0
ဘာစီလိုနာအသင်းဟာ မက်ဆီလက်သစ်အဖြစ် တင်စားခြင်းခံနေရတဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဒမ်ဘီလီကိုခေါ်ယူဖို့ ကြိုးစားလျက်ရှိကြောင်း သိရပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိမက်ဆီရဲ့နေရာမှာ အသင့်အစားထိုးနိုင်တဲ့ အနေအထားမှာရှိပါတယ်။

Gbiked9wzmcluw0dgc2c

အသက်၂၀သာရှိသေးတဲ့ ဒမ်ဘီလီကို ပြီးခဲ့တဲ့နှစ်ကတည်းက ရန်းနက်စ်ကနေခေါ်ယူဖို့ ဘာစီလိုနာအသင်း ကြိုးစားခဲ့သေးပေမယ့် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွား ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒမ်ဘီလီဟာ နည်းပြတူချယ် ထွက်ခွာသွားလို့ စိတ်ပျက်နေပြီး အသင်းပြောင်းဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

Mhyqyop8c8grkltw5mwm

ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ မက်ဆီလက်သစ်ဖြစ်တဲ့ ဒမ်ဘီလီကိုခေါ်ယူဖို့ အစီအစဉ်များ ရေးဆွဲလျက်ရှိပြီး ပေါင်သန်း၅၀အထိ သုံးစွဲသွားဖွယ်ရှိကြောင်း သိရသည်။ ဒမ်ဘီလီဟာ မက်ဆီလို ကမ္ဘာ့အဆင့် မရှိသေးပေမယ့် ကစားပုံမှာ မက်ဆီနဲ့ဆင်တူပြီး ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသူပါ။ သူ့ရဲ့ဂိုးသွင်းစွမ်းရည်၊ ဖန်တီးမှုစွမ်းရည်တွေကို အောက်ကဗီဒီယိုဖိုင်မှာ ကြည့်ရှုလိုက်ဦးနော်။


Post a Comment

 
Top