0

တရုတ်နိုင်ငံ တိရစ္ဆာန်ဥယျာဉ်တခုထဲမှာ မြည်းတကောင်ကို ကျား ၃ ကောင်ရဲ့ အစာအဖြစ် အရှင်လတ်လတ် ချကျွေးခဲ့တဲ့ အဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ချောင်ကျိုး တိရစ္ဆာန်ဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တိရစ္ဆာန်ရုံ အလုပ်သမားတွေဟာ မိုးကာအင်္ကျီတွေကို ဝတ်ဆင်ထားခဲ့ကြပြီး မြည်းတကောင်ကို ကျားတွေထားရာနေရာအနီး ရေကန်ထဲကို တွန်းချဖို့ ကြိုးစားနေခဲ့ကြတာကို တွေ့ရပါတယ်။
မြည်းဟာ ကြောက်လန့်တကြားနဲ့ အတင်းရုန်းကန်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ရေထဲကို ထိုးကျသွားခဲ့ရတာပါ။
ရေထဲမှာတော့ အသင့်စောင့်နေတဲ့ ကျား ၂ ကောင်ရှိနေပြီး မြည်းကို ကိုက်ဆွဲစားသောက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
မြည်းဟာ အန္တရာယ်ကနေ လွတ်မြောက်အောင် ကြိုးစားကူးခတ်ပြီး ကမ်းပေါ်ပြန်တက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ မခုခံနိုင်ဘဲ ဖြစ်နေခဲ့တာပါ။
ကမ်းပေါ်မှာလည်း ကျားတကောင်ရှိနေခဲ့ပြီး ကမ်းပေါ်ကနေ မြည်းကို ကိုက်ဆွဲဖို့ ကြိုးစားခဲ့ပြီးနောက်မှာတော့ ရေထဲကို ရောက်လာခဲ့ကြကာ မြည်းကို ကိုက်ဆွဲ တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဘာမှ ခုခံနိုင်စွမ်းမရှိတဲ့ မြည်းကို အချိန်နာရီဝက်လောက် အတွင်းမှာပဲ ကျားတွေက သတ်ဖြတ်ပစ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်

Post a Comment

 
Top