0
သိပ္ပံပညာတွေအလွန်ထွန်းကားနေတဲ့ ယနေ့မော်ဒန်ခေတ်မှာ အဏုမြူစွမ်းအင်းကို လောင်စာအဖြစ်အသုံးပြုနေကြပေမယ့် လူမှုပတ်ဝန်းကျင်ရဲ့အခြေခံကျဆုံးလောင်စာ ကျောက်မီးသွေးကိုတော့ ပစ်ပယ်လို့မရသေးပါဘူး။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေကလည်း ကျောက်မီးသွေးကို ထုတ်လုပ်နေကြဆဲဖြစ်ပြီး သိုလှောင်ထားတဲ့ပမာဏတွေလည်းအများကြီးရှိကြပါ
တယ်။ကျောက်မီးသွေးကို စွမ်းအင်ရဲ့အခြေခံပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြပြီး ကျောက်မီးသွေးဟာ လျှပ်စစ်(၄၀)ရာခိုင်နှုန်းကျော်ထုတ်လုပ်ပေးပါတယ်။ စစ်တမ်းတစ်ရပ်အရ ၂၀၁၇-၁၈ မှာ ကမ္ဘာပေါ်မှာ ကျောက်မီးသွေးတန်ချိန်ပေါင်း (၉၀၀)ဘီလီယံကျော် ထုတ်လုပ်ခဲ့ပြီး ကျောက်မီးသွေးထုတ်လုပ်မှုအများဆုံးနိုင်ငံ(၁၀)နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ ယူကရိန်း (တန် ၆၅သန်း)

ယူကရိန်းနိုင်ငံရဲ့ ကျောက်မီးသွေးထုတ်လုပ်မှုနှုန်းက ဥရောပမှာ အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့Top Tenမှာ စာရင်းဝင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေကထက် ထုတ်လုပ်မှုနှုန်းလျော့ကျသွားခဲ့ပြီး အထူးသဖြင့် ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်း Donetsk ပြည်နယ်မှာ ၃၀ရာခိုင်နှုန်းလောက်ကျဆင်းခဲ့ပါတယ်။ ယူကရိန်းတို့ဟာ သူတို့ရဲ့ကျောက်မီးသွေးထုတ်လုပ်မှုကုန်ကြမ်းတွေကို ရုရှားနဲ့ တောင်အာဖရိကတို့ကနေ တင်သွင်းတာလည်းဖြစ်ပါတယ်။
၉။ ကိုလံဘီယာ (တန် ၈၅ သန်း)

ကိုလံဘီယာရဲ့ အဓိကစီးပွားရေးက ကျောက်မီးသွေးထုတ်လုပ်ရောင်းချခြင်းဖြစ်ပါတယ်။ ကိုလံဘီယာမှာ ကျောက်မီသွေးနဲ့ပတ်သက်တဲ့ သယံဇာတတွေ၊ စက်ရုံတွေပေါ်သလို ပြည်ပကို (၉၅)ရာခိုင်နှုန်းအထိ တင်သွင်းပါတယ်။ နောက်ပြီး သူတို့မှာ နိုင်ငံတကာသတ္တုမိုင်တွင်းအေဂျင်စီလည်းရှိသလို တွင်းထွက်ပစ္စည်းထုတ်လုပ်မှုကိုလည်း အရှိန်အဟုန်မြှင့်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
၈။ ကာဇက်စတန် (တန် ၁၁၆,၆ သန်း)

ကာဇက်စတန်နိုင်ငံဟာ ကျောက်မီးသွေးထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံအပါအ၀င်ဖြစ်ပြီး ကျောက်မီးသွေးကနေ
စွမ်းအင်ကို (၈၅)ရာခိုင်နှုန်းအထိ ထုတ်လုပ်ကြပါတယ်။ ကာဇက်စတန်နိုင်ငံမှာ မိုင်တွင်း(၄၀၀)နီးပါးခန့်ရှိပြီး အဲဒီမိုင်
တွင်းတွေမှာ ကျောက်မီးသွေး တန်ချိန်ပေါင်း(၃၀)ဘီလီယံကျော်ကိုလည်း သိုလှောင်ထားကြပါတယ်။ အဲဒီမိုင်တွင်း
တွေမှာလည်း ထောင်ပေါင်းများစွာသော အလုပ်သမားတွေကိုလည်း ခေါ်ယူခန့်အပ်ထားပါတယ်။

၇။ တောင်အာဖရိက (တန် ၂၆၀ သန်း)

တောင်အာဖရိကဟာ ပြီးခဲ့တဲ့နှစ်က ကျောက်မီးသွေး တန်ချိန်ပေါင်း သန်း(၂၆၀)ထုတ်လုပ်ခဲ့ပါတယ်။ သူတို့တွေဟာ အိန္ဒိယ၊ တရုတ်၊ ဥရောပတို့ကို တင်သွင်းကြပြီး အဲဒီနိုင်ငံတွေရဲ့(၉၀)ရာခိုင်နှုန်းသော စွမ်းအင်တွေဟာ အာဖရိကနိုင်ငံရဲ့ကျောက်မီးသွေးပေါ် မူတည်နေတာဖြစ်ပါတယ်။ တောင်အာဖရိကဟာလည်း ကာဇက်စတန်လိုပဲ တန်ချိန်ပေါင်း(၃၀)ဘီလီယံလောက်ကို သိုလှောင်ထားပါတယ်။
၆။ ရုရှား (တန် ၃၅၄ သန်း)

ရုရှားနိုင်ငံဟာ ၂၀၁၆ခုနှစ်က ကျောက်မီးသွေးတန်ချိန်ပေါင်း (၃၀၀)ကျော်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ (၈၀)ရာခိုင်နှုန်းထုတ်လုပ်ကျောက်မီးသွေးအမျိုးအစားက ရေနွေးငွေ့ကျောက်မီးသွေးတွေဖြစ်ကြပြီး ကျန်(၂၀)ရာခိုင်နှုန်းကတော့ မီးမွှေးတဲ့ကျောက်မီးသွေးတွေဖြစ်ကြပါတယ်။ တစ်နှစ်ကို ကျော်မီးသွေးတန်(၁၂၀)သန်းကျော် တင်ပို့နေပြီး သိုလှောင်ထားမှုကလည်း တန်(၁၅၀)ဘီလီယံလောက်ရှိလို့ လာမယ့်နှစ်တွေမှာ ရုရှားဟာ ကမ္ဘာ့ထုတ်လုပ်မှုအများဆုံးနိုင်ငံတွေထဲမှာ ဦးဆောင်လာနိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။
၅။ အင်ဒိုနီးရှား (တန် ၃၈၆ သန်း)

အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာတင်မဟုတ် ကမ္ဘာမှာပဲ ကျောက်မီးသွေးထုတ်လုပ်မှုအများဆုံးနိုင်ငံထဲက တစ်နိုင်ငံအပါအ၀င်ဖြစ်ပါတယ်။ သူတို့ဟာ သိုလှောင်ထားတဲ့ ကျောက်မီးသွေး(၅)ဘီလီယံလောက်ရှိပြီး အာရှပြိုင်ဘက် သြစတြေးလျနဲ့ ကျော်မီးသွေးထုတ်လုပ်မှုမှာ အမြဲတမ်းအပြိုင်အဆိုင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ သြစတြေးလျက အင် ဒိုနီးရှားထက် နှာတစ်ဖျားသာသွားပြီး အဆင့်(၄)မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
၎။ သြစတြေးလျ (တန် ၄၁၃ သန်း)

သြစတြေးလျဟာ ကျောက်မီးသွေးသိုလှောင်ထားမှု တန်ချိန် (၇၀)ဘီလီယံကျော်ရှိပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ
ကျောက်မီးသွေးထုတ်လုပ်မှု ပိုမြှင့်တက်လာတာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာကို ပုဂ္ဂလိကပိုင်း ကျောက်မီးသွေးမိုင်
တွင်း(၁၀၀)ကျော်လောက်ရှိပြီး အဲဒီမိုင်းတွင်းတွေကနေ ကျောက်မီးသွေး(၇၄)ရာခိုင်နှုန်းလောက်ထွက်တယ်လို့
သိရပါတယ်။

၃။ အိန္ဒိယ (တန် ၆၀၅ သန်း)

အိန္ဒိယကတော့ ကမ္ဘာမှာ တတိယကျောက်မီးသွေးထုတ်လုပ်အများဆုံးနိုင်ငံဖြစ်ပါတယ်။ သူတို့တွေဟာ ကျောက်မီးသွေး ထုတ်လုပ်မှုမှ နိုင်ငံအတွက် (၈)ရာခိုင်နှုန်းလောက်သာ အသုံးပြုပြီး ကျန်တာတွေ အကုန်လုံးပြည်ပကိုပဲ တင်သွင်းပါ တယ်။ တရုတ်နဲ့ ဂျပန်တို့ကို အများဆုံးတင်သွင်းကြပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း သန်း(၁၆၀)ကျော်မယ်လို့သိရပါတယ်။ နောက်ပြီး သူတို့မှာ ကျောက်မီးသွေး တန်(၆၁)ဘီလီယံကိုလည်း သိုလှောင်ထားပါတယ်။
၂။ အမေရိကန် (တန် ၉၂၂ သန်း)

အမေရိကန်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ကျောက်မီးသွေးတန်ချိန်ပေါင်း (၉၂၂)သန်းထုတ်လုပ်နိုင်ခဲ့သလို ကမ္ဘာ့အနှံ့ကိုလည်း (၁၃)ရာခိုင်နှုန်း တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒါတောင် သူတို့ဟာ ကမ္ဘာမှာ အဆင့်(၂)ပဲချိတ်ပါတယ်။
အကြောင်းကတော့ ကျောက်မီးသွေးထုတ်လုပ်မှုကနေ နိုင်ငံအတွက်(၁၁)ရာခိုင်နှုန်းအသုံးပြုနေရသလို ပြည်တွင်းရဲ့လျှပ်စစ်(၃၇)ရာခိုင်နှုန်းကလည်း ကျော်မီးသွေးပေါ် အားကိုးနေရလို့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျောက်မီးသွေးသိုလှောင်ထားမှုက တန်(၂၃၇)ဘီလီယံခန့်ရှိပါတယ်။
၁။ တရုတ် (တန် ၃.၇ ဘီလီယံ)

လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)လောက်ကတည်းက တရုတ်ဟာ ကျောက်မီးသွေးထုတ်လုပ်မှုမှာ အများဆုံးနိုင်ငံအဖြစ်ရပ်တည်
နိုင်ခဲ့သလို တစ်နှစ်လျှင် ပျမ်းမျှ တန်(၃.၇)ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါတောင် သူတို့ရဲ့ထုတ်လုပ်မှုကနေ
ကျောက်မီးသွေးကို ပြည်ပသို့ တစ်ဝက်သာရောင်းချပြီး ကျောက်မီးသွေးသိုလှောင်ထားမှုက တန်(၁၁၃.၅)ဘီလီယံ
ခန့်အထိရှိပါတယ်။ လျှပ်စစ်စွမ်းအင်(၈၀)ရာခိုင်နှုန်းဟာ သူတို့ရဲ့ကျောက်မီးသွေးထုတ်လုပ်မှုအပေါ် မူတည်နေခဲ့ပါ
တယ်။

Source ; Worldstopbest.com

Post a Comment

 
Top