0
ဆေးပြား ၁၅ ပြားမိလို့ ထောင်ကျနေတဲ့ ၁၉ နှစ်အရွယ်ကလေးမလေး အိုးဘိုထောင်ကနေ ဆယ်တန်းစာမေး ပွဲဖြေတာ ဂုဏ်ထူး ၃ ဘာသာတောင်ပါသတဲ့။
ဒါပေမဲ့ အဲဒီဆေးပြား ၁၅ ပြားအတွက် ကလေးမလေး ကျခံရမယ့်ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်တဲ့။ ဆေးပြား ၁၅ ပြား နဲ့ထောင်ဒဏ် ၁၀ နှစ်ဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတတယ်လို့ ထင်ပါသလား။

ဆယ်တန်းကို ထောင်ထဲကနေ ဂုဏ်ထူးသုံးဘာသာနဲ့ အောင်အောင်ဖြေဖို့ဆိုတာ တော်တန်ရုံ ဇွဲနဘဲ ဥာဏ် ရည်နဲ့ မရပါ ဘူး။ အမေရိကန်တရားသူကြီးတစ်ယောက် ရေးထားတဲ့စာ အုပ်တစ်အုပ်သတိရတယ်။
တရားစီရင်ရေးဟာ ဦးနှောက်တစ်ခုတည်းအသုံးပြုရတဲ့ စာအုပ်ကြီးဆန်ဆန် အလုပ်မဟုတ်ကြောင်း သူ့ဘဝတ လျှောက် လုံး ချခဲ့တဲ့ စီရင်ချက်တွေကို နောက်ခံထားပြီုးပြန်ရေးထားတာ။ အလွန် ဖတ်လို့ကောင်းတယ်။

ဟုတ်ကဲ့ ကျနော်တို့ဆီမှာတော့ ကွန်တိန်နာအစီးလိုက် တို့ သင်္ဘောအစီးလိုက်တို့ မိပေမဲ့ ပိုင်ရှင်မဲ့ဖြစ်နေတတ် ပြီး ဆေးပြား ဆယ်လုံး/ ဆယ့်ငါးလုံး မိတဲ့သူကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရပါရောလား။
ဥပဒေပြုရေးမဏ္ဍိုင်က အမတ်များခင်ဗျား တစ်ဖက်က ငြိမ်းချမ်းရေးဆွေးနွေးတာလည်း ဆွေးနွေးတာပေါ့။ တစ်ဖက် ကလည်း တည်ဆဲဥပဒေတချို့ ဆိုးဆိုးရွားရွား ဖြစ်နေရင် ပြင်လို့ရပါတယ်ခင်ဗျား။
Crd @ Y.K.T.R

Post a Comment

 
Top