0

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး လေးဦးနှင့်  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် နှစ်ဦးကို ထပ်မံခန့်အပ်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ် တော်သို့ အမည်စာရင်းပေးပို့ ခဲ့သည်။

ဇွန်လ ၉ ရက်တွင်ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ သမ္မတကပေးပို့ သည့် တရားသူကြီးလေးဦး အ မည်စာရင်းနှင့် ကော်မရှင်အဖွဲ့ ၀င်နှစ်ဦး၏ အမည်စာရင်းတို့ကို ကြေညာခြင်း ဖြစ်သည်။
 တရားသူကြီးလေးဦး သည် ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်တို့ ဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင် နှစ်ဦးသည်ဦး မြင့်နိုင်၊ ဦးသန်းဌေးတို့ဖြစ်သည်။
ဦးမျိုးတင့်သည် ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံးမှ အ ငြိမ်းစား ညွှန်ကြားရေးမှူးချုပ်ဖြစ် ပြီး ဦးစိုးနိုင်သည် မန္တလေးတိုင်း ဒေသကြီးဥပဒေအရာရှိ ညွှန်ကြား ရေးမှူး(အငြိမ်းစား)ဖြစ်သည်။ ကျန်နှစ်ဦးသည် တရားလွှတ် တော် ရှေ့နေများဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်ရုံးထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရရော ပြည်ထောင်စု တရားစီရင်ရေးအရပါ ပြည် ထောင်စုတရားလွှတ်တော်ချုပ် တွင် ပြည်ထောင်စုတရားသူကြီး ချုပ်အပါအ၀င် တရားသူကြီး ခုနစ်ဦးမှ ၁၁ ဦးအထိ ခန့်အပ်နိုင် ပြီး ယခင်အစိုးရလက်ထက်၌ တရားသူကြီးချုပ်နှင့် တရားသူ ကြီးခုနစ်ဦးသာ ခန့်အပ်ခဲ့သည်။
ထို့ကြောင့် သမ္မတဦးထင် ကျော်က အစိုးရသစ်သက်တမ်း တစ်နှစ်ကျော်အတွင်း တရားသူ ကြီးလေးဦးကို ထပ်မံခန့်အပ်ရန် အမည်စာရင်းတင်သွင်းခြင်းဖြစ် သည်။ တရားရုံးချုပ်တရားသူကြီး ၁၁ ဦးခန့် ထားရမည်ကို ခုနစ်ဦး သာခန့်ထားခဲ့၍ တရားရေးအ သိုင်းအ၀ိုင်းကဝေဖန်မှုများ မကြာ ခဏရှိခဲ့ပြီး တရားရေးမဏ္ဍိုင်ခိုင် မာအားကောင်းစေရန် လိုအပ်နေ သည့် တရားသူကြီးအရေအတွက် ခန့်အပ်ရေး မကြာခဏတိုက် တွန်းပြောကြားမှုများရှိခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ထပ်မံခန့်အပ် ရန် အမည်စာရင်းတင်သွင်းခံရ သူနှစ်ဦးသည် ဦးမြင့်နိုင်နှင့် ဦး သန်းဌေးတို့ဖြစ်သည်။
ဦးမြင့်နိုင်သည် ယခင်အစိုးရ လက်ထက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိပြည် ထောင်စုလွှတ်တော်၊ ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့ လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဦးသန်းဌေးသည် တရားလွှတ် တော်ရှေ့နေတစ်ဦးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခင်အစိုးရ လက်ထက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၁၄ ဦးအထိ ခန့်အပ်ခဲ့ပြီး လက်ရှိအစိုးရလက် ထက်၌ ကော်မရှင်အဖွဲ့ဝင်လေး ဦးနှင့်ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင် အတွင်းရေးမှူးစုစုပေါင်း ခြောက် ဦးသာ ခန့်အပ်ထားသည်။
အထက်ပါ တရားသူကြီး လေးဦးနှင့် ကော်မရှင်အဖွဲ့ဝင် နှစ်ဦး၏ အချက်အလက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များထံဖြန့်ဝေထားပြီး ပြည်ထောင်စုလွှတ်တော်မှ သ ဘောတူကြောင်း (သို့မဟုတ်) ကန့်ကွက်ကြောင်းတို့ကို ဇွန်လ ၁၄ ရက်တွင် ပြုလုပ်မည့် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ကြေညာမည်ဖြစ်သည်။

Post a Comment

 
Top