0


တော်စိန်ခို

ဗိုလ်ချူပ်အောင်ဆန်း၏ အထုပ္ပတ္တိတွင် ငယ်စဉ်အခါက ဦးစိန်ခိုဆုကို ရရှိခဲ့ကြောင်း ပါလေသည်။ ထိုအခါ ဦးစိန်ခိုဆိုသည်မှာ မည်သူနည်းဟု ရှာဖွေလေ့လာကြည့်ရာ ထိုသူမှာ မြန်မာပြည်ဖွားတရုတ်လူမျိုး  တစ်ဦးဖြစ်ကြောင်း သိရလေသည်။

ဦးစိန်ခိုခေါ် တော်စိန်ခို၏ အမည်အရင်းမှာ 杜成誥 သုချန်ကောက် ဖြစ်ပြီး ၁၈၆၄ ခုနစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ဖခင် တော်စိန်စွန်း 杜成孫 သုချန်စွန်း နှင့် မိခင် ဒေါ်နုတို့မှ မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ရှမ်းမင်းသမီး တပါးလို့လဲ သိရပါတယ်။ ဖခင်ဖြစ်သူဟာ ဖူကျန့်ပြည်နယ် အမွိုင် (ရှမန်) မှ မြန်မာနိုင်ငံသို့ ပြောင်းရွေ့လာခဲ့သည်။ ထို့နောက် ဗန်းမော်သို့ ရောက်ရှိပြီး ကုန်ရောင်းဝယ်ရင်းမှ ရန်ကုန်သို့ ကုန်သည်ကြီးအဖြစ် ပြောင်းရွှေ့လာသည်ဟု သိရသည်။

တော်စိန်ခို၏ ဘဝဖြစ်စဉ်အကျဉ်းမှာ

အထက်တန်းပညာ ကို ရန်ကုန်မြို့၌ သင်ယူပြီး အသက် ၁၇ နှစ်အရွယ်တွင် ကာလကတ္တား တက္ကသိုလ်မှ ကျင်းပသော စာမေးပွဲကို ဖြေဆိုအောင်မြင်သည်။

ခရစ်နှစ် ၁၈၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကင်းဗရိတ်တက္ကသိုလ် ခရိုက်ခ်ျ ကောလိပ်၌ ပညာဆက်လက်ဆည်းပူးသည်။

၁၈၉၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး လက်ထောက်အတွင်းဝန်အဖြစ် အစိုးရ အမှုထမ်း အဖြစ် ဆောင်ရွက်သည်။

ခရစ်နှစ် ၁၈၉၅ ခုနစ်တွင် ဘုန်းတော်ကြီးများထံမှ ပါဋ္ဌိဘာသာကို သင်ယူလေ့လာသည်။

ခရစ်နှစ် ၁၈၉၇ ခုနစ်တွင် ပီကင်း (ပေကျင်း) သို့ မြန်မာဘာသာပြန်အဖြစ် စေလွှတ်ခြင်း ခံရသည်။ (ဘာသာပြန်အရာရှိ) အဖြစ် ခန့်အပ်ခံရသည်။

၁၈၉၇ ခုနှစ်တွင် တရုတ်ရေးရာအကြံပေးအရာရှိနှင့် ကမ္ဗည်းကျောက်စာအရာရှိအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်စေသည်။

၁၈၉၉-၁၉၀၁ ခုနှစ်များတွင် တရုတ်ပြည်၌ ဖြစ်ပွားခဲ့သော ဘောက်ဆာတော်လှန်ရေး ကာလအတွင်း မစ္စတာတော်စိန်ခိုသည် တရုပ်-မြန်မာနယ်ခြားစောင့်အရာရှိတာဝန်ကို ထမ်းဆောင်ရသည်။ ထိုနယ်ခြားမှာပင် အင်္ဂလိပ်-တရုတ် ၂ ဘာသာသင်ကြားသော ကျောင်းကို တည်ထောင်ရာတွင် ကူညီပေးခဲ့သည်။

၁၉၀၂ ခုနှစ်တွင် မူလရာထူးဖြစ်သော လက်ထောက် အတွင်းဝန်နေရာတွင် တာဝန်ကို ပြန်လည် ထမ်းဆောင်ရသည်။

၁၉၀၃ ခုနှစ်တွင် K.I.H ရွှေတံဆိပ် ချီးမြင့်ခံရသည်။

၁၉၀၆ ခုနှစ်တွင် ကမ္ဗည်းကျောက်စာဝန်ရာထူးကို အသစ်တီထွင်လိုက်သောအခါ မစ္စတာ တော်စိန်ခို သည် ပထမဦးဆုံးသော ကမ္ဗည်းကျောက်စာဝန် ဖြစ်လာသည်။

၁၉၁၁ ခုနှစ်တွင် I.S.O ဘွဲ့ကိုလည်းကောင်း ၁၉၁၇ ခုနှစ်တွင် C.I.E ဘွဲ့ကိုလည်းကောင်း ချီးမြှင့်ခံရသည်။

၁၉၁၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် ဘုရင်ခံ ခန့်အပ်သော ဥပဒေပြုကောင်စီ မင်းတိုင်ပင်အမတ် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်
အိန္ဒိယနိုင်ငံထုတ် ရှေးဟောင်းပညာဂျာနယ်
ဗြိတိန်နိုင်ငံထုတ် Asia Queer Review
အာရှတော်ဝင်အသင်း ဂျာနယ်တို့တွင် မြန်မာမှုဆိုင်ရာ ကမ္ဗည်းကျောက်စာများ အကြောင်း တိုင်းရင်းသား
လူမျိုးများနှင့် စာပေယဉ်ကျေးမှုအကြောင်း စေတီပုထိုးများနှင့် ဗိသုကာဆိုင်ရာ အကြောင်း တို့ကို ရေးသားခဲ့သည်။

ထို့ပြင် မြန်မာတို့၏ ဓလေ့ထုံးတမ်းများ တိုင်းရင်းသားရိုးရာ ရှေးဟောင်းအုံပြင်များ သာသနာတော်ရေး ပညာရေးဆိုင်ရာ ဆောင်းပါးများစွာကိုလည်း ရေးသားခဲ့သည်။

လွှတ်တော်မှတ်တမ်း ကောက်နုတ်ချက် စာအုပ်သည် မစ္စတာတော်စိန်ခို၏ ထင်ရှားသော စာအုပ်ဖြစ်သည်။

ကလျာဏီသိမ်ကျောက်စာနှင့် မင်းဘူးဆရာတော် ဦးသြဘာသ၏ မဟာဇနက္က ဇာတ်တော်ကြီးကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားခဲ့သည်။

မစ္စတာ တော်စိန်ခိုသည် ဗုဒ္ဓဘာသာ၌ သက်ဝင်ယုံကြည်သော ပုဂ္ဂိုလ်ဖြစ်ရုံမျှမက မြန်မာမှုကို မြတ်နိုးသော တရုတ်အမျိုးအနွယ် ဖြစ်သည်။

မိမိကိုယ်တိုင်ရော သားသမီးများပါ မြန်မာ့ယဉ်ကျေးမှုနှင့် အညီနေထိုင်လေ့ရှိသည်။

တိုင်းရင်းဖြစ် ပင်နီအင်္ကျီကိုသာ စံနမူနာပြ ဝတ်ဆင်လေ့ရှိသည်။

မစ္စတာတော်စိန်ခိုသည် ရန်ကုန်မြို့နေ ကုန်သည်ကြီး မစ္စတာတန်ထွန်း၏ သမီးနှင့် လက်ထပ်ခဲ့သည်။ ဇနီးဖြစ်သူမှာ ၁၉၁၀ ခုနစ်တွင် ကွယ်လွန်ခဲ့သည်။ သား ၆ ယောက် သမီး ၁ ယောက် ထွန်းကားခဲ့သည်။

တော်စိန်ခိုသည် အသက် ၆၆ နှစ်အရွယ် ၁၉၃၀ ခုနစ် မေလ ၂၉ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။
 
Credit:
#SwamHtet(天下第一)


Post a Comment

 
Top