0
နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦးစာရင်းကို မဂ္ဂဇင်းတွေ၊ သုတေသနအချက်အလက်ကုမ္ပဏီတွေက စစ်တမ်းပြုလုပ်ပြီး ဖော်ပြလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ (၈)ဘီလီယံကျော်တယ်လို့ မှန်းဆရပြီး အဲဒီလူဦးရေထဲမှာ မှာ ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်တဲ့သူတွေကို ချီးကျူးရမှာဖြစ်ပါတယ်။ တကယ်ကိုပဲ စီးပွားရေးလောကမှာ သူတို့ တွေဟာ စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ပါတယ်။

အဲဒီချမ်းသာဆုံးလူစာရင်းထဲကမှ အချို့တွေဟာ အောက်ခြေကနေစပြီး အမြင့်ပျံတက်လာနိုင်ခဲ့တာ အလွန်အံ့အားသင့် စရာကောင်းလှပါတယ်။ စာဖတ်သူတွေအနေနဲ့ ဗဟုသုတရစေဖို့ ၂၀၁၇-၁၈မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦးရဲ့ ပိုင်ဆိုင်မှုများနဲ့ အောင်မြင်မှုတစ်စွန်းတစ်စကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ Michael Bloomberg (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၄၆.၈ ဘီလီယံ)

Michael Bloomberg ကို ၁၉၄၂ခုနှစ်မှာ မွေးဖွားပြီး သူဟာ နိုင်ငံရေးသမား၊ ပရဟိတသမား၊ စာရေးဆရာ၊ အမေရိ
ကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ(၄၆.၈)ဘီလီယံရှိပြီး Bloomberg L.Pကုမ္ပဏီရဲ့ စီးအီးအိုတစ်ယောက်ဖြစ်ပါတယ်။ ဘဏ္ဍာရေးအတွက်အထောက်အကူပြုတဲ့ နည်းပညာ ဆော့ဝဲလ်ထုတ်လုပ်တဲ့ ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့လက်ရှိဆော့ဝဲလ်ဟာ ကမ္ဘာအနှံ့မှာ အောင်မြင်ကျော်ကြားနေတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။
၉။ David Koch (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၄၇.၉ ဘီလီယံ)

David Kochကတော့ ၁၉၄၀ခုနှစ်မှာ မွေးဖွားပြီး ဓာတုဗေဒစက်မှုလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာ၊ နိုင်ငံရေးလှုပ်ရှားသူ၊ ပရဟိတကိုယ်ကျိုးစွန့်သူ၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို့ လူသိများကြပါတယ်။ သူဟာ မိသားစုအစဉ်အဆက်အရ ချမ်းသာကြွယ်ဝသူဖြစ်ပြီး မိသားစုပိုင် Koch စက်ရုံ(အမေရိကန်နိုင်ငံမှာ ဒုတိယမြောက်အကြီးဆုံးစက်ရုံ) ကို အစ်ကိုဖြစ်သူ Charles Kochနဲ့ ပူးတွဲပိုင်ဆိုင်သူဖြစ်ပါတယ်။ သူဟာ ၁၉၇၉ခုနှစ်မှာ Koch စက်ရုံရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး အမေရိကသဘာဝသမိုင်းပြတိုက်၊ Presbyterianဆေးရုံနဲ့ ဖောင်ဒေးရှင်းအများအပြားကိုလည်း ဆောက်လုပ်လှူဒါန်းထားတဲ့ ပရဟိတလုပ်ငန်းရှင်းတစ်ဦးဖြစ်ပါတယ်။
၈။ Charles Koch

Charles Kochဟာ David Kochရဲ့ အကြီးဆုံးအစ်ကိုဖြစ်ပြီး  Koch စက်ရုံကို ပူးတွဲပိုင်ဆိုင်သလို စက်ရုံရဲ့ ဒုတိယ
ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများစွာ ပူးပေါင်းတည်ထောင်ထားတဲ့ ကောင်ပိုရေးရှင်းကြီးအဖွဲ့တစ်ခုရဲ့ (၄၂)ရာခိုင်နှုန်းရှယ်ယာကို ထပ်မံပိုင်ဆိုင်ထားသလို စီးပွားရေးအင်အားကိုလည်း ထပ်မံတိုးချဲ့ထားပါတယ်။

၇။ Larry Ellison (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၅၅.၂ ဘီလီယံ)

Larry Ellisonကို ၁၉၄၄ခုနှစ်မှာမွေးဖွားခဲ့ပြီး စီးပွားရေးသမားတစ်ဦးလည်းဖြစ်သလို ပရဟိတအများအပြားလုပ်သူဖြစ် ပါတယ်။ Oracle Corporation နည်းပညာကုမ္ပဏီကို ပူးပေါင်းတည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မတိုင် ခင်အထိ Oracle Corporationကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ပေမယ့် စီမံခန့်ခွဲရေးဒါရိုက်တာအဖြစ် လုပ်ဆောင်နေသူဖြစ်ပါ တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုက ကန်ဒေါ်လာ(၅၅.၂)ဘီလီယံရှိတာကြောင့် ကမ္ဘာ့ချမ်းသာဆုံးစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပြီး
လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်နေပါတယ်။

၆။ Mark Zuckerberg (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၅၈.၄ ဘီလီယံ)

Mark Zuckerbergကတော့ ၁၉၈၄ခုနှစ်မှာမွေးပြီး ယနေ့ကမ္ဘာအနှံ့မှာ တွင်ကျယ်နေတဲ့ Facebookကို စတင်တည်
ထောင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ (၅၈.၄)ဘီလီယံရှိပြီး အသက်ငယ်ဆုံး ဘီလျံနာ သူဋ္ဌေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ Facebookကို ဟားဗက်တက္ကသိုလ်အတွင်း နယ်မြေအတွင်းမှာ တက္ကသိုလ်ကျောင်းသားအချင်းချင်းဆက်သွယ်နိုင်ဖို့ စတင်ကြိုးစားခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ အသုံးပြုသူ ဘီလီယံကျော်ပြီး သန်းကြွယ်သူဋ္ဌေးတစ်ဦးဖြစ်လာခဲ့သူပါ။ အဲဒီကနေစပြီး သူဟာ Time နဲ့ Forbesမဂ္ဂဇင်းတို့ရဲ့ ချမ်းသာဆုံးလူပုဂ္ဂိုလ်စာရင်း မျက်နှာဖုံးမှာ နှစ်တိုင်းပဲ ပါဝင်ခဲ့ပါတယ်။

၅။ Carlos Slim Helu (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၇၃ဘီလီယံ)

Carlos Slim Heluကို ၁၉၄၀ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ သူဟာ မက္ကဆီကိုနိုင်ငံက ကုမ္ပဏီတော်တော်များများကို
ပိုင်ဆိုင်သူဖြစ်ပြီး နည်းပညာ၊ ပညာရေး၊ ဆေးရုံ၊ ပို့ကုန်၊ သွင်းကုန်၊ ကျန်မာရေး၊ အားကစား နဲ့ပတ်သက်တဲ့ ကုမ္ပဏီ တွေကို ပိုင်ဆိုင်ထားတဲ့အပြင် မက္ကဆီကို Stock Exchangမှာလည်း ရင်းနှီးမြှုပ်နှံမှု (၄၀)ရာခိုင်နှုန်းလောက်အထိ ပြုလုပ်ထားသူဖြစ်ပါတယ်။ သူဟာ မက္ကဆီကိုနိုင်ငံသားဖြစ်ပြီး ၁၂နှစ်အရွယ်ကတည်းက စီးပွားရေစတင်လုပ်ကိုင်ခဲ့ ပြီး (၁၅)နှစ်သားမှာ မက္ကဆီကိုဘဏ်ရဲ့ရှယ်ယာပိုင်ဆိုင်သူဖြစ်လာခဲ့ပါတယ်။
၎။ Jeff Bezos (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၇၃ ဘီလီယံ)


Jeff Bezosကတော့ Amazon.com အွန်လိုင်းရှော့ပင်းကုမ္ပဏီကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ၁၉၆၄ခုနှစ်မှာ မွေးဖွားခဲ့
တာဖြစ်ပါတယ်။ သူဟာ အွန်လိုင်းမှာ သေးသေးလေးကနေစပြီး နောက်တော့ အင်တာနက်အွန်လိုင်းရှော့ပင်းကုမ္ပဏီ
ကြီးကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး သူဟာ BlueOrginနည်းပညာကုမ္ပဏီ နဲ့ The Washinton Post သတင်းစာနဲ့ အွန်လိုင်းမီဒီယာကိုလည်းပိုင်ဆိုင်သူဖြစ်ပါတယ်။


၃။ Amancio Ortega (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၇၄.၃ ဘီလီယံ)

Amancio Ortegaကို ၁၉၃၆ခုနှစ်မှာမွေးဖွားပြီး Indexitဖက်ရှင်အုပ်စုနဲ့ Zara တံဆိပ်အကျီင်္ကုမ္ပဏီကိုလည်း ပိုင်
ဆိုင်သူဖြစ်ပါတယ်။ သူဟာ ဥရောပမှာ ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပေမယ့် ကမ္ဘာ့အဆင့်မှာတော့ ကန်ဒေါ်လာ (၇၄.၃)
ဘီလီယံနဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။ သူ့ကို စပိန်မှာမွေးခဲ့ပြီး ငယ်ငယ်လေးကတည်း ဆင်းရဲမွဲတေ မှုကြောင့်ကျောင်းထွက်ခဲ့ပြီး ရထားအလုပ်သမားတစ်ယောက်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ အောက်ခြေကနေ ချမ်းသာကြွယ်ဝလာတဲ့ သူဋ္ဌေးတစ်ယောက်ဖြစ်ပါတယ်။
၂။ Warren Buffet (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၇၅.၉ ဘီလီယံ)

ပိုင်ဆိုင်မှု ကန်ဒေါ်လာ( ၇၅.၉)ဘီလီယံရှိပြီး ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်နံပါတ်(၂)နေရာမှာ ရပ်တည်နေသူကတော့ ကမ္ဘာ့အနှံ့ရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့ Warren Buffetဖြစ်ပါတယ်။ သူ့ကို ၁၉၃၀ခုနှစ်မှာမွေးဖွားခဲ့တာပါ။
Berkshire Hathwayရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ အများဆုံးရှယ်ယာပိုင်ရှင်ဖြစ်သလို ကမ္ဘာ့အနှံ့ကုမ္ပဏီများမှာ
လည်း သူက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။

၁။ Bill Gates (ပိုင်ဆိုင်မှု – ကန်ဒေါ်လာ ၈၆.၅ ဘီလီယံ)

မိုက်ကရိုဆော့ခ်တည်ထောင်သူ Bill Gatesကတော့ လွန်ခဲ့တဲ့ (၁၅)နှစ်ကတည်းက ကမ္ဘာ့ချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး အဖြစ်ရပ်တည်ခဲ့သူဖြစ်ပါတယ်။ IT နဲ့ PCကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားတဲ့ Bill Gates ဟာ ၂၀၁၄ခုနှစ်မှာတော့ မိုက် ကရိုဆော့ခ်ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ခဲ့ပြီး စီးအီးအိုလည်း ဖြစ်ခဲ့သူဖြစ်ပါတယ်။

Source ; worldstopbest.com

Post a Comment

 
Top