0

ကြံတောသင်္ချိုင်းကနေ ရေဝေးသင်္ချိုင်းကိုပြောင်းတုံးကတွေ.ကြုံရတာကို သူငယ်ချင်းရဲ့ ဦးလေး တယောက်ပြောပြတာကိုပြန်ပြောပြပါ့မယ်၊ သူတို.ကပရမှာTE11မောင်းရတော့ တညနေ(၃)နာရီလောက် မှာ ခွဲမှူးကဒီနေ.ညဂျူတီရှိလို.ကားမောင်းသမား(၃၅)ယောက်ကိုပေးမပြန်ဘဲဝင်းထဲမှာဘဲထမင်းကျွေး လ္ဘက်ရည်တိုက်ပြီး၊ ဘာလုပ်ရမယ်ဘယ်သူမှမသိဘဲ၊ ည(၇)နာရီလောက်မှာmazda jeep စစ်ကားတစီးဦးဆောင်ပြီးစစ်ကားTE11 ၁၅စိးနှင့်ကပရမှTE11၂၅စီး တစုတဝေးနှင့် ကြံတောကို မောင်းတော့မှသိရပါတော့တယ်၊အင်းစိန်ကားဝင်းထဲကထွက်လာပြီး ယ ခု ဘုရင့်နောင်ဈေးနေရာ ရှေ.မှာကားတွေအားလုံးစုပြီး ခဏရပ်နေပါတယ်၊ ခဏနေတော့မာစဒါဂျစ်ထဲ မှ ဗိုလ်ကြီး ယူနီဖောင်းနှင့်ဆင်းလာပြီးTE11 စစ်ကားပေါ်မှအာမီရမ်၂ပုံးကို စစ်ကားယာဉ်မောင်း၎ဦး မှ မလာပြီး ကားတစီးလျှင် ၂ပုလင်းစီပေးပါတယ်၊ ထိုအချိန်က ဘုရင့်နောင်ဈေးတောင်မဆောက်ရသေးဘဲ လူခြေအတော်တိတ်ပါတယ်၊ ကားသမားတွေအားလုံးအရက်ကိုယ်စီသောက်ကျပြီးမသောက်တတ်တဲ့ လူ(၃)ယောက် ကိုပြန်လွှတ်လိုက်ပါတယ်။ အားလုံးအဆင့်သင့်ဖြစ်ပြီးချိန်တွင် ယာဉ်တန်းကို စတင်မောင်း လာကြရာ ကြံတောသင်္ချိုင်းထဲကိုည(၈)နာရီတိတိမှာရောက်ရှိပြီးကားအစီး၄၀လုံးတန်းစီးပြီးရပ်ထားလိုက်ပါ တယ်၊ခဏအကြာမှာ တပ်ကြပ်ကြီးတဦးမှဦးဆောင်ပြီး တသုတ်ကား၁၀စီးဆီလူခွဲပြီးမြန်မာသင်္ချိုင်းကနေ စပြီးကား၁၀စီးကိုတန်းစီ ထားပြီးရပ်ထားပါတယ်၊ခဏနေမာဇဒါဂျစ်ပေါ်ကနေဆင်းလာ တဲ့ဗိုလ်ကြီးက စာရွက်၂ရွက်ကိုင်ပြိး၊သင်္ချိုင်းဘက်လှည့် အမိန်.ပြန်တန်းဖတ်ပါတယ်၊ပြီးတာနှင့်တပ်ကြပ်ကြီး ကတန်းစီ ထားတဲ့ကား ၁၀စီးရဲ့နံပါတ်တွေဖတ်ပြပြီး “အားလုံးတက်ကြ” လို.အော်ပြောလိုက်ပါတယ်၊ ကား၁၀ စီး လုံးအလွှတ်တွေဘဲမြင်ရပြီး ကားတွေတအိအိနှင့် အသံတွေကိုကြားနေရပါတယ်၊၁၀မိနစ်လောက် ရှိတော့ တပ်ကြပ်ကြီးက ဒရိုင်ဘာတွေတက်ခိုင်းလိုက်ရာပြသာနာစပါတော့တယ်၊ ရှေ.ခန်းမှာဘာမှ မမြင်ရ ဘဲ အထဲလုံးဝ ၀င်လို.မရတော့ပါ၊ ခဏနေတပ်ကြပ်ကြီးကလာပြီး "ရှေ.ခန်းမှာလူများနေတယ်တယ်၊နောက်ကိုသွား"လို့ ပြောလိုက်မှ ဒရိုင်ဘာဝင်ထိုင်လို.ရပါတယ်။ 

ကားတွေအားလုံးစက်နိုးပြီးထွက်မလို.လုပ်တာလုံးဝထွက်လို.မရတော့ဘဲ၊ကားပေါ်မှာအလေးကြီးတင်ထားသလိုလီဗာကိုနင်းပေမဲ့လုံးဝမရွေ.ပါ၊ ကားမောင်းသမားတွေလဲအရက် ရှိန်နှင့်ဖြစ်နေပေ မဲ့ နည်းနည်းကြောက်လာပါပြီး၊ တပ်ကြပ်ကြီးက ထပ်မံပြီးအော်သံထွက်လာပါတယ်၊ “လူဆန်.သလောက်ဘဲတက်” ..... “အားလုံးပြီးအောင်ပို.ပေးမယ်” လို.အော်ပြောလိုက်တော့မှ ကားက အိကျနေရာမှပြန်တက် လာပြီးမကြာ ခင်ကားစတင် ထွက်လာနိုင်ပါတော့တယ်၊ အဲဒီနေ.ညကားအစီး၄၀နှင့်တညလုံးအခေါက်၃၀ကျော်ပို.ပေး ရပြိးမနက်၎း၃၀ကျမှ နားလိုက်ရပါတယ်၊အဲဒီလိုမျိုး၃ရက်မောင်းပေးရ ပါတယ်၊ 

နောက်နေ.ကျတော့နောက်တစ်ဖွဲ.ကိုခေါ်ပါတယ်၊နောက်ဆုံးနေ.ကျမှပြသာနာထပ်တက်တာကို ထပ်ပြော ပါအုံးမယ်။ သုံးရက်မြောက်နေ့......(နောက်ဆုံးနေ.)မှာည(၈)နာရီလောက်ကစပြီးမောင်းပေးရာ စမောင်းတော့ အရင်ရက်ကမောင်းဘူးတော့၊ဒါလောက်မကြောက်တော့ဘဲ၊ပုံမှန်ဘဲမောင်းနေပြီး၊အလှည့်(၉)ခေါက်မြောက်မှာပြသာနာစတက်ပါတော့တယ်၊ တပ်ကြပ်ကြီးက...... “စတက်တော့“အော်လိုက်ပေမဲ့ကားကနည်းနည်းမှမလှုပ်ဘဲ၊အောက်ကိုလဲနည်းနည်းမှ အိမကျ ဘဲငြိမ်နေ ရာကားသမားရောတပ်ကြပ်ကြီးပါ အံသြပြီးမြင်သက်နေရာဘာများဖြစ်လို.လဲအမျိုးမျိုးစဉ်းစားပြီး တယောက်ကိုတယောက်ကြည့်နေပါတော့တယ်၊ ဒါပေမဲ့ “ဒေါက် ဒေါက် ဒေါက်” တိတ်ဆိတ်ငြိမ်သက်နေ တဲ့ ညမှ အသံတိုးတိုးလေးတနေရာမှထွက်လာတာကိုဘဲကြားနေရပါတော့တယ်။ (၁၀)မိနစ်လောက်ငြိမ်ပြီးနားထောင်နေပြီး၊ကျန်နေတဲ့ဒရိုင်ဘာ၊နှင့်စည်ပင်ဝန်ထမ်းတွေလဲအံသြနေပြီး၊ဘာလုပ်ရမှန်းမသိဘဲ၊ကြောက်ရွံတဲ့မျက်နှာ ကိုယ်စီဖြစ်နေပါတော့တယ်။ 

အဲဒီအချိန်မှာတပ်ကြပ်ကြီးကဘာကိုစဉ်းစားမိလဲမသိဘဲ၊မီးသဂြိုလ်စက်မှာတာဝန်ကျတဲ့ စည်ပင်ဝန်းထမ်း အား ခုံတခုံလောက်အမြန်ရှာပေးခိုင်းလိုက်ရာ ၀န်ထမ်းလေးက အခေါင်းတင်တဲ့ လေးချောင်းထောက် တခုယူလာပြီးပေးလိုက်ရာ၊ တပ်ကြပ်ကြီးကTE11 နောက်ဖုံးဖွင့်ထားရာအရှေ.သို... သွားထားလိုက်တော့မှ “ဒေါက်ဒေါက်ဒေါက်” အသံပျောက်သွားပြိး၊မကြာခင်ကားလဲအနည်းငယ်အိကျလာပါတော့တယ်၊ အမှန်မှာတပ်ကြပ်ကြီးက ၀ိညာဉ်တွေထဲမှဒုက္ခတတွေကိုထည့်မတွက်မိဘဲ၊ သတိမထားမိဘဲခြေကျိုး လက်ကျိုးတွေက မတက်နိုင်ဘဲအောက်မှာ တဒေါက်ဒေါက်နှင့်ဖြစ်နေခြင်းဖြစ်ကြောင်းပါတဲ့ခင်ဗျား...။ 

Credit - From Myanmar Cyber Media Forum

Post a Comment

 
Top