0
I6trdxuiw6s8kmb59fta
စင်ကာပူမှာရှိတဲ့ ဘောလုံးပရိသတ်တွေဟာ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ဒေါသထွက်နေကြပါတယ်။ အကြောင်းကတော့ လာမယ့်အင်္ဂါနေ့မှာ စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲကစားမယ့် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ မပါဝင်ခဲ့လို့ပါပဲ။
D3zwqthwpfqy9pvehkuo
မက်ဆီနဲ့ နောက်ခံလူ အော့တာမန်ဒီတို့ဟာ သူတို့တွေရဲ့ မင်္ဂလာပွဲ ကိစ္စတွေကြောင့် စင်ကာပူခရီးစဉ်ကို လိုက်ပါနိုင်ခဲ့ခြင်း မရှိခဲ့တာပါ။ အော့တာမန်ဒီက လာမယ့်၁၆ရက်နေ့မှာ မင်္ဂလာဆောင်မှာဖြစ်ပြီး မက်ဆီကတော့ ပရိသတ်တွေ သိတဲ့အတိုင်း သူ့ရဲ့မွေးနေ့ဖြစ်တဲ့ လာမယ့်၃၀ရက်နေ့မှာ မင်္ဂလာဆောင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင် စင်ကာပူအသင်း ဘက်ကရော အာဂျင်တီးနား အသင်းဘက်ကရော အဆိုပါပွဲစဉ်မှာ မက်ဆီနဲ့အော့တာမန်ဒီတို့ မပါဝင်တဲ့အကြောင်းကို သတင်းထုတ်ပြန် လိုက်ပြီဖြစ်ပါတယ်။
Hv2elf3f5tzfqthccsf9
စင်ကာပူ ပရိသတ်တွေဟာ အဆိုပါပွဲမှာ ကမ္ဘာကျော် ကစားသမားဖြစ်တဲ့ မက်ဆီကိုစောင့်ကြည့်ဖို့ လက်မှတ်တွေကို ဈေးကြီးပေး ၀ယ်ယူခဲ့ရပေမယ့် မက်ဆီပါဝင်နိုင်ခြင်း မရှိတော့တာကြောင့် ဒေါသထွက်နေကြတာပါ။ အဆိုပါပွဲစဉ်အတွက် လက်မှတ်ကြေးဟာ စင်ကာပူဒေါ်လာ ၄၀နဲ့၁၈၈ကြားမှာ ရှိတယ်လို့ သိရပါတယ်။
Doygd6uceyfnmhzqvx5q
အဆိုပါကိစ္စနဲ့ ပက်သက်ပြီး အမှုဆောင်ချုပ် အယ်လ်ဗင်တန်က “တကယ့်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီကိစ္စကို အစောကြီးထဲက ကြိုသိခဲ့ရင် လက်မှတ်တွေကို ဘယ်သူမှ ဈေးကြီးပေးဝယ်မှာ မဟုတ်ပါဘူး။ ဒီပွဲမှာ အာဂျင်တီးနားအတွက် ပါဝင်ကစားမယ့် ကစားသမားတွေဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတွေပါ။ ဒါပေမယ့်သူတို့တွေက မက်ဆီမှမဟုတ်တာ” လို့ပြောကြားခဲ့ပါတယ်။ ခြေစွမ်းပွဲကစားမယ့် အာဂျင်တီးနားဟာ စင်ကာပူနိုင်ငံကို ယနေ့နေ့လည်ပိုင်းမှာ ရောက်ရှိမှာဖြစ်ပါတယ်။

Post a Comment

 
Top