0
Cartivator လို့ လူသိများတဲ့ တိုယိုတာ ကားကုမ္ပဏီ အင်ဂျင်နီယာတွေ ပါဝင်တဲ့ အင်ဂျင်နီယာ ၃၀ ဦးအဖွဲ့ဟာ ပျံသန်းနိုင်မယ့်ကားကို စွန့်ဦးတီထွင်မယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ Skydrive လို့ခေါ်တဲ့ ကောင်းကင်ပေါ်မှာ မောင်းနှင်နိုင်မယ့် ကားကို တီထွင်ဖန်တီးဖို့တိုယိုတာ ကုမ္ပဏီဆီကနေ ထောက်ပံ့မှုတွေ ရရှိထားခဲ့တာပါ။

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ဂျပန်အိုလံပစ်ပြိုင်ပွဲရဲ့ အခမ်းအနားဖွင့်ပွဲမှာ Skydrive ကားကို ထုတ်ဖော်ပြသဖို့ ရည်ရွယ်ထားကြပါတယ်။ လက်ရှိအချိန်ကတော့ ကားတီထွင်မှု အစပျိုးနေတဲ့ အချိန်ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ဈေးကွက်ထဲ ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Cartivator အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Tsubasa Nakamura ကတော့ သူတို့ တီထွင်မယ့်ကားဟာ အနည်းငယ်သာလျှင်ပျံသန်းနိုင်ဦးမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်ပိုင်းလောက်မှာမှ ကောင်းမွန်စွာ ပျံသန်းနိုင်မှာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

Toyota Motor ကားကုမ္ပဏီဟာ ဒီစီမံကိန်းအတွက် ပေါင် ၃ သိန်းလောက် ရင်းနှီးမြှပ်နှံဖို့ သဘောတူထားပြီး သူတို့ရဲ့ ပြိုင်ဖက်ကုမ္ပဏီတွေကလည်း ဒီလိုကားမျိုးတွေထုတ်ဖို့ စီမံနေကြတာပါ။


source: stl.news

Post a Comment

 
Top