0

ကာယအလှမယ်ဆိုတာနဲ့ လူတော်တော်များများက ခပ်ကြမ်းကြမ်း ယောက်ျား ပုံစံ မိန်းကလေးပုံစံမျိုးလို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် ကာယအလှမယ် ထဲမှာလည်း ချောမောလှပပြီး မိန်းကလေးဆန်တဲ့ သူတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာတော့Lee Yeon Hwa ဟာလည်း တစ်ယောက် အပါအ၀င်ပါ။



သူမဟာ ချောမောလှပတဲ့ ရုပ်ရည်နဲ့ကြံ့ခိုင်တောင့်တင်းတဲ့ BODY မျိုးကို ပိုင် ဆိုင် ထားသူပါ။သူမဟာ မကြာသေးမီက Women’s 2017 Max Kyu Mania Asia Championship ပြိုင်ပွဲမှာ ပထမနေရာကို ရရှိခဲ့ပါတယ်။

ကာ ယအလှမယ်တစ်ယောက်သာမက fitness model တစ်ယောက်လည်း ဖြစ် တာကြောင့် တခြားသူတွေနဲ့ယှဉ်ရင် ဖက်ရှင်ပိုင်းမှာလည်း စမတ်ကျကျ သူပါ။

BODY တစ်ခုတည်းတင်မဟုတ်ပဲ ရုပ်ရည်ပိုင်းမှာလည်း လှပချော မောသူ ဖြစ်လို့ အမျိုးသားတွေအကြား ရေပန်းစား ကျော်ကြားသူလေးပါ။


သူမ ပြိုင်ပွဲဝင်ခဲ့စဉ် အခါက ၀တ်ဆင်ယှဉ်ပြိုင်ခဲ့တဲ့ ၀တ်စုံဟာ အတော်လေးကို နာမည်ကြီးနေပါတယ်။အဲ့ဒါကတော့ နတ်သမီး အိန်ဂျယ်လို တောင်ပံတွေ ပါတဲ့ ၀တ်စုံမျိုးပါ။

ဒီဝတ်စုံကို ၀တ်ပြီး စင်မြင့်ထက်ကို ရောက်လာလိုက်တယ်ဆိုရင် ပဲ ပရိသတ်တွေဆီကာအာမေ ဋိတ် သံတွေ ဆူညံသွားခဲ့ပြီး အားလုံး အံ့သြမှင် သက်ခဲ့ကြပါတယ်။Muscle တွေနဲ့အိန်ဂျယ်နတ်သမီးလေး အဖြစ် ပရိသတ်တွေ ဆီကနေ အသိအမှတ်ပြုခံခဲ့ရပါတယ်။

from .koreaboo

Post a Comment

 
Top