0
အ​မေရိကန်​နိုင်ငံမှာ ​Hoover Dam ကြီး​ဆောက်​​တော့ ​ဆောက်​လုပ်​တဲ့ကာလအတွင်း လုပ်​ငန်းခွင်​မှာ လူ​ပေါင်း ၁၁၂ ​ယောက်​​သေပါတယ်​။
.ပထမဆုံး​သေတဲ့သူက John Gregory Tierney ဆိုတဲ့သူပါ။ ဆာ​ဗေးလုပ်​ရင်း Colorado မြစ်​ထဲ​မြောသွားတာပါ။ ၁၉၂၂ ဒီဇင်​ဘာ ၂၀ မှာ​သေပါတယ်​။
.​နောက်​ဆုံး​သေတဲ့သူက​တော့ အဲဒီ​နေ့ရဲ့​နောက်​ ၁၃ နှစ်​တိတိ ၁၉၃၅ ဒီဇင်​ဘာ ၂၀ မှာ Patrick William Tierney ဆိုတဲ့သူ​အမြင့်ကပြုတ်ကျပြီး​​သေပါတယ်​။
.သူဟာ ပထမဆုံး​သေခဲ့
John Gregory Tierney ရဲ့သားလည်းဖြစ်​ပါတယ်​။



အောက်​တိုဘာ ၁၇၊ ၁၉၃၈ ခုနှစ်​ထုတ်​ Time မဂ္ဂဇင်းမှာပါခဲ့ဖူးတဲ့ ဖြစ်​ရပ်​မှန်​ပါ။
.1930 က Detroit မြို့မှာ Joseph Figlock ဆိုတဲ့သန့်​ရှင်း​ရေးသမားတ​ယောက်​က လမ်းမှာတံမြက်​စည်းလှည်း​နေရင်း တိုက်​တစ်​တိုက်​​အောက်​အ​ရောက်​မှာ​တော့ သူ့အ​ပေါ်ကို ​လေးလွှာပြူတင်း​ပေါက်​က​နေ က​လေးတစ်​​ယောက်​ပြုတ်​ကျလာခဲ့ပာသတဲ့။ ကံ​ကောင်းစွာနဲ့ပဲ က​လေး​ကော Figlock ပါ အနည်းငယ်​ထိခိုက်​တာကလွဲလို့ အသက်​အန္တရာယ်​ကလွတ်​ခဲ့ပါတယ်​။
.ဒီလိုနဲ့​နောက်​တစ်​နှစ်​အကြာ Figlock တစ်​​ယောက်​ ထုံးစံအတိုင်း လမ်းမှာ​​တံမြက်​စီးလှည်း​နေတုန်း အဲလိုပဲ ​နောက်​ထပ်​က​လေးတစ်​​ယောက်​သူ့အ​ပေါ်ကို ထပ်​ပြီးပြုတ်​ကျလာတာနဲ့ကြုံရပြန်​ပါတယ်​။ ဒီတစ်​ခါလည်း ၂ ​ယောက်​လုံး အသက်​ရှင်​ခဲ့ပါသတဲ့ဗျား....



 2006 ခုနှစ်​က Copious ဆိုတဲ့ ငါးဖမ်းသ​င်္ဘော​ပေါ်က Mark Anderson ဆိုသူဟာ ပင်​လယ်​ထဲမှာ​မျောလာတဲ့ စာထည့်​ထားတဲ့ ပုလင်းတစ်​လုံးဆယ်​ယူရရှိခဲ့ပါတယ်​။ အဲဒီအထဲကစာဟာ လွန်​ခဲ့တဲ့ ၉၂ နှစ်​တုန်းက​ရေးထားတဲ့စာဖြစ်​ပြီး ပုလင်းထဲက သက်​တမ်းအရင့်​ဆုံးစာကို ရှာ​ဖွေ​တွေ့ရှိမှု ( Oldest message in a bottle ever recovered ) အဖြစ်​ ဂင်းနစ်​စံချိန်​တင်​ခဲ့ပါတယ်​။
.2012 ခုနှစ်​မှာ Mark Anderson ရဲ့စံချိန်​ကို Andrew Leaper ဆိုသူက ချိုးပြီး​နေရာယူခဲ့ပါတယ်​။ သူရှာ​တွေ့ခဲ့တဲ့ပုလင်းထဲကစာ​က​တော့ လွန်​ခဲ့တဲ့ ၉၈ နှစ်​က​ရေးထားတဲ့စာပါ။
.Mark Anderson နဲ့ Andrew တို့ဟာ သူငယ်​ချင်း​တွေဖြစ်​ပြီး Copious သ​င်္ဘောနဲ့ပဲ North sea ထဲ ငါးဖမ်းထွက်​ရင်းရှာ​တွေ့ခဲ့တာပဲဖြစ်​ပါတယ်​။






2003 ခုနှစ်​က အသက်​ ၆၇ အရွယ်​ Dorothy Fletcher ဆိုသူအမျိုးသမီးကြီးဟာ အင်္ဂလန်​နိုင်​ငံ မန်​ချက်​စတာမှ အ​မေရိကန်​နိုင်​ငံ ဖ​လော်​ရီဒါက သူ့သမီး မင်္ဂလာ​ဆောင်​ကိုတက်​ဖို့ ​လာရင်း ​လေယာဉ်​​ပေါ်မှာ heart attack ရခဲ့ပါတယ်​။
.​လေယာဉ်​မယ်​​တွေက ​လေယာဉ်​​ပေါ်မှာဆရာဝန်​ပါရင်​ လူနာကိုကြည့်​​ပေးဖို့ အကူအညီ​တောင်းရာ တိုက်​တိုက်​ဆိုင်​ဆိုင်​ပဲ ​လေယာဉ်​​ပေါ်မှာ ဆရာဝန်​ ၁၅ ​ယောက်​​တောင်​ပါလာပါသတဲ့။
.ကံ​ကောင်းစွာနဲ့ပဲ အဲဒီဆရာဝန်​ ၁၅ ​ယောက်​စလုံးဟာလည်း နှလုံးအထူးကု​တွေပါတဲ့ဗျား..





Post a Comment

 
Top