0

"ကာဒစ်မှာ ချန်ပီယံဖြစ်မှာက ဂျူဗီလား.... ရီးယဲယ်လား?"
"ချန်ပီယံလိဂ် ဖိုင်နယ်"
"ဂျူဗင်တပ်စ် - ရီးယဲယ်မက်ဒရစ်"
*ကွင်း - Principality Stadium
*အချိန် - မြန်မာစံတော်ချိန် နံနက် ၁နာရီ ၁၅မိနစ်
( ဒေသစံတော်ချိန် ည ၇နာရီ ၄၅မိနစ်)

ချန်ပီယံလိဂ်လို့ အမည်ပြောင်းခဲ့တဲ့ ၁၉၉၂-၉၃ခုနှစ်ကစလို့ ဥရောပရဲ့ အကောင်းဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံအသင်း တွေ သရဖူ ကာကွယ်နိုင်ခြင်းမရှိခဲ့တာဒီနေ့တိုင်ခဲ့ပါပြီ။ ရီးယဲယ်က ချန်ပီယံလိဂ်ရဲ့ အစောပိုင်းမှာ ဥရောပချန်ပီယံ အနေနဲ့ ဆက်တိုက် ၅နှစ်ရခဲ့ဖူးပါ တယ်။ အဲ့ဒီနောက် ဘန်ဖီကာ၊ အင်တာမီလန်၊ အိုင်းယက်စ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်၊ နော့တင်ဟမ် ဖောရက်စ်၊ အေစီမီလန်တို့ အားလုံး သူတို့ရဲ့ ချန်ပီယံ သရဖူတွေကို ကာကွယ်နိုင်ခဲ့ကြပါတယ်။ ၁၉၉၂နှစ်စလို့ ချန်ပီယံလိဂ်အမည်နဲ့ ပြိုင်ပွဲသစ်မှာ ချန်ပီယံတွေ ဖိုင်နယ်တက်ခဲ့ကြတာ ၄ကြိမ်ရှိခဲ့ပါတယ်။ အေစီမီလန်၊ အိုင်းယက်စ်၊ ဂျူဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ တက်ခဲ့ ကြတာပါ။ အေစီမီလန်က ၁၉၉၄မှာ ချန်ပီယံဖြစ်ခဲ့ပြီးမှ ၁၉၉၅ဖိုင်နယ်မှာ အိုင်း ယက်စ်ကို ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ တစ်ခါ ၁၉၉၅ ချန်ပီယံ အိုင်းယက်စ်က လည်း ၁၉၉၆မှာ ဂျူဗင်တပ်စ်ကို ရှုံးခဲ့ပါတယ်။ ၁၉၉၆ ချန်ပီယံ ဂျူဗင်တပ်စ်ကလည်း ၁၉၉၇မှာ ဒေါ့မန်ကိုရှုံးခဲ့ပြန်ပါတယ်။ လက်ရှိချန်ပီယံတွေ နောက်ဆုံး ဖိုင်နယ်တက်ခဲ့တာက ၂၀၀၉ခုနှစ်မှာဖြစ်ပြီး မန်ချက်စတာယူနိုက် တက် တက်ခဲ့တာပါ။ ဖို်င်နယ်မှာ ဘာစီလိုနာကို ၂ဂိုးပြတ်နဲ့ ရောမကွင်းမှာ ရှုံး ခဲ့ဖူးပါတယ်။ ၂၀၁၆ချန်ပီယံ ရီးယဲယ်က ၅သင်းမြောက် သရဖူ ကာကွယ်မယ့် အသင်းအဖြစ် ဖိုင်နယ်တက်လာ ခဲ့ပါပြီ။ ဥရောပဖလား အနေနဲ့ နောက်ဆုံး သရဖူ ကာကွယ်ခဲ့တဲ့ အေစီမီလန် နောက်ပိုင်း ဒီပြိုင်ပွဲမှာ ၂၇နှစ် အတွင်း ပထမအဆုံးအကြိမ် သရဖူ ကာကွယ်နိုင်တဲ့ အသင်းအဖြစ် ဇီဒန်းနဲ့ ရီးယဲယ်က အသင်းသားတွေကတော့ ဆန္ဒပြင်းပြနေကြတာပါ။ ရီးယဲယ်နဲ့ တွေ့မယ့် အသင်းကလည်း ဒီနှစ်ချန်ပီယံလိဂ်မှာ အကောင်းဆုံး ခံစစ်ပိုင်းကို ပိုင်ဆိုင်ထား တဲ့ ဂျူဗင်တပ်စ်အသင်းဖြစ်ပြီး သူတို့ကလည်း ဒီရာသီဖလား ၃လုံးမျှောင် လင့်နေတဲ့ အသင်းဖြစ်လို့ ရီးယဲယ်အတွက် အခက်တွေ့မယ့် ဖိုင်နယ်ပွဲပါ။ ဒီပွဲကိုတော့ ဒေသစံတော်ချိန် ည ၇နာရီ ၄၅မိနစ်( မြန်မာစံတော်ချိန် နံနက် ၁နာရီ ၁၅မိနစ်)မှာ ဝေးလ်စ်က ထောင်စုနှစ်ကွင်းကြီးမှာ ကစားမှာဖြစ်ပါတယ်။

"လက်ရှိအခြေအနေ"
"ဂျူဗင်တပ်စ်"
ဂျူဗင်တပ်စ်ကတော့ ဒီရာသီ ဖလား ၂လုံးရထားတဲ့အသင်းဖြစ်ပြီး အကောင်းဆုံးပုံစံရနေတဲ့အသင်းပါ။ အသင်းရဲ့ ကစားသမားသမားတွေ လူစုံနေလို့ နည်းပြ အယ်လ်ဂရီအနေနဲ့ ဘယ်လိုပုံစံနဲ့ ပွဲထွက်မလဲ စိတ် ၀င်စားစရာဖြစ်နေပါတယ်။ ခံစစ် ၃ယောက်ပုံစံကိုပဲ ဆက်သုံးမလား ဒါမှ မဟုတ် ၄ယောက်ပုံစံပြောင်းမလား ခန့်မှန်းရခက်နေပါတယ်။
"ရီးယဲယ်"
ရီးယဲယ်မှာ ဘေးလ်ပြန်ပါဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပါပြီ။ တစ်ခုရှိတာက ဇီဒန်းက ပွဲပေါင်းများစွာ လွဲချော်လာတဲ့ ဘေးလ်နေရာ အစ္စကို သုံးမလား စဉ်းစားနေ ပါတယ်။ အခုချိန်အထိလည်း တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒို၊ ဘန်ဇီမာတို့နဲ့ အတူ ဘယ်သူ ပါလာမလဲ စိတ်ဝင်စားနေကြပါတယ်။ ဇီဒန်းအတွက် ခက်ခဲ တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရမှာဖြစ်ပါတယ်။
"ထိပ်တိုက်ဆုံတွေ့မှု"
ဂျူဗီနဲ့ ရီးယဲယ်တို့ဟာ သမိုင်းတစ်လျောက် ၁၈ကြိမ် ဆုံတွေ့ဖူးထားပါတယ်။ နှစ်သင်းစလုံး ၈ပွဲစီ နိုင်ထားပြီး ၂ပွဲသရေကျထားပါတယ်။ ဖိုင်နယ် အဆင့်မှာတော့ ၁၉၉၈တုန်းက ဆုံခဲ့ပြီး ရီးယဲယ်က မီယာတိုဗစ်ခ်ျ တစ်ဂိုးတည်းနဲ့ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
"လက်မှတ် ခွဲတမ်း"
ဖိုင်နယ်ကန်မယ့် ကာဒစ်က ထောင်စုနှစ်ကွင်းဟာ ( Principality Stadium နာမည်သစ်) ဟာ ပရိသတ် ၇၄၅၀၀ဆံ့ဝင်ပြီး လုံခြုံရေး အခြေအနေတွေကြောင့် လက်မှတ် ၆၆၀၀၀ သာ ရောင်းချခဲ့ပါတယ်။ ဖိုင်နယ်ရောက်တဲ့ ဂျူဗီနဲ့ ရီးယဲယ် ပရိသတ်တွေက လက်မှတ် ၁၈၀၀၀စီ ရရှိမှာဖြစ်ပြီး ကြားပရိသတ်တွေအတွက် လက်မှတ် ၅၅၀၀သာ ရောင်းချ ခဲ့ပါတယ်။ ကျန်တဲ့ လက်မှတ် ၂၄၅၀၀ ကို ပြိုင်ပွဲ စပွန်ဆာ၊ ဥရောပ ဘောလုံးအဖွဲ့ချုပ်နိုင်ငံတွေ၊ နိုင်ငံတကာက နာမည်ကျော် ဘောလုံးသမား ဟောင်းတွေနဲ့ VIP တွေအတွက် အသုံးပြုခဲ့ပါတယ်။
"လက်မှတ် ဈေးနှုန်း"
လက်မှတ် ဈေးနှုန်းကို ပေါင် ၆၀၊ ၁၄၀၊ ၂၇၀နဲ့ ၃၉၀ ဆိုပြီး ၄မျိုးသတ်မှတ် ထားပြီး ကမ္ဘာ့ အရပ်ရပ်က ပရိသတ်တွေကို ကွန်ပြူတာ စနစ်နဲ့ရွေးချယ် ရောင်းချခဲ့ပါတယ်။ လက်မှတ် ၀ယ်လိုအားများနေတာကြောင့် မှောင်ခို ဈေးကွက်မှာ ပေါင် ၆၀တန်လက်မှတ်ဟာ ပေါင် ၁၅၀၀ကျော်၊ ပေါင် ၁၄၀လက်မှတ်ကို ပေါင် ၃၀၀၀ အထိရှိနေပြီး ပေါင် ၃၉၀တန်း ကို အမြင့်ဆုံး ပေါင် ၂သောင်းကျော်အထိ ဈေးပေါက်နေပါတယ်။
 
 "ချန်ပီယံလိဂ် အအောင်မြင်ဆုံး အသင်းများ"
၁) ရီးယဲယ် - ၁၁ကြိမ်
၂) အေစီမီလန် - ၇ကြိမ်
၃) ဘိုင်ယန် - ၅ကြိမ်
၎) ဘာစီလိုနာ - ၅ကြိမ်
၅) လီဗာပူးလ် - ၅ကြိမ်
၆) အိုင်းယက်စ် - ၄ကြိမ်
၇) အင်တာမီလန် - ၃ကြိမ်
၈) မန်ချက်စတာယူနိုက်တက် - ၃ကြိမ်
၉) ဂျူဗင်တပ်စ် - ၂ကြိမ်
၁၀) ဘင်ဖီကာ၊ နော့တင်ဟမ်ဖောရက်စ်၊ ပေါ်တို - ၂ကြိမ်
"လက်ရှိချန်ပီယံတွေရဲ့ ဖိုင်နယ်ရလဒ်များ"
၁) အေစီမီလန် ၄-၀ ဘာစီလိုနာ ( ၁၉၉၄)
အိုင်းယက်စ် ၁-၀ အေစီမီလန် ( ၁၉၉၅)
၂) အိုင်းယက်စ် ၁-၀ အေစီမီလန် (၁၉၉၅)
ဂျူဗင်တပ်စ် ၁-၁ အိုင်းယက်စ်( ၁၉၉၆)
ပင်နယ်တီနဲ့ ဂျူဗီနိုင်
၃) ဂျူဗင်တပ်စ် ၁-၁ အိုင်းယက်စ် ( ၁၉၉၆)
ပင်နယ်တီနဲ့နိုင်
ဒေါ့မန် ၃-၁ ဂျူဗင်တပ်စ် ( ၁၉၉၇)
၎) မန်ချက်စတာယူနိုက်တက် ၁-၁ ချယ်လ်ဆီး ( ၂၀၀၈)
ပင်နယ်တီနဲ့ မန်ယူနိုင်
ဘာစီလိုနာ ၂-၀ မန်ချက်စတာယူနိုက်တက် ( ၂၀၀၉)
"ရီးယဲယ်"
ဖိုင်နယ်တက်ရောက်မှု - ၁၅ကြိမ်
ဗိုလ်စွဲ - ၁၁ကြိမ်
ဒုတိယ - ၃ကြိမ်
၂၀၁၇ - ?
"ဂျူဗင်တပ်စ်"
ဖိုင်နယ်တက်ရောက်မှု - ၉ ကြိမ်
ဗိုလ်စွဲ - ၂ကြိမ်
ဒုတိယ - ၆ကြိမ်
၂၀၁၇ - ?
(မြန်မာ့ ဘောလုံးချစ်ပရိသတ်တွေကရော ကာဒစ်မှာ အောင်ပွဲခံမှာက ဂျူဗီလား ........ရီးယဲယ်လား?)

Post a Comment

 
Top