0

ရန်ကုန်မြို့မှာ နောက်ဖေးလမ်းကြား စီမံကိန်းတွေ အောင်မြင်ပြီးရင် မြေအောက်မြို့တော်ကို အကောင်ထည်ဖော်သွားမယ်လို့ မြိုတော်ဝန်ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့အား ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဇွန် ၁၇ ရက်နေ့က ကျောက်တံတားမြို့နယ် ၃၉ လမ်းနဲ့ ဆိပ်ကမ်းသာလမ်း ပန်းဥယျာဉ်နှင့် ကလေးအားကစားကွင်း ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
“ဒါကျနော် ကြိုပြောတာပါ။ လမ်းမကြီးတွေအောက်မှာ ကားပါကင်တွေ စီးတီးဟောတွေလုပ်မယ်။ နေချင်စဖွယ် မြေအောက်မြို့တော်အဖြစ် ဖန်တီးမယ်။ ဒါပေမယ့် ကျနော် မပိုင်သေးတာတွေရှိတယ်။ လျှပ်စစ်က ကျနော့်လက်ထဲမရောက်သေးတဲ့ အတွက် ကျနော်တိုက်နေရတုန်းပဲ။ လျှပ်စစ်ပိုင်ရင် ရေကြီးတာလည်း မကြောက်တော့ဘူး။ ကျနော် မြေအောက်မြို့တော်ကို ဖန်တီးမယ်”
အခုပြုလုပ်တဲ့ နောက်ဖေးလမ်းကြားစီမံကိန်းကိုတော့ ရပ်မိရပ်ဖ လမ်းသူလမ်းသားတွေနဲ့ မြိုနယ်က လွတ်တော်ကိုယ်စားလှယ်တွေက တို့အိမ်အဖွဲ့နဲ့ပေါင်းပြီး ကိုယ်ထူကိုယ်ထ ပြုလုပ်တာဖြစ်ပါတယ်။

Post a Comment

 
Top