0

ကမ္ဘာကျော် Forbesမဂ္ဂဇင်းဟာ ၂၀၁၇ခုနှစ်အတွက် အားကစားလောကမှ ကမ္ဘာ့ချမ်းသာဆုံးကလပ်အသင်းစာရင်းနဲ့ အားကစားနယ်ပယ်စုံမှ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ Forbes မဂ္ဂဇင်းက ကြေညာသွားတဲ့စာရင်းမှာ မန်ယူအသင်းက ကမ္ဘာ့ချမ်းသာဆုံးကလပ်အသင်းအဖြစ် ပေါင်(၂.၈၆)ဘီလီယံနဲ့ထိပ်ဆုံးက ရပ်တည်ခဲ့သလို အားကစားနယ်ပယ်စုံမှ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းမှာ စီရော်နယ်ဒိုက ပေါင်(၇၁.၈)သန်းနဲ့  ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။


Forbesမဂ္ဂဇင်းဟာ နှစ်တစ်နှစ်ရဲ့ဝင်ငွေနဲ့ စပွန်ဆာစာချုပ်များကို အဓိကတွက်ချက်ထားပြီး အခုစာရင်းကိုထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံးကလပ်းအဖြစ် ပေါင်(၂.၈၆)ဘီလီယံနဲ့ (၅)နှစ်အတွင်း ပထမ ဆုံးအကြိမ် ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့နောက်မှာ ဘာစီလိုနာက (ပေါင် ၂.၈၂ဘီလီယံ) နဲ့ ဒုတိယ၊ ရီးယဲလ်အသင်းက (ပေါင် ၂.၇၇ဘီလီယံ)နဲ့ တတိယ၊ ဘိုင်ယန်မြူးနစ်အသင်းက (ပေါင် ၂.၁ဘီလီယံ)နဲ့ စတုတ္ထ၊ မန်စီးတီးအသင်းက (ပေါင် ၁.၆၁ဘီလီယံ)နဲ့ပဉ္စမတို့ အသီးသီးရပ်တည်နိုင်ခဲ့ကြပါတယ်။


ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းမှာဆိုရင် ပေါင်(၇၁.၈)သန်းနဲ့ စီရော်နယ်ဒိုက ထိပ်ဆုံးမှ နှစ်နှစ်ဆက် တိုက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့နောက်မှာ အမေရိကန်ဘက်စ်ကက်ဘော အကျော်အမော် လီဘ ရွန်းဂျိမ်းစ်က (ပေါင် ၆၆.၆သန်း)နဲ့ ဒုတိယ၊ မက်ဆီက (ပေါင် ၆၁.ဂသန်း)နဲ့ တတိယ၊ ကမ္ဘာ့နာမည်ကြီးတင်းနစ်သမား ဖက်ဒါရားက (ပေါင်၄၉.၄သန်း)နဲ့စတုတ္ထ၊ ဘက်စ်ကက်ဘောကစားသမား ကီဗင်ဒူရန့်က (ပေါင်၄၆.၈သန်း)နဲ့ပဉ္စမတို့ဖြင့် အသီးသီးရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Source; Daily Mail


Post a Comment

 
Top