0
တစ်မိနစ်ကို ကျောင်းသားနှစ်ဦးနှုန်းနဲ့ ထုတ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

၂၀၁၇ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူတွေရဲ့အမှတ်စာရင်းတွေကို အောင်စာရင်းထွက်ပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ)၊ ဇွဲကပင်ဆောင်နဲ့  နေပြည်တော်၊ ရုံးအမှတ် (၅၂)မှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
အမှတ်စာရင်းတောင်းတဲ့နေရာမှာ ဖြေဆိုသူနာမည်နဲ့ ခုံနံပါတ်လိုအပ်မှာဖြစ်ပြီး ဖြေဆိုသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလာရောက်ထုတ်ယူနိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးတစ်ဦးက ပြောပါတယ်။
‘‘အောင်စာရင်း ထွက်ပြီးရင်အမှတ်စာရင်းကို မြန်မြန်သိချင်ကြတာပဲဆိုတော့ အောင်စာရင်းထွက်ပြီး တစ်ပတ်အတွင်း အမှတ်စာရင်းစထုတ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်’’လို့ အဆိုပါညွှန်ကြားရေးမှူးက ပြောပါတယ်။play
အမှတ်စာရင်းများထုတ်ယူရာမှာ အမှတ်စာရင်းတောင်းခံလွှာနဲ့ တံဆိပ်ခေါင်းဖိုးအတွက် ကျပ် ၄၀ဝ ပေးသွင်းရမှာဖြစ်ကာ ပျမ်းမျှအနေနဲ့ တစ်မိနစ်အတွင်း ကျောင်းသားနှစ်ဦးရဲ့အမှတ်စာ ရင်းကို ထုတ်ပေးနိုင်ဖို့ လျာထားဆောင်ရွက်မယ်လို့ သိရပါတယ်။
အရင်နှစ်တွေတုန်းကတော့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ)မှာ အမှတ်စာရင်းထုတ်ဖို့ ပွဲစားတွေအတွက် ဈေးကွက်တစ်ခုပေါ်ပေါက်ခဲ့လို့ ဒီနှစ်မှာ အဆိုပါပွဲစားတွေ  အခြေပြုလှုပ်ရှားတတ်တဲ့  မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနရုံးရှေ့က ဈေးဆိုင်တွေကို ဖယ်ရှားထားမယ်လို့ ဆိုပါတယ်။
အမှတ်စာရင်းထုတ်ယူသူတွေ သတင်းအချက်အလက် ပွင့်ပွင့်လင်းလင်း မြင်သာမှုရှိဖို့ အမှတ်စာရင်းထုတ်ယူမှုနဲ့ပတ်သက်တဲ့ ကြေညာချက်တွေကို ကပ်ထားမယ်လို့ ဆိုပါတယ်။
Source & Photos : 7DayDaily

Post a Comment

 
Top