0
ကမ္ဘာ့စီးပွားရေးဖိုရမ်က သူတို့ရဲ့ ခရီးသွားနဲ့ ကမ္ဘာလှည့်လုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်း အစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ သည်အစီရင်ခံစာ တစ် စိတ်တစ်ပိုင်းအဖြစ် အန္တရာယ်အများဆုံး နိုင်ငံ ၂၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ စာရင်းထဲမှာ အရှေ့တောင်အာရှက နှစ်နိုင်ငံ ဖြစ်တဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ပါ ဝင်နေပါ တယ်။
ထိုင်းဟာနိုင်ငံပေါင်း ၂၀ စာရင်းမှာ အဆင့် ၁၉ ရှိပါတယ်။ ယာလာ၊ ပတ္တာနီ၊ နာရာသီဝတ်နဲ့ ဆောင်ခလာဆိုတဲ့ ထိုင်း တောင်ပိုင်းက ပြည်နယ်အားလုံးဟာနိုင်ငံမှာ အန္တရာယ်အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း အကြမ်းဖက်မှုကြောင့် အဆိုပါနေရာတွေမှာ သေ ဆုံးမှု ၆၅၀ဝ ကျော်ရှိခဲ့ပါတယ်။ ဒေသအတွင်းမှာ စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။
စစ်တမ်းထဲမှာ တိုးရစ်တွေအတွက် အရှေ့တောင်အာရှရဲ့ အန္တရာယ်အများ ဆုံး နောက်တစ်နိုင်ငံက ဖိလစ်ပိုင်ဖြစ်ပြီး အ ဆင့် ၁၁ ဖြစ်ပါတယ်။ မကြာသေးမီက မနီလာ ကာစီနိုရုံတစ်ခုမှာ ပစ်ခတ်မှုနဲ့မီးလောင်မှုအပြင် ဆူလူကျွန်းနဲ့ တောင်ပိုင်း ဆူလူပင်လယ်ပြင်တစ်လျှောက်မှာ ပြန် ပေးဆွဲမှုတွေ မကြာခဏဖြစ်နေပါတယ်။ သည်ပြန်ပေးဆွဲမှုမှာ နိုင်ငံခြားသားတွေကို အဓိကထားလေ့ရှိပါတယ်။
နိုင်ငံ ၂၀ အတွင်း အရှေ့တောင်အာရှ နိုင်ငံ နှစ်ခုအပြင် တောင်အာရှက ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပါဝင်ပါတယ်။ အ ကြမ်းဖက်မှုတွေသာမက ရာသီဥတု ဆိုးရွားတာကလည်း ဘင်္ဂလားဒေ့ရှ်ကို အန္တရာယ်များတဲ့နိုင်ငံ ဖြစ်စေပါတယ်။ နိုင်ငံဟာ အပူပိုင်းမုန်တိုင်း၊ ရေကြီးရေလျှံမှုနဲ့ ငလျင်ဒဏ်စတဲ့ သဘာဝဘေးတွေကို မကြာခဏခံရလေ့ရှိတာကြောင့် အန္တရာယ် အများဆုံးနိုင်ငံ အဆင့် ၁၄ အဖြစ် သတ်မှတ်ခံရပါတယ်။
သည်လိုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ အစီရင်ခံစာဟာ ခေတ်နောက်ကျနေပြီး ဘက်လိုက်ကြောင်း၊ လက်ရှိတိုးတက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်ခြင်း မရှိ ကြောင်း ဝေဖန်ခဲ့ပါတယ်။
တိုးရစ်တွေအတွက် အန္တရာယ်အများဆုံးနိုင်ငံ ၂၀ ကတော့ (၂၀) ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၁၉) ထိုင်း၊ (၁၈) ဂျမေကာ၊ (၁၇) တောင်အာဖရိက၊ (၁၆) ဂွာတီမာလာ၊ (၁၅) ချေ့ဒ်၊ (၁၄) ဘင်္ဂလား ဒေ့ရှ်၊ (၁၃) မာလီ၊ (၁၂) လက်ဘနွန်၊ (၁၁) ဖိလစ်ပိုင်၊ (၁၀) ယူကရိန်း၊ (၉) ဟွန်ဒူးရပ်စ်၊ (၈) ကင်ညာ၊ (၇) အီဂျစ်၊ (၆) ဗယ်နီဇွဲလား၊ (၅) နိုင်ဂျီးရီးယား၊ (၄) ပါကစ္စတန်၊ (၃) အယ်လ်ဆာဗေးဒိုး၊ (၂) ယီမင်၊ (၁) ကို လံဘီယာ။


ref: Stuff

Post a Comment

 
Top