0
ေ၇ာ်နယ်ဒို
ရော်နယ်ဒို ရဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် ကိုယ်ဝန် ရှိနေပြီဆိုတဲ့ ကောလာဟလသတင်းတွေအပေါ် ရော်နယ်ဒိုမိခင်က ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။
ရော်နယ်ဒို က သူ့ရဲ့ ချစ်သူ နဲ့ နေအိမ် မှာ အနားယူနေတဲ့ ဓာတ်ပုံ တစ်ပုံကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အစောပိုင်းတုန်းက အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ အင်စတာဂရမ်မှာ ရော်နယ်ဒို တင်ထားခဲ့တဲ့ ဓာတ်ပုံ အရ ရော်နယ်ဒိုရဲ့ လက်ဟာ ဂျော်ဂျီနာရဲ့ဗိုက်ပေါ်မှာ ရှိနေခဲ့ပါတယ်။ နောက်ပြီးတော့ ဓာတ်ပုံအတွက် ဘာစာသားမှ မရေးဘဲ အသည်းပုံစတစ်ကာလေး တစ်ခုသာ ရော်နယ်ဒိုက ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဓာတ်ပုံ လူမှုကွန်ယက်မှာ ပျံ့လာခဲ့ပြီးနောက် ပရိသတ် အချို့နဲ့ မီဒီယာ အချို့က ဂျော်ဂျီနာရိုဒရီဂွက်ဇ် ကိုယ်ဝန်ရှိနေကြောင်း ခန့်မှန်းဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ရဲ့ မိခင် ဖြစ်သူ ဒိုလိုရက်စ် ကတော့ ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပြီး ရော်နယ်ဒို မှာ ဒီလိုအစီအစဉ်မရှိသေးကြောင်း ပြောကြားလိုက်ပါတယ်။
“ ကျွန်မ သိသလောက်တော့ ရော်နယ်ဒို က နောက်တစ်ခါ ဖခင် ဖြစ်ဖို့ အစီအစဉ်မရှိဘူးထင်တာပဲ။ လုံးဝ အဓိပ္ပါယ်မရှိတဲ့ ကောလာဟလတွေပဲ။ ဗိုက်ပေါ်ကို လက်တင်ထားရုံပဲဆိုတာ ပုံမှာတွေ့နိုင်တာပဲ” လို့ ရော်နယ်ဒို ရဲ့မိခင် က ပြန်လည်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒို က လက်ရှိမှာ ဂျူနီယာရော်နယ်ဒို ရဲ့ ဖခင် တစ်ဦးဖြစ်ပြီး ဂျူနီယာရော်နယ်ဒို ရဲ့ မိခင်ဘယ်သူဖြစ်သလဲ ဆိုတာကိုတော့ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။
ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ ရော်နယ်ဒို တွေ့ဆုံတာ တစ်နှစ်လောက်ရှိသွားခဲ့တဲ့အချိန်မှာ အခုလို ကိုယ်ဝန် သတင်း ထွက်လာခဲ့တာပါ။ ရော်နယ်ဒို က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမယ့်တစ်ပတ်ထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။
Source : Daily Mail

Post a Comment

 
Top