0

 ရှေးလွန်လေပြီးသောအခါက ''သီဟို၌'' ယခု ''သီရိလင်္ကာ'' နှိုင်ငံ ရာဇဝင်၌ ''မဟာဝံသ'' ''သီဟဗာဟု''မင်းဟူ၍ရှိခဲ့ဖူးလေသည်။
''ဝင်္ဂတိုင်း''ဖွား ''ဗင်္ဂလာ''မင်းသမီးတစ်ယောက်သည် ''ခြင်္သေ့''တစ်ကောင်နဲ့ရကာ တောတွင်းလှိုင်ဂှုတစ်ဂှု၌ နေလေသည်။
''ခြင်္သေ့''ကိုအကြောင်းပြု၍ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထွန်းကားလေသည်။
''ခြင်္သေ့''ကြီးသည် အစာရှာထွက်ချိန်၌ ဂှုပေါက်ဝ၌ ကျော်တုံးကြီးတစ်တုံး ပိက်ထားခဲ့၏။
''သီဟဗာဟု''(၁၆ )နှစ်သားအရွှယ်ရောက်သောအခါတွင်ကား ''ခြင်္သေ့''ကြီးနဲ့မနေလိုသဖြင့် ''အမေ''နဲ့နှမကိုခေါ်ကာ ကျောက်တုံးကြီးကိုဖွင့်ပြီး ထွက်ပြေးကြလေ၏။ ''ခြင်္သေ့''ကြီးသည် သားမယားပျောက်သွားသဖြင့် တောတောင်အနှံ့ လိုက်လံရှာဖွေရင်း ''မ'' စိတ်မွန်ကာ တောစွန်အုံးဖျားကျေးရွှာများကိုပင် ဖျက်ဆီးပစ်လေသည်။
ထိုအခါဘုရင်က ''ခြင်္သေ့''ကို နှိုင့်နှင်းနှိုင်မဲ့သူအား မောင်းကြေးနှင်းခပ်၍ ရှာဖွေစေရာ ''သီဟဗာဟု''ကတာဝန်ယူလိုက်လေသည်။ ''သီဟဗာဟု''သည် လေးနဲ့မြားကိုယူကာ ဖခင် ''ခြင်္သေ့''ကြီးကိုသတ်ရန် ထွက်ခဲ့လေသည်။
တောစပ်တစ်ခုအရောက်တွင် ဖခင်''ခြသေ့င်္''ကြီးနဲ့ ရင်ဆိုင်တွေ့ကြလေသည်။ ''ခြင်္သေ့''ကြီးကား မိဘ၏ ''မေတ္တာ''ဓာတ်ကြောင့် သားကိုမြင်မြင်ခြင်း အေးချမ်းသွား၏။
သားကိုချစ်သော ''မေတ္တာ''ဓာတ်တို့က ''ခြင်္သေ့''ကြီးတစ်ကိုယ်လုံးတွင် ပျံနံလျှက်ရှိလေ၏။
ဤသည်ကား ''ဘာဝနာ'' အဆင့်သို့ရောက်သော ''မေတ္တာ''ဓာတ်မဟုတ်သေးချေ ''ဂေဟဿိတပေမ''ခေါ်အိမ်တွင်းမိသားစုခြင်းထားသော ''မေတ္တာ''အဆင့်သာရှိသေး၏။ ထို''မေတ္တာ''၏စွမ်းရည်သည်ပင်ကြီးမားလှ၏။ အဘယ်ကြောင့်ဆိုသော်…''သီဟဗာဟု''ပစ်လိုက်သောမြားတံတို့သည်။''ခြင်္သေ့''ကြီးဆီသို့မရောက်ပဲ ''သီဟဗာဟု''ခြေရင်း၌သာသုံးကြိမ်တိုင်တိုင်ပင် ပြန်ကြ၏။
သုံးကြိမ်တိုင်တိုင် ပြစ်ပြီးသောအခါတွင်ကား ''ခြင်္သေ့''ကြီးသည် ''ဒေါသ''ဖြစ်သွား၏။''ဒေါသ''ဖြစ်သွားသည်နဲ့ ''မေတ္တာ''ဓာတ်တည်းဟူသော အန္တရယ်ကိုကာကွယ်သည့် ချပ်ဝတ်တန်ဆာသည် ပြုတ်ကြသွားလေ၏။ ''ဒေါသ''ဖြစ်ပြီး''ခြင်္သေ့''ကြီးကဟိန်းလိုက်ချိန်မှာပင် ''စတုတ္ထ''အကြိမ်မြောက်ပြစ်လိုက်သော ''သီဟဗာဟု''၏မြားတံသည် ''ခြင်္သေ့''ကြီး၏ ငယ်ထိပ်သို့စူးဝင်ကာ ထိုနေရာမှာပင်သေသွားလေ၏။
ဘုရင်သည်အားရနှစ်သက်တော်မှုသဖြင့် ''သီဟဗာဟု''ကိုမင်းအဖြစ်မြောက်စားလေသည်။မင်းဖြစ်သောအခါတွင် ခေါင်းကိုက်သည့် ''ရောဂါ''မကြာခဏဖြစ်သဖြင့် ''ပညာ''ရှိတို့အားမေးမြန်းကြည့်ကြသောအခါ ဖခင်ကိုသတ်ခဲ့သော အကုသိုလ်ကံကြောင့်ဖြစ်သည်။ထိုအပြစ်တို့ပြေပျောက်စေရန် ''ခြင်္သေ့''ရုပ်ထုဆစ်ပြီးကန်တော့ရမည်ဟု ဆိုကြလေသည်။
ထိုကြောင့်…''စေတီ''တစ်ဆူတည်ကာ ''ခြင်္သေ့''ရုပ်ပါထုဆစ်ပြီးကန်တော့ကြလေ၏။ထိုအဖြစ်မှအစတည်ကာ ''ဘုရား''တည်သောအခါ ''ခြင်္သေ့''ရုပ်ပါသောအလေ့အထဖြစ်လာခဲ့ကြသည်ဟုဆိုကြလေသည်။

''မေတ္တာရှင်'' [ရွှေပြည်သာ] ၏…
''မြန်မာ''တို့ရဲ့အသက်''စာအုပ်မှပြန်လည်ခံစားမျှဝေပါသည်။

အခြားမူခွဲတစ်မျိုး
 
စေတီတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပ္ပာယ်အမှန်
စေတီတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပါယ်အမှန် ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်… ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကို လိုက်ပါတယ်… ခြသေ့င်္နဲ့ မတူပါ… ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်… ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့မဖြစ်အောင် အပြီးသတ်ပါတယ်… အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ)သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ… လုပ်လို့လည်းမရပါ… ခန္ဓာဟူသော ဒုက္ခသစ္စာဆိုတဲ့ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ… ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ… မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ… ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ… ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ်။ အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်… ဒီသဘောကိုပဲ ခြသေ့င်္နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ… ဆရာတော် ………… အရှင် ကောသလ္လ (ဓမ္မစေတီ ဆရာတော်)

Post a Comment

 
Top