ရာဇ၀တ်မှုတွေ ရှားပါးလာသလို၊ ထောင်ချရမယ့်လူတွေလည်း နည်းလာတာကြောင့် နယ်သာလန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ အကျဉ်းစခန်းတွေကို တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ပိတ်ပစ်လာရခြင်းပါ။ ၂၀၁၆ ခုနှစ်မှာ အကျဉ်းထောင် ၅ ခုကို ပိတ်ပစ်ခဲ့ရသလို၊ ၂၀၀၉ ခုနှစ်မှာ ၈ ခု၊ ၂၀၁၄ မှာ ၁၉ ခု အသီးသီးပိတ်ပစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေဟာ တစ်ဖက်ကကြည့်ရင် သိပ်ကောင်းတဲ့ အချက်တစ်ခုဖြစ်ပေမယ့် အကျဉ်းထောင်ဝန်ထမ်း ၁၉၀၀ ခန့်ကတော့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ရာဇ၀တ်မှု ကျူးလွန်သူ အရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုနည်းပါးလာနေပြီး ၂၀၂၁ ခုနှစ်မှာဆိုရင် ထောင်ခန်း (Prison Cells) ၃၀၀၀ ခန်နဲ့ လူငယ်ပြုပြင်ရေးစခန်း ၃၀၀ ခန့်ကို ပိတ်ပစ်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် အိမ်နီးချင်းနော်ဝေနိုင်ငံမှာတော့ ဒီပြဿနာနဲ့ ပြောင်းပြန်အခြေအနေ ကြုံတွေ့နေရတာပါ။ သူတို့ကတော့ ရာဇ၀တ်မှုနဲ့ အကျဉ်းထောင် လောက်ငမှုမရှိတာမို့ နှစ်စဉ်အကျဉ်းသား ၁၀၀၀ ခန့်ကို နယ်သာလန် အကျဉ်းထောင်တွေဆီ တင်ပို့နေရတယ်လို့ ဆိုပါတယ်။ ဒီလိုအကျဉ်းထောင်တွေ အများအပြားပိတ်ပစ်ရခြင်းဟာ ဘယ်လိုရှုထောင်မျိုးကပဲကြည့်ကြည့် သတင်းကောင်းတစ်ပုဒ်ဖြစ်ပြီး နိုင်ငံရဲ့အသုံးစရိတ်တွေကိုလည်း ပိုမိုလျှော့ချနိုင်သလို အကျဉ်းစခန်းတွေအပေါ်မှာ အသုံးပြုရတဲ့ ငွေတွေကို အခြားနေရာတွေမှာ လှည့်ပြောင်းအသုံးပြုလာနိုင်ပါလိမ့်မယ်။
Credit: momolay
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.