0

သင်္ဃန်းကျွန်းမြို့နယ်တွင် ခါးပိုက်နှိုက်တစ်ဦးဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်များ
သည် ဇွန်လ ၁၂ ရက်နေ့က နယ်မြေအတွင်း မှုခင်းများမဖြစ်ပွားစေရေး၊
ပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်း ဆောင်ရွက်နေ
စဉ် နံနက် ၁၁ နာရီအချိန်ခန့်၌ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း
မကြီးစံပြ ဈေးကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းအမှတ်(၇)ပေါ်မှဆင်း
လာသူ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ သီရိ(ခ) မသီရိခင်၊ (၃၀)နှစ်အား
မသင်္ကာတွေ့ရှိသဖြင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းစစ်မေးရာ
၎င်း ကိုင်ဆောင်ထားသောလက်ဆွဲအိတ်အတွင်းမှ SAMSUNG အမျိုး
အစား လက်ကိုင်ဖုန်းနှင့် SONY အမျိုး အစားလက်ကိုင်ဖုန်းတို့အားတွေ့
ရှိရပြီး ၎င်းဖုန်းများနှင့် ပတ်သက်၍ စစ်ဆေးရာ ယာဉ်ပေါ်ပါခရီးသည်
အမျိုး သားနှစ်ဦး၏ ဘောင်ဘီနောက်အိတ်ကပ်အတွင်းမှ အသီးသီးနှိုက်ယူ
ခဲ့သောဖုန်းများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ သီရိ(ခ)သီရိခင်အား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင်
အမှုဖွင့်ကာအရေးယူဆောင် ရွက်လျက်ရှိပြီး ယင်းသို့ YBS ယာဉ်လိုင်းများ
ပေါ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

ရဲဇာနည်

Post a Comment

 
Top