0

အသက်(၂၉)နှစ်အရွယ်ရှိတဲ့ Miranda Hakimi Harveyဆိုသူ အမေရိကန်အမျိုးသမီးတစ်ဦးဟာ အလွန်ရက်စက်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပြီး မိခင်စိတ်မှရှိရဲ့လားလို့ ယုံမှားသံသယဖြစ်စရာပါ။ ဘာလို့လည်းဆိုတော့ Miranda Hakimi Harveyဟာ သူမရဲ့သမီးအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ (၄)နှစ်အရွယ်သမီးလေးကို ဂျော်ဂျီယာပြည်နယ်Atlanta လေဆိပ်မှာ တစိမ်းသူရဲ့လက်ထဲ စွန့်ပစ်ခဲ့လို့ဖြစ်ပါတယ်။

အမေရိကန်ရဲများရဲ့ပြောပြချက်အရ Harveyဟာ မနက်(၂)နာရီခန့်မှာ သမီးဖြစ်သူနဲ့အတူ လေဆိပ်ကိုရောက်လာခဲ့
ပြီး အမည်မဖော်လိုတဲ့လင်မယား(၂)ဦးထံ ကလေးကိုခနအပ်ထားကာ ဈေးဝယ်မယ်ဆိုတဲ့အကြောင်းပြပျက်နဲ့ စွန့် ပစ်ခဲ့တာဖြစ်ပါတယ်။ (၅)နာရီခန့်ကြာတဲ့အခါမှာတော့ အဲဒီအမည်မသိလင်မယား(၂)ဦးက ကလေးကို လေယာဉ်ကွင်း အာဏာပိုင်များထံ အပ်ခဲ့တာဖြစ်ပါတယ်။
Atlanta လေဆိပ်
ရဲများမှာလည်း Harveyကို (၂၄)နာရီအထိ စောင့်ဆိုင်းခဲ့ပေမယ့် ပေါ်မလာတာကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့
ရာ Atlantaလေဆိပ်နဲ့ (၇၅)မိုင်ဝေးတဲ့ ဟိုတယ်တစ်ခုမှာ တွေ့ခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
သမီးစွန့်ပစ်ပြီး Harvey ထွက်ပြေးသွားသော ဟိုတယ်
Atlanta ရဲအရာရှိ Warren Pickardက ”ကလေးကို အချိန်ကြာကြီး စွန့်ပစ်ခဲ့တဲ့အချိန်မှာတော့ ကျွန်တော် မသ င်္ကာဖြစ်လာပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဘယ်မိခင်ကမှ (၄)နှစ်အရွယ်သမီးကို စွန့်ပစ်ထားခဲ့မှာမဟုတ်ပါဘူး။ ဘယ်ကိုပဲသွားသွား အသိဥာဏ်ရှိတဲ့လူဟာ ဒီလိုနိမ့်ကျတဲ့အလုပ်ကို လုပ်မှာမဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

Source ; Daily Mail

Post a Comment

 
Top