0

၁၈-၆-၂၀၁၇

(၁၇-၆-၂၀၁၇)ရက်နေ့(၀၉၁၀)အချိန် ဒေါ်..... (၂)လမ်း ၊ ချောင်းကူငယ်ရပ်၊ ကလွင်ကျေးရွာအုပ်စု၊ မြိတ်မြို့နေသူသည် သမီးဖြစ်သူ မ.....(၁၆)နှစ်၊ (ဘ)ဦးသောင်းရွှေ၊ ပဉ္စမတန်းကျောင်းသူ မှာ ဓမ္မတာသွေးမပေါ်သဖြင့် ကေသီပန်ဆေးတိုက် ကျွေးခဲ့ရာ ဓမ္မတာသွေးပြန်ပေါ်လာပြီး မ....မှာ အသားအရေဖြူဖတ်ဖြူရော်ဖြစ်နေသဖြင့် မိခင် ဖြစ်သူ ဒေါ်.......မှ သမီးဖြစ်သူ မ.....အား မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့သို့မေးမြန်းချက်အရ သမီးဖြစ်သူ မ.....သည် ဒေါ်......၏ခင်ပွန်းဖြစ်သူ ဦးသောင်းရွှေ(၅၁)နှစ်၊ (ဘ) ဦးလူမဲ၊ ရေလုပ်ငန်း၊ ချောင်းကူးငယ်ရပ်၊ ကလွင်ကျေးရွာအုပ်စု၊ မြိတ်မြို့နေသူ(မ...၏ဖခင်) တို့ သင်္ကြန်ပြီးသည့်လက နေအိမ်တွင် လူများ မရှိခိုက် ခန်းစီးကာရံထားသော အခန်းတွင် အရက် မူးနေသော ဖခင်ဖြစ်သူမှ မ....အား နင်းနှိပ်ခိုင်း သဖြင့် နင်းနှိပ်စဉ် သားမယားအဖြစ်(၃)ကြိမ် ပြုကျင့်ခဲ့ကြောင်း သမီး ဖြစ်သူ၏ ပြောပြချက်အရ သိရှိရ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်.......သည် သမီးဖြစ်သူ မ.......အား သားမယားပြုကျင့်သော ခင်ပွန်းဖြစ်သူ သောင်းရွှေအား အရေးယူပေးပါရန် (၁၈-၆-၂၀၁၇)ရက်နေ့(၁၃၀၅) အချိန် တရားလို ပြုလုပ် တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်း(ပ) ၁၂၅၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲမှူး မြင့်လွင်မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

Post a Comment

 
Top