လူကဲခတ်ကျွမ်းကျင်ခြင်းဟာ လူအများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။FBI ထောက်လှမ်းရေး အေးဂျင့် အဖြစ် ၂၃ နှစ်ကြာ အလုပ်လုပ်ခဲ့သူ လာရီ ကိုင် (LaRae Quy) ရဲ့ အဆိုအရတော့ ” လူတစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲဆိုတာကို သိဖို့ သင်ဟာ ပထမအဆင့် ထောက်လှမ်းရေးသမား ဖြစ်နေစရာမလိုပါဘူး။သင့်အနေနဲ့ လူတစ်ယောက်ကို အကဲခတ်လို့ရတဲ့ အချက်ပြအရာတွေရှိပြီး သင်လုပ်ရမှာက အဲ့ဒါတွေကို အရင်ဆုံးရှာဖွေဖို့ပါ။ ” လို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့် ပရိတ်သတ်ကြီးအတွက် လာရီ ကိုင်မှာ ပြောပြခဲ့တဲ့ လူကဲခတ်နည်းစနစ် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူတို့ရဲ့ အပြုအမူတွေက နေတဆင့် ဘယ်လိုလူစားမျိုးလဲဆိုတာ အကဲဖြတ်ပါ။
သူတို့ရဲ့ အပြုအမူတွေကိုကြည့်ပြီး လူတစ်ယောက်ဟာ ဘယ်လို လူစားမျိုးလဲဆိုတာကို အကဲဖြတ်လို့ရပါတယ်။ဥပမာ စကားပြောနေစဉ် ကြမ်းပြင်ကို ကြည့်နေတတ်လား၊လက်ပိုက်ထားတတ်လား၊ခေါင်းကုတ်နေသလား စတာတွေ ကိုကြည့်ပါ။လူတိုင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ပြုမူဆောင်ရွက်ကြတာ ဖြစ်ပြီး လူတစ်ယောက်ရဲ့ အပြုအမူတွေကနေ တဆင့် လူတစ်ယောက်ရဲ့ အမျိုးအစားကို အကဲဖြတ်လာနိုင်မှာ ဖြစ်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ လက်ဟန်ခြေဟန် ဂရုစိုက်လေ့လာပါ။
လက်ဟန်ခြေဟန် အမူအရာတစ်ခုကတော့ အဓိပ္ပါယ် တစ်ခုခု အမြဲရှိနေမှာ မဟုတ်ပါဘူး။ဒါပေမဲ့ လက်ဟန်ခြေဟန် တစ်ခုခုကို ဆက်တိုက် ပြုလုပ်နေပြီဆိုရင်တော့ ဂရုတစိုက်စောင့်ကြည့်ပါ။ဥပမာ – တစ်စုံတစ်ယောက်က စကားပြောနေစဉ်မှာ ချောင်းခဏခဏ ဟန့်မယ်၊ခေါင်း ခဏခဏ ကုတ်နေမယ်၊ခြေထောက် ခဏခဏ လှုပ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဂရုတစိုက်စောင့်ကြည့်သင့်ပါတယ်။

၃။ ကြည့်မှန် တစ်ချပ်ကို ဂရုစိုက်ပါ။
ဦးနှောက်ထဲမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေက ကျွန်တော်တို့ ရဲ့ စိတ်အခြေအနေကို ထင်ဟပ်နေပါတယ်။ဆိုလိုတာက ကျွန်တော်တို့ ပျော်နေရင် မျက်နှာမှာ အပြုံးတစ်ခုကို ထင်ဟပ်စေပြီး မျက်မှောင် ကြုတ်နေပြီဆိုရင်တော့ ကျွန်တော်တို့ စိတ်ကျေနပ်မှုမရှိခြင်းကို ဖော်ပြနေပါတယ်။ကျွန်တော်တို့ သဘောကျနှစ်သက်တဲ့ လူတစ်ယောက်ကို တွေ့တဲ့အခါမှာ ကျွန်တော်တို့ မျက်နှာပြင် ကြွက်သားတွက ပြေလျော့ပြုံးပြပြီး ထိုသူက သင့်ကို ထိုကဲ့သို့ ပြန်မပြုံးပြဘူးဆိုရင် သင့်ကို သူမနှစ်သက်ဘူးဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

၎။ အားအင်ပါတဲ့ အသံကို ရှာဖွေပါ။
အားအင်စွမ်းအားရှိတဲ့ လူတစ်ယောက်ဟာ ရာထူးအကြီးဆုံး လူသာဖြစ်နိုင်တယ် လို့မဆိုလိုပါဘူး။မိမိကိုယ်ကို ယုံကြည်မှု ရှိတဲ့ လူတစ်ယောက်ဟာ စကားပြောရင် အားအင်နဲ့ ပြောလေ့ရှိပြီး တစ်ခါတစ်ရံမှာ ခေါင်းဆောင်လို့ ကိုယ် ယူဆထားတဲ့ သူက အဲ့ဒီလို အင်အားမရှိပါဘူး။ဒါကြောင့် အဖွဲ့အစည်းတစ်ခုနဲ့တွေ့ရင် အားအင်ပါတဲ့ အသံပိုင်ရှင်ကို လေ့လာပြီး သူနဲ့ ပြောဆိုဆက်ဆံမယ်ဆိုရင် သင့်လုပ်ငန်း ကိစ္စတွေ အောင်မြင်ဖို့ ရာခိုင်နှုန်းတိုးလာမှာ ဖြစ်ပါတယ်။

၅။ လမ်းလျှောက်တဲ့ ပုံစံ ကိုလေ့လာပါ။
လူတစ်ယောက်ရဲ့ လမ်းလျှောက်ပုံကိုကြည့်ပြီး လူတစ်ယောက်ကို အကဲခတ်နိုင်စေမှာ ဖြစ်ပါတယ်။ဥပမာ လမ်းလျှောက်နေတုန်း မိမိရှေ့တည့်တည့်ကို မကြည့်ဘဲ ကိုယ်ခြေထောက်ကို ကိုယ်ပြန်ငုံကြည့်နေသူတွေဟာ မိမိကိုကိုယ် ယုံကြည်မှု ကင်းမဲ့နေတဲ့ သူတွေ ဖြစ်ပါတယ်။သင့်ရဲ့ အဖွဲ့ အစည်းထဲမှာ ဒီလို လူမျိုးတစ်ယောက်လောက်ရှိနေရင် သူ့ကို ချီးမွမ်းပေးခြင်းက သင့်အပေါ် ယုံကြည်စိတ်ချမှု တိုးစေမှာ ဖြစ်ပါတယ်။

Ref : Bright Side