0

ဦးဖြိုးမင်းသိန်း၏လုပ်ရပ်များနှင့်ပတ်သက်၍ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ တော်ဝင်နှင်းဆီက လက်မခံသဖြင့် ဟစ်တိုင်တွင် ပြောင်းလဲပြုလုပ်မည်
------ ----- ----- ------ ------
ဦးဖြိုးမင်းသိန်း၏လုပ်ရပ်များနှင့်ပတ်သက်၍ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီက လက်မခံကြောင်း သတင်းရရှိသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ယနေ့ (ဇွန် ၂) မနက် ၁၀ နာရီတွင်ပြုလုပ်မည်ဟု မီဒီယာများအား ဖိတ်ကြားထားသော်လည်း တော်ဝင်နှင်းဆီသို့ ခန်းမကြိုတင် ငှားရမ်းရာတွင် မြောက်ဒဂုံ၊ ၄၈ ရပ်ကွက်ရှိ ဗထူးအိမ်ရာနှင့်ပတ်သက်၍ ရှင်းလင်းမည်ဟု ပြောထားသဖြင့် ရှင်းလင်းမည့် ကိစ္စရပ် အကြောင်းအရာ ကွဲလွဲနေသဖြင့် စားသောက်ဆိုင်ဘက်မှ လက်မခံခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ တော်ဝင်နှင်းဆီဘက်မှ ငှားရမ်းခပေးချေငွေ လေးသောင်း၏ ၂ ဆဖြစ်သော ကျပ် ရှစ်သောင်းပြန်အမ်းပေကြောင်း၊ သို့ရာတွင် ဦးဆောင်ရှင်းလင်မည့် ကိုမိုက်ကယ်မှ ငွေယူရန် ငြင်းဆန်ကြောင်း၊ သတင်စာရှင်းလင်းပွဲကို ယုဇနဟိုတယ်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း၊ ယုဇနဟိုတယ်ကလည်း လက်မခံသဖြင့် ယခုနောက်ဆုံး တာမွေမြို့နယ်ရှိ ပြည့်သူ့ဟစ်တိုင်တွင် ပြောင်းလဲလုပ်မည်ဟု ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

လင်းလင်းအောင်

Post a Comment

 
Top