0

ဒွန်ညာဖယ် တဲ့ ထိုးထားတာတော့ မြန်မာလို မြန်မာတွေအတော်များများ နားလည်ကြမယ်မထင်ပါဘူး ကျွန်တော်လည်း နားမလည်ပါဘူး :P တချို့ကတော့ ဒါညာဘက် လို့ ပြောကြသလို နောက်တစ်ယောက်ကတော့ ဒွန့်ကြမယ်တဲ့ .. တစ်ယောက်ပြောထားတာလေး သဘာဝကျတယ် သုညပဲ တဲ့ တက်တူးထိုးပေးတဲ့ဆရာကတော့ သိမယ်ထင်ပါတယ် ဒါမှ မဟုတ် နိုင်ငံခြားသူမက မြန်မာစကားဝဲ၀ဲနဲ့ ဒွန်ညာဖယ် လို့ ထိုးပေးပါလို့ ပြောလို့ ရမ်းထိုးပေးလိုက်သလားတော့ မသိ :P
 ဒါကတော့ မြန်မာဘာသာနဲ့ တက်တူးထိုးတဲ့ နိုင်ငံခြားသားတွေပါ။






တက်တူးထိုးတဲ့အခါ အချို့က တရုတ်စာလုံးတို့ ကိုရီးယားစာလုံးတို့ ဂျပန်စာလုံးတို့ထိုးချင်တတ်ကြပါတယ်။ ကျွမ်းကျင်တဲ့သူနဲ့ဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် ပေါက်ကရ၊မတတ်ပဲ ရမ်းဖြီးနေသူ ဆိုရင်တော့ အောက်ပါပုံတွေလိုတိုင်ပတ်တတ်ပါတယ်။



ဘာများလေးလေးနက်နက်ပြောထားတယ်ထင်လဲ? ဘာမှ မဟုတ်ဘူး Sesame Chickenတဲ့။
1

ဒါကလည်း အစိမ်းရောင်၊ အသီးအရွက်၊ ဟင်းလျာတဲ့
2

ဒီဟာက အဆိုးဆုံး မသိရင်ခေါက်ဆွဲပြုတ်ကြော်ငြာလိုလိုဘာလိုလိုနဲ့။
3
တရုတ်လိုနားမလည်သူတွေကတော့ ရုတ်တရက် အထင်ကြီးသွားနိုင်ပေမယ့် တရုတ်လို့နားလည်သူတွေကတော့ ကြိတ်ရယ်ကြမှာ အသေအချာပါပဲ။

Source: metro

Post a Comment

 
Top