0

၁၁၊ ဇွန်၊ ၂၀၁၇
.
မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဟာ လက်ရှိအပြောင်းအရွှေ့မှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ မိုနာကို လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပက်သက်ပြီး အံ့သြမိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Sqfwenwskwwrqvnvrpbg
အသက်၁၈နှစ်သာ ရှိသေးတဲ့ အမ်ဘတ်ပီဟာ လက်ရှိအပြောင်းအရွှေ့မှာ ရီးရဲမက်ဒရစ်အပါအ၀င် ထိပ်တန်းအသင်း တော်တော်များများရဲ့ ဈေးပြိုင်ပေးကမ်းလှမ်းမှုကို ခံနေရသူဖြစ်ပြီး အခုဆိုရင်သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း၁၂၀အထိ ရှိလာပါပြီ။
Flvtzqzlsxrmnwzolghz
ဒ့ါကြောင့် နည်းပြကြီးဖာဂူဆန်က “အမ်ဘတ်ပီဟာ တစ်ချိန်မှာ နစ္စတယ်ရွိုင်းတို့ ဟင်နရီတို့လို ဖြစ်လာမယ့် အရိပ်အယောင်တွေ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့တန်ကြေးက တကယ့်ကို အံ့သြစရာဖြစ်ပြီး ပေါင်သန်း၁၂၀ဆိုတဲ့ ပမာဏဟာ ဒုတိယတန်း၊ တတိယတန်းက အသင်းတစ်သင်းကို ၀ယ်ယူနိုင်တဲ့ ပမာဏပါ။ သူ့ကိုလိုချင်လို့ ဈေးပြိုင်ပေးပြီး ကမ်းလှမ်းနေတာကြောင့် သူ့ရဲ့တန်ကြေးက ဒီလောက်အထိ ဖြစ်နေတာထင်ပါတယ်။ အမှန်ဆို သူ့ရဲ့အသက်အရွယ် သူ့လိုအတွေ့အကြုံနဲ့ဆို သူ့ရဲ့တန်ကြေးဟာ အများဆုံးရှိမှ ပေါင်သန်း၄၀၊ သန်း၅၀လောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အပြောင်းအရွှေ့ကို ကျွန်တော်စိတ်ဝင်စားပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။

Post a Comment

 
Top