ကျွန်မတို့
မြန်မာလူမျိုးများရဲ့အလေ့အထတစ်ခုက မနက်စာကို ကိုယ်တိုင်အိမ်မှာ ပြင်ဆင်ပြီး
စားတာထက် မနက်ဈေး၊ လက်ဖက်ရည်ဆိုင်၊ စားသောက်တန်း နဲ့ ရပ်ကွက်ထဲ
လှည့်ရောင်းတဲ့ ဈေးသည်တွေဆီကနေ ဝယ်စားကြတာများပါတယ်။ တိုင်းရင်းသား
လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့အတွက် မနက်စာဟာ ဆိုရင်လည်း တစ်နေရာနဲ့
တစ်နေရာ မတူညီ အနည်းငယ် ကွဲပြားမှုလေးတွေ ရှိပါတယ်။ ဒီထဲကမှ တစ်နိုင်ငံလုံး
အတိုင်းအတာအနေနဲ့ ထင်ရှားတဲ့ မြန်မာ့မနက်စာများကို ဖော်ပြပေးလိုက်ပါတယ်။
မြန်မာလူမျိုးတွေရဲ့ တစ်နေ့တာမှာ မပါမဖြစ်အရေးပါလှတဲ့ လက်ဖက်ရည်ကို မနက်မှာ အီကြာကွေး စမူဆာ ပလာတာ ထမင်းကြော် ပဲနံပြား စတာတွေနဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ လက်ဖက်ရည်ကို မှာယူသောက်သုံးတဲ့အခါမှာလည်း ချို့ဆိမ်၊့ ချိုပေါ၊့ ပေါ့ဆိမ်၊့ ကျဆိမ့် အစရှိသဖြင့် ကိုယ့်အကြိုက် သူ့အကြိုက် မှာယူသောက်သုံး တတ်ကြပါတယ်။

ကောက်ညှင်းပေါင်း ဆီထမင်း စတာတွေအပြင် နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ ပူဒီး၊ တိုရှည်၊ မန္တလေးမြီးရှည် စတဲ့မနက်စာ တော်တော်များများဟာ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်စွာ စားသုံးကြတဲ့ အစားအသောက်တွေ ဖြစ်တာမို့ မြန်မာလူမျိုးများနဲ့ အတူထာဝရရှင်သန်နေမယ့် မြန်မာ့မနက်စာတွေအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
Post a Comment