0

အမေရိကန် ကော်လာဒိုပြည်နယ်၊ Colorado Springs လူနေအိမ်ယာမှာ သေနတ်နဲ့ မတော်တဆပစ်မိမှု ဖြစ်ပွားခဲ့ ပါတယ်။ ပစ်မိသူမှာ အသက် 3 နှစ်သာရှိသေးပြီး၊ အပစ်ခံရသည့် ကလေးမှာ အသက် 2 နှစ်သာရှိသေးတဲ့ ညီတော်စပ်သူ  ဖြစ်ပါတယ်။ ဒီအတွက် မိခင်ဖြစ်သူ Monica Abeyta အသက် 30 နှစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။



ကလေးတွေဟာ သူတို့ဘာသာဘာဝ ရဲသား-ဓားပြလုပ်တမ်း ကစားရာမှ အကြီးဖြစ်တဲ့ 3 နှစ်သားလေးက မိခင်ရဲ့ သေနတ် အစစ်ကို ယူပြီးဆော့ခဲ့တာပါ။ ရဲတပ်ဖွဲ့ဟာ ဒီအဖြစ်အပျက်မှာ ပေါ့ဆစွာနေခဲ့တဲ့ Monica ကို ၀တ္တရားပေါ့လျှော့မှုအပြင်၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုအတွက်ပါ တရားစွဲဆိုထားပါတယ်။

ဒီအဖြစ်အပျက်ကို စတင်ခဲ့သူကလည်း သားကြီးဖြစ်ကြောင်း၊၊ ရဲသား-ဓားပြကစားရအောင်လို့ အဖော်စပ်ခဲ့ကြောင်း၊ အခင်း ဖြစ်စဉ်ညက အတူနေမိခင်ဖြစ်သူ Monica မှာ ဆေးမူးနေကြောင်း၊ သမီးကြီးက ထွက်ဆိုထားပါတယ်။ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ကလေးကိုတော့ မိခင်ဖြစ်သူကပဲ ဆေးရုံကို အမြန်ပို့ပေးခဲ့တာပါ။

လောလောဆယ်တော့ ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်နေရသေးပြီး၊ ဒေါက်တာတွေကတော့ ကယ်ဆယ်နိုင်လိမ့်
မယ်လို့ ယုံကြည်နေကြပါတယ်။ Monica ကလည်း ဒီမတိုင်ခင်မှာ ဆေးသုံးထားမိလို့ ဖြစ်သွားတဲ့အဖြစ်အပျက်ကို မသိ လိုက်ကြောင်းထွက်ဆိုခဲ့ပါတယ်။ လောလောဆယ်တော့ Monica ကို အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။

Post a Comment

 
Top