0
ပရိသတ်တွေမျှော်လင့်နေတဲ့ဆုဖြစ်တဲ့အတွက် လိုချင်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုပိုင်ဆိုင်ထားနိုင်တဲ့အပြင် အကယ်ဒမီဆုကိုပါ ရစေချင်တဲ့ ဆန္ဒတွေကြောင့်  ဒီဇာတ်ကားနဲ့ပတ်သက်ပြီးသူ့ရဲ့ ပရိသတ်တွေက မျှော်လင့်ပေးနေတဲ့အကယ်ဒမီဆုကို သူကိုယ်တိုင်ကလည်း အရမ်းလိုချင်ပါတယ်လို့  ပြောပြခဲ့ပါတယ်။
play

''ရင်ဘတ်ထဲက ဓားဇာတ်ကားနဲ့ပတ်သက်လို့ ကိုဝိုင်းကလဲ ကာရိုက်တာနဲ့ပတ်သက်လာရင်မလွှတ်ခဲ့ဘူး သူစိတ်တိုင်းကျမှရိုက်ခဲ့တဲ့ ဇာတ်ကား လေးလည်းဖြစ်တယ်၊ အကုန်လုံးကလည်း တက်ညီလက်ညီကြိုးစားကြတယ်။အစ်မအနေနဲ့လည်း အကယ်ဒမီအရမ်း လိုချင် ပါတယ်။ အဓိက ကတော့ အစ်မကိုချစ်တဲ့ပရိသတ်တွေက အရမ်းရစေချင်တဲ့အတွက် လိုချင်တယ်။ အစ်မကိုယ်တိုင်ကလဲ အရမ်းကြိုး စားထားပါတယ်။ဒါပေမယ့် ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား အကယ်ဒမီအမှတ်ပေးတဲ့ အကယ်ဒမီအရုပ်ပေးတဲ့ အကဲဖြတ် လူကြီး တွေနဲ့ပဲဆိုင်ပါတယ်၊ လူကြီးတွေပေးရင်ရမယ်။ မပေးရင်မရဘူးပေါ့'' လို့ သူက ဆိုပါတယ်။
play

သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့ အခုလက်ရှိမှာ Golden Hope ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ "ကိုရင်မောင် မရွှေမ " ဗီဒီယို ဇာတ်ကား ကို သရုပ်ဆောင်နေတိုးနဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။အိမ်ထောင်ရေး ဇာတ်ကားဖြစ်ပြီး ကလေးနှစ်ယောက်ရဲ့ အမေ တစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
Photo : အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

Post a Comment

 
Top