0

ပင်လယ်ကြမ်းပြင်အောက်ဆုံးမှာ နာရီ ၆၀ ထိ ရေငန်တွေသောက်ပြီး အသက်မသေပဲ ကံကောင်းခဲ့တဲ့ သူ ( အောက်မှာ ဗီဒီယိုဖိုင် တင်ပေးထားပါတယ် ) ဒီအဖြစ်အပျက်ဟာ ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့က အတ္တလန္တိတ်သမုဒ္ဒရာ ထဲမှာ နစ်မြုတ်ခဲ့တဲ့ Harrison Okene သင်္ဘော မှ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ဒီ နိုင်ဂျီရီးယား သင်္ဘောအပျက်ထဲကနေ သေဆုံးသူတွေရဲ့ အလောင်းကို ဆယ်ယူဖို့ ကြီုးစားရင်း အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထူးဆန်းစွာ အသက်မသေပဲ တွေရှိခဲ့ရတာပါ ။

သူဟာ ဒီသင်္ဘောအပျက်ကြီးထဲမှာ ၃ ရက်တိတိ ရေငန်တွေသောက်ကာ လေအိတ်တွေ တွေ အကူအညီနဲ့ သမုဒ္ဒရာ ကြမ်းပြင်မှာ နေထိုင်ခဲ့ပါတယ်။ သင်္ဘောနစ်မြုတ်ပြီး လေအိတ်တွေကို ရှာတွေ့ခဲ့တာဟာ သူ့အတွက် အင်မတန်ကံကောင်းခဲ့တယ်လို့ ဆိုပါတယ်။သူ့ ကို ရေအောက် ပေ၁၀၀ အနက်မှာ ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့တာပါ ။ ဒီအဖြစ်အပျက် ဒီပို့စ်ကို လေယာဉ်ပျက်ကျခြင်း ဖြစ်ရပ်လို့ ထင်ယောင်ထင်မှားဖြစ်စေအောင် တင်ပြခြင်းမဟုတ်ပဲ ဒီလို အသက်မသေနိုင်သူတွေ ရှိလာနိုင်တယ်ဆိုတာမျိုး မျှော်လင့်ခြင်းများနဲ့ တင်ပြခြင်းဖြစ်ပါတယ်။

ဒီအဖြစ်မျိုးကို ကြည့်ခြင်းအားဖြင့် ဒီရက်ပိုင်းအတွင်း တပ်မတော် လေ မှ Y-8 လေယာဉ်ပျက်ကျမှုကြောင့် ပင်လယ်ထဲ ထိုးဆင်းသွားခဲ့တဲ့ လေယာဉ် အတွင်းမှာ ဒီလို ကံကောင်းနိုင်တဲ့သူတွေ ရှိလာနိုင်ပါစေလို့  မျှော်လင့်ဆုတောင်းမိပါတယ် ..... ။။

ရုပ်သံကြည့်ရှုရန်>>>


Post a Comment

 
Top