0
 
အေစီမီလန်အသင်းရဲ့ လူငယ်ဂိုးသမားလေး ဒွန်နာရမ်မာဟာ အသင်းနဲ့စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ငြင်းပယ်လိုက်ချိန်မှာပဲ သူ့ကိုကမ်းလှမ်းတဲ့ အသင်းတွေ အများကြီးထွက်ပေါ် လာခဲ့ပါတယ်။ ဒွန်နာရမ်မာဟာ အသက်၁၆နှစ် အရွယ်ထဲက အေစီမီလန်အသင်းရဲ့ ပွဲထွက်ဂိုးသမားနေရာကို ရရှိခဲ့သူဖြစ်ပြီး အတိုင်းအတာတစ်ခုထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။
Zfyhhp03g1i2p09qq7r1
လက်ရှိအချိန်မှာလဲ သူ့အသက်ဟာ ၁၈နှစ်ကျော်သာ ရှိသေးတာကြောင့် ထိပ်တန်းအသင်းကြီးတွေက မျက်စေ့ကျနေတာဖြစ်ပါတယ်။ အစတုန်းက သူ့ကိုခေါ်ယူဖို့ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ တို့သာရှိခဲ့ပေမယ့် အေစီနဲ့စာချုပ်သစ် ချုပ်ဆိုဖို့ငြင်းပယ် လိုက်ချိန်မှာတော့ အသင်းတော်တော်များများဟာ သူ့ဘက်ကို မြှားဦးလှည့်လာကြပါပြီ။
Anmdd2qf4mupicvxxi8r
အဆိုပါအသင်းတွေထဲမှာ ရီးရဲမက်ဒရစ်၊ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ မန်ယူနဲ့လီဗာပူး၊ အေစီမီလန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ရိုးမား၊နာပိုလီ အစရှိတဲ့ ဥရောပထိပ်တန်း အသင်းတွေ တော်တော်များများ ပါဝင်နေပါတယ်။ ဒွန်နာရမ်မာဟာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ဖြစ်ပြီး အီတလီလက်ရွေးစင် အသင်းမှာလဲ ဘူဖွန်ရဲ့နေရာကို ဆက်ခံဖို့ အလားအလာ ကောင်းနေသူပါ။ အဆိုပါအသင်းတွေ အားလုံးထဲမှာတော့ ဂျူဗင်တပ်အသင်းက အသည်းအသန် ကြိုးစားနေတယ်လို့ သိရပါတယ်။

Post a Comment

 
Top