးသေးအကောင်တွေကိုသာ ဖမ်းဆီးနိုင်တာပါ။

Conner က ” ဒါက တကယ့် ရှားပါးမြင်ကွင်းပါဘဲ .. ဒီနေ့ခေတ်အထိ မမြင်ခဲ့ရဘူးတဲ့ မြင်ကွင်းပါ .. ပင်လယ်ဖျံရဲ့ ပုံမှန်မဟုတ်တဲ့ ညစာတည်ခင်းပွဲကြီးပေါ့ဗျာ “လို့ ပြောပါတယ်။ သူက ဆက်လက်ပြီး “မိနစ် 20 လောက် ကြာပါတယ် … ရေဘ၀ဲကလည်း ကျနော် မြင်ဖူးသမျှထဲမှာတော့ အကြီးဆုံးပါဘဲ “လို့ ဆိုပါတယ်။
Conner က ပင်လယ်ဖျံတွေဟာ ရေဘ၀ဲတွေကို ဖမ်းယူစားသောက်တဲ့အခါမှာ အရင်ဆုံး နှာမောင်းတွေ ပြုတ်သွားအောင် ခါရမ်းပစ်လေ့ရှိကြောင်း၊ တစ်ရက်ကို 7 ကီလိုဂရမ်လောက်ရှိတဲ့ ရေဘ၀ဲတွေကို စားသောက်ကြပြီး၊ သူတို့အကြိုက်ဆုံး အစားအစာထဲမှာ ပါဝင်ကြောင်း ဆိုပါတယ်။
နယူးဇီလန် ပင်လယ်ဖျံတွေဟာ ရေအောက်မှာ 11 မိနစ်အထိ ငုပ်လျှိုးနိုင်ပြီး၊ အနက် 98 ပေ (30 မီတာ) အထိ အစာရှာနိုင်ကြပါတယ်။ Kaikoura Kayaks ပိုင်ရှင်ဖြစ်တဲ့ Matt Foy ကတော့ ဒီကမ်းရိုးတမ်းမှာ ရေဘ၀ဲပေါများလို့ ပင်လယ်ဖျံနဲ့ ရေဘ၀ဲတို့တိုက်ပွဲကို ခဏခဏ မြင်တွေ့ရပေမယ့်၊ ဒီနှစ်မှာတော့ မြင်တွေ့ဖို့ အတော်ခဲယဉ်းတယ်လို့ ဆိုပါတယ်။
source : thesun.co.uk


Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top