0

စစ်ပွဲဖြစ်ပြီဆိုတာနဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးကြရုံမက ပြန်လည်ထူထောင်မယ် ဆိုရင်တောင် အချိန်ပေးရပါတယ်။

လောကကြီးမှာ စစ်ပွဲဆိုတာ မရှိရင် သိပ်ကောင်းမှာပဲလို့ တွေးနေကြ ပေမယ့် တစ်ဖက်နဲ့တစ်ဖက် ဒေါသတွေ၊ ပဋိပက္ခတွေ၊ အာဃာတတွေကြောင့်သာ ကမ္ဘာကြီးက မငြိမ်းချမ်း နိုင်ဘူး ဖြစ်နေတာပါ။

စစ်ပွဲတစ်ခုဖြစ်လိုက်ရင် အပြစ်မဲ့ ပြည်သူတွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ အထင်ကရနေရာတွေ ပျက်စီးဆုံးရှုံးရလို့ သမိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပါပဲ။

သမိုင်းတစ်လျှောက်မှာ အသက်အိုးအိမ်ဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီး ၅ခုကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြ လိုက်ပါတယ်။


 


၅။ Qing Conquest of the Ming စစ်ပွဲ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ အုပ်စိုးနေတဲ့ Qing မင်းဆက်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းမှာ ချယ်လှယ်နေတဲ့ Ming မင်းဆက်တို့ ၁၆၁၈ခုနှစ်ကနေ ၁၆၈၃ခုနှစ်အထိ တိုက်ခိုက်ခဲ့တဲ့ Qing Conquest of the Ming စစ်ပွဲကလည်း အသေအပျောက်များပါတယ်။


၆၅နှစ်ကြာအောင် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြီးဖြစ်တဲ့အတွက် ၂၅သန်းအထိ သေခဲ့ရပါတယ်။ ၁၆၈၃ခုနှစ်မှာ Ming မင်းဆက်ကျရှုံးသွားပြီး စစ်ပွဲပြီးဆုံးခဲ့ပါတယ်။



 ၄။ ဒုတိယ တရုတ် – ဂျပန်စစ်ပွဲ
(Second Sino-Japanese)

တရုတ်-ဂျပန်ဒုတိယစစ်ကတော့ ၁၉၃၇ခုနှစ်ကနေ ၁၉၄၅ခုနှစ်အထိ ဖြစ်ပွားခဲ့တာပါ။

၂ဝရာစု အာရှတိုက်ရဲ့ အကြီးမားဆုံးစစ်ပွဲဖြစ်ခဲ့ပြီး တရုတ်ပြည်သူ သန်း၂၅နဲ့ တရုတ်-ဂျပန်စစ်သည်ပေါင်း ၄သန်းကျော် သေကြေခဲ့ ပါတယ်။



 

 ၃။ သုံးပြည်ထောင်စစ်ပွဲ (Three Kingdom War)

၂၂ဝခုနှစ်ကနေ ၂ဂဝခုနှစ်အထိ နှစ်၆ဝကြာ တရုတ်နိုင်ငံ က Wei ပြည်နယ်ဘုရင်၊ Shu ပြည်နယ်ဘုရင်နဲ့ Wu ပြည်နယ်ဘုရင်တို့ရဲ့ သုံးပွင့်ဆိုင်အားပြိုင်တဲ့စစ်ပွဲကြီး ဖြစ်ပါတယ်။

ပြည်နယ်သုံးခုကို တစ်ခုတည်းပေါင်းစုဖို့ ရည်ရွယ်ပြီး အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့အခါ လူပေါင်း သန်း၎ဝအထိ သေစေခဲ့ပါတယ်။

၂။ မွန်ဂိုနယ်ချဲ့စစ်ပွဲ (Mongol Conquest War)

၁၃ဝဝခုနှစ်တုန်းက မွန်ဂိုတွေဟာ အဆုံးမစမရှိ အင်ပါယာကြီး ထူထောင်ချင်တဲ့အတွက် အာရှနဲ့ အရှေ့ဥရောပနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။

အကျိတ်ပလိပ်ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေ သယ်ဆောင်လာပြီး အာရှနဲ့ ဥရောပတိုက်သား သန်းပေါင်းများစွာသေစေခဲ့ပါတယ်။ မွန်ဂိုတွေရဲ့ကျူးကျော်စစ်တွေကြောင့် လူသန်းပေါင်း ၇ဝအထိ သေစေခဲ့ပါတယ်။




၁။ ဒုတိယကမ္ဘာစစ် (Second World War)

ဒုတိယကမ္ဘာစစ်ဆိုတာ ပြင်သစ်၊ အင်္ဂလန်၊ ပိုလန်၊ အမေရိကန်နိုင်ငံတို့ ပူးပေါင်းတဲ့ မဟာမိတ်နိုင်ငံတွေ (Allied Military) ဂျာမဏီ၊ အီတလီနဲ့ဂျပန် ပူးပေါင်း ထားတဲ့ ဝင်ရိုးတန်းနိုင်ငံတွေ (Axis Military) ၁၉၃၉ခုနှစ်ကနေ ၁၉၄၅ခုနှစ်အထိ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၃ဝကျော်မှ စစ်သားသန်း ၁ဝဝ ကျော် တိုက်ခိုက်ခဲ့ကြပြီး သန်းဂဝကျော် သေကြေ ပျက်စီးခဲ့တဲ့အတွက် ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စစ်ပွဲကြီးဖြစ်ခဲ့ပါတယ်။








Post a Comment

 
Top