လွင်မိုး
တခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အကယ်ဒီလွင်မိုးက အခုအချိန်မှာ အနုပညာ အလုပ်တွေမလုပ်တော့ပဲ စီးပွားရေးကိုပဲအာရုံစုံလုပ် ဖြစ်နေတယ် လို့သိရပါတယ်။ လက်ရှိမှာတော့ သူရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက ဓာတ်ပုံနဲ့ကြော်ငြာမော်ဒယ် အနေနဲ့ပဲ အနုပညာ လူပ်ရှားတွေလုပ်ကိုင်နေပြီး ပရိသတ်အားပေးမူရရှိထားသူတစ်ဦးပါ။ သူမနဲ့ပတ်သတ်ပြီး ဖခင်လွင်မိုး က Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ်။
“ခေးခေး က တော်တယ် သူလည်း အနုပညာ အလုပ်တွေဝါသနာပါတယ်။ ကျွန်တော်တို့က မိဘတွေဆိုတော့ သူတို့ဖြစ်ချင်တာတွေကို ပံ့ပိုးရုံပဲ ရှိတာပေါ့။ သူတို့ကို ငယ်ငယ်လေးကတည်းက အမှား အမှန်ခွဲခြားနိုင်တဲ့ စိတ်လေးရှိအောင်မိဘတွေအနေနဲ့ ပြောပြပေးတယ်။ အခုတော့ ဩစတျေးလျမှာ ကျောင်းတက်နေတယ်။ ရန်ကုန်ကိုပြန်လာလိုက် သွားလိုက်ပါပဲ။
သူက စီးပွားရေးပိုင်းကို ပိုပြီး စိတ်ဝင်စားတယ်လို့ တော့သိရတယ်။ ဘာပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ကတော့ သူတို့ဖြစ်ချင်တာတွေကို ပံ့ပိုးပေးသွားမှာပါ” လို့ပြောပါတယ်။ ကျောင်းပြီးသွားရင် ယွန်းဝတီလွင်မိုးကို မင်းသမီးအဖြစ် မြင်ရဖို့ရှိလားဆိုတော့ ” သူလုပ်ချင်တာတော့ ပေးလုပ်မှာပါ။ အဓိကက သမီးရဲ့ စိတ်ပဲပေါ့။ သူက စီးပွားရေးဘက်ကို ပိုစိတ်ဝင်စားတယ် ဆိုတော့ ကျွန်တော်လည်း ဝမ်းသာရတာပေါ့။
အမှန်တိုင်းပြောရရင် မင်းသမီးတော့ မလုပ်စေချင်ဘူး ဘာလို့လဲ ဆိုတော့ ကျွန်တော်လည်း အရင်က သရုပ်ဆောင်လုပ်ခဲ့ဖူးတယ် ဆိုတော့ အဲ့ဒီဘဝက အရမ်းပင်ပန်းမှန်းသိတယ် အဲ့ဒါကြောင့်ပါ။ ဒါပေမယ့် သူအရမ်းဝါသနာပါတယ်ဆိုရင်တော့တမျိုးပေါ့။ ကျွန်တော်က ဖခင်တစ်ယောက်ရဲ့မေတ္တာစိတ်နဲ့ သားသမီးပင်ပန်းမှာတော့ ဘယ်မြင်ချင်ပါ့မလဲဗျာ။ အခုတော့ သူအားတဲ့အချိန် ကြော်ငြာတွေဘာတွေကတော့ သူအမေနဲ့တိုင်ပင်ပြီးလုပ်နေတာပဲလေ” လို့ပြောပါတယ် ။ လွင်မိုးက လက်ရှိမှာတော့ ရုပ်ရုင်စုံ ၁၀၀ စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွတ်လျက်ရှိတယ် လို့သိရပါတယ် ။
by Baby ThanOo ( Myanmar Celebrities )