0
အမေရိကန်နိုင်ငံ၊ ဖဖော်ရီဒါပြည်နယ်က ဟိုက်စကူးကျောင်းဆရာမတစ်ဦးဖြစ်တဲ့ Virginia Hinckley(၂၈)နှစ်ဟာ ကျောင်းသားတွေနဲ့ လိင်ဆက်ဆံတာကြောင့် သက်ငယ်မုဒိန်းနဲ့ငြိစွန်းပြီး ထောင်(၆)လချမှတ်ခံခဲ့ရပါတယ်။
Virginia Hinckleyဟာ ဖလော်ရီဒါပြည်နယ်၊ စိန့်အော်စတင်မြို့က ဟိုက်စကူးကျောင်းမှာ ဆရာမအဖြစ်လုပ်ကိုင်နေ
သူဖြစ်ပြီး သူမရဲ့တပည့်ကျောင်းသားနှစ်ဦးနဲ့ လိင်ဆက်ဆံခဲ့တာဖြစ်ပါတယ်။ သူမဟာ ကျောင်းသားတွေကို ခေါ်ပြီး အ
တင်းဓမ္မဆက်ဆံခိုင်းခဲ့တာပါ။ ပြီးတော့ ကျောင်းသားတွေကိုလည်း ပါးစပ်တွေပိတ်ထားတာအကောင်းဆုံးဖြစ်မယ်လို့
ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
သူမဟာ အိမ်ထောင်လည်းရှိပေမယ့် ဒီလိုကျောင်းသားတွေနဲ့ လိင်ဆက်ဆံတာကို အမည်မဖော်လိုသူ တစ်ဦးက စွပ်စွဲ ခဲ့တာလို့သိရပါတယ်။ အခုအခါ သူမဟာ မေလက ပထမဆုံးတရားရုံးမှာ စစ်ဆေးပြီးတဲ့နောက် ထောင်(၆)လကျခံနေရပါတယ်။ ဒါပေမယ့် သူမသာ အဲဒီအမှုမှာ ရှုံးနိမ့်ခဲ့ပါက ထောင်(၆)နှစ်အထိ ကျခံရဖွယ်ရှိနေကြောင်းလည်းသိရပါတယ်။

Source; Mirror

Post a Comment

 
Top