0

အင်္ဂလန်မှာရှိတဲ့ မန်ချက်စတာ မြို့တော်ကောင်စီက ပြီးခဲ့တဲ့လ အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ပေါ့ပ်ကြယ်ပွင့် အရီရန်နာဂရန်းဒ်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲရဲ့ နောက်ဆက် တွဲအဖြစ် ရန်ပုံငွေဖျော်ဖြေပွဲတစ်ရပ်ကို ပြန်လည်ပြုလုပ်ပေးခဲ့တဲ့ အရီရန်နာ ဂရန်းဒ်ကို ဂုဏ်ပြုခံနိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုတာဟာ မန်ချက် စတာမြို့အနေနဲ့ ပထမဆုံးဖြစ်ခဲ့တာ ကြောင့် အရီရန်နာဂရန်းဒ်ဟာ မန်ချက် စတာမြို့တော်ရဲ့ ပထမဆုံးသော ဂုဏ်ပြုခံနိုင်ငံသားတစ်ဦး ဖြစ်လာမှာ ဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်း ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၂ ရက်က မန်ချက် စတာအရီနာကွင်းမှာ အရီရန်နာ ဂရန်းဒ်ရဲ့ ''Dangerous Woman''နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖျော်ဖြေပွဲပြု လုပ်ခဲ့ရာ ယင်းပွဲအတွင်း အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ယင်း အကြမ်းဖက်မှုကြောင့် စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။ ဒီလိုတိုက်ခိုက် ခံခဲ့ရတဲ့ ပရိသတ်တွေအတွက် အရီရန်နာဂရန်းဒ်က ထောက်ပံ့ငွေတွေ ပေးအပ်သွားနိုင်ဖို့အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ ဇွန် ၄ ရက်မှာ မန်ချက်စတာမြို့မှာပဲ ပြန်လည် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ရန်ပုံငွေ ဖျော်ဖြေပွဲမှာတော့ အရီရန်နာနဲ့အတူ အခြားသော နာမည်ကျော်ဂီတ ကြယ်ပွင့်များစွာက ပါဝင်အားဖြည့် သီဆိုပေးခဲ့ကြပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ လာရောက်အားပေးခဲ့ ကြတဲ့ ပရိသတ်တွေကို ပြန်လည် ဖျော်ဖြေခဲ့တဲ့ပွဲမှာ အခမဲ့ကြည့်ရှုခွင့် ပေးခဲ့ပြီး လက်မှတ်ရောင်းရငွေတွေနဲ့ ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေကို တော့ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရ တဲ့သူတွေနဲ့ မိသားစုဝင်တွေ၊ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ပေးအပ် သွားဖို့ စီစဉ်ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီလိုထိခိုက်ခဲ့ရတဲ့ ပရိသတ်တွေ တွက် စဉ်းစားပေးကာ ရန်ပုံငွေဖျော် ဖြေပွဲတစ်ရပ်အဖြစ် ''One Love Manchester''လို့အမည်ပေးထားတဲ့ ပွဲကို ပြုလုပ်ပေးခဲ့တဲ့ အရီရန်နာဂရန်းဒ် ရဲ့ အပြုအမူကို မန်ချက်စတာမြို့တော် ကောင်စီက ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ အရီရန်နာဂရန်းဒ်ကို မန်ချက်စတာ မြို့တော်ရဲ့ ဂုဏ်ပြုခံနိုင်ငံသားအဖြစ် သတ်မှတ်ကာ ဂုဏ်ပြုဆုပေးအပ်သွား မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ချက်စတာမြို့တော် ကောင်စီက တရားဝင် ထုတ်ပြန်ပြောကြားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မန်ချက်စတာမြို့တော်ကောင်စီရဲ့ ခေါင်းဆောင်ဖြစ်သူ ဆာရစ်ချက်ဒ် လီစ်ရဲ့ ပြောကြားချက်အရ မန်ချက် စတာမြို့မှာရှိတဲ့ များစွာသောလူတွေ က အရီရန်နာဂရန်းဒ်ကို ဂုဏ်ပြုထိုက် တဲ့ နိုင်ငံသားတစ်ဦးအဖြစ် ချီးမွမ်း ပြောဆိုနေကြကြောင်းလည်း သိရပါ တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကို အမုန်းတရား တွေနဲ့ အကြောက်တရားတွေထက် ချစ်မြတ်နိုးမှုမေတ္တာတရားတွေနဲ့ ရဲ့ရင့် မှုတွေနဲ့သာ တုံ့ပြန်ပြသခဲ့တဲ့ အရီရန်နာ ဂရန်းဒ်ရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူ ကြောင်းလည်း ပြောကြားခဲ့တာဖြစ်ပါ တယ်။
အရီရန်နာဂရန်းဒ်ဟာ မေလ အတွင်း ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ ပေါက်ကွဲမှုအပြီးမှာ ကျန်ရှိနေတဲ့ သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေး အစီ အစဉ်အချို့ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ဇွန် ၄ ရက်မှာ မန်ချက် စတာမြို့မှာ ရန်ပုံငွေဖျော်ဖြေပွဲကို ပေါက်ကွဲမှုပြီးနောက် ပထမဆုံးသော ဖျော်ဖြေပွဲအဖြစ် ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက်မန်ချက်စတာဖျော်ဖြေပွဲကို အောင် မြင်စွာ ကျင်းပခဲ့ပြီးနောက်မှာတော့ အရီရန်နာဂရန်းဒ်က သူ့ရဲ့အခြား သော ''Dangerous Woman''နယ်လှည့်ဖျော်ဖြေရေးအစီအစဉ်တွေ ကို ပြန်လည်စတင်ခဲ့တာတွေ့ရပါ တယ်။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်က ပြင်သစ်မှာ ဖျော်ဖြေပေး ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top