0

ထိုင်းနိုင်ငံ၊ Chachoengsao မြို့က အိမ်တစ်လုံးမှာ 14 ပေ အရှည်ရှိ စပါးအုံးမြွေကြီးတစ်ကောင်ဟာ အိမ်အပေါ် ထုတ်တန်းပေါ်မှာ လာရောက်ခိုအောင်းနေတာကို အိမ်ရှင်ရဲ့ အသက် 10 နှစ်အရွယ် သမီးဖြစ်သူက အရင်ဆုံး မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ယင်းနောက် ဖခင်ဖြစ်သူ Sirichai Wongsuu (35)နှစ်က တိရစ္ဆာန် ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက် အကူအညီ တောင်းခဲ့ပါတယ်။ စပါးအုံးမြွေကြီးကို ခက်ခက်ခဲခဲ ဖမ်းဆီးနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးသမားတွေဟာ တုတ်တွေ၊ ပိုက်တွေ အသုံးပြုကာ သူ့ရဲ့ခေါင်းကို ဖိပြီး လည်ပင်းကနေ ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် မြွေဟာ ဒေါသလည်းထွက် ကြောက်လည်း ကြောက်နေလို့ တည်ငြိမ်မှု မရှိဘဲ၊ အကြောက်အကန် ရန်ပြုဖို့ ကြိုးစားပါတယ်။ ဒီအချိန်မှာပဲ ကယ်ဆယ်ရေးလုပ်သား Danu Pon (40)နှစ်က မြွေကြီးရဲ့ လည်ပင်းကို လှမ်းနင်းပြီး၊ ထိန်းချုပ်ဖို့ ကြိုစားစဉ်မှာ မြွေက လည်ပြန်လှည့်ကာ ကိုက်ခဲလိုက်တာကို ဗွီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပါတယ်။

Pon ဟာ ခြေဖ၀ါးနဲ့ ခြေထောက်အတွင်းသားမှာ မြွေသွားနဲ့ခြစ်မိတဲ့ သွေးထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါ မြွေဟာ ယခုလအစောပိုင်းကတည်းက ရပ်ကွက်အတွင်းကို အစာရှာလာရောက်နေတဲ့ မြွေတစ်ကောင် ဖြစ်ပါတယ်။ ဒါဟာ အနီးအနားက တောတွင်မှာ ၎င်းတို့ မှီတည်အားထားရတဲ့ အစားအစာ ရှားပါးခြင်းရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

မြွေကိုက်ခံရတဲ့ Pon က ” ကျနော်တို့ မိနစ် 20 လောက် ဒီကောင့်ကို ဖမ်းဖို့ ကြိုးစားခဲ့ရတာ … ဒဏ်ရာက နာတာမှ ပက်ပက်စက်စက်ကို နာတာပါဘဲ .. သူ့သွားတွေ စူးဝင်သွားတဲ့ အရသာကို ကျနော် ကောင်းကောင်းကြီး မှတ်မိသွားပါပြီ .. တကယ်တော့ သူ ပါးစပ်ဟလိုက်ကတည်းက အသည်းတွေ နှလုံးတွေက ခုန်နေပါပြီ “လို့ ဟာသလုပ်ခဲ့ပါသေးတယ်။

source : thesun.co.uk

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top