0
တစ်ချို့တွေကတော့ အတော်လေးကို ကုသိုလ်ကံကောင်းကြပါတယ်။ ထင်မှတ်မထားတဲ့ အပြုအမူလေးတွေကြောင့် ကမ္ဘာကျော်တဲ့အထိ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အခုလည်း Google ရဲ့ ကြော်ငြာမှာတောင် အသုံးပြုခံနေရတဲ့ အကြည့် ပိုင်ရှင်လေး Chloe ဟာ ဒီလို ထင်မှတ်မထားတဲ့ အပြုအမူလေးကြောင့် ကမ္ဘာကျော်ခဲ့ရပါတယ်။



လွန်ခဲ့တဲ့ 2013 ခုနှစ် စက်တင်ဘာလထဲမှာ သူမနဲ့ သူမအစ်မ Lily တို့ဟာ ကျောင်းသုံးရက်ပိတ်ခဲ့ပါတယ်။ အဲဒီအခါမှာ မိခင်ဖြစ်သူက ညီမနှစ်ယောက်ကို ကားနဲ့ ခေါ်ပြီး Mickey Mouse ကလေးကစားကွင်းကို သွားမယ့်အကြောင်း ကားပေါ် ရောက်မှ Surprise လုပ်တဲ့အနေနဲ့ ဖွင့်ပြောခဲ့တာပါ။

ဒီအခါမှာ အစ်မအဖြစ်သူ Lily က ပျော်လွန်းလို့ ၀မ်းသာပြီး အော်ဟစ်ငိုယိုခဲ့ပါတယ်။ ဒီဗွီဒီယိုကို မိခင်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ Chloe ကတော့ ဗွီဒီယိုထဲမှာ စကားအနည်းငယ်သာ ပြောရုံဆိုရုံပါဘဲ။ ဒါပေမယ့် Chloe ရဲ့ အကြည့်တွေဟာ တစ်ချိန်နဲ့တစ်ချိန် လုံးဝမ တူညီပဲ ထူးခြားနေတာကိုတော့ သတိထားမိပါလိမ့်မယ်။

အဆိုပါဗွီဒီယိုဟာ YouTube မှာပင် 18 သန်းကျော်ဲကြည့်ရှုခြင်းခံခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာ ယင်းဗွီဒီယိုထဲက Chloe ရဲ့ အကြည့်အပိုင်းအစတွေဟာ လူမှုကွန်ယက်မှာ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုမှုတွေ ရှိလာခဲ့ပါတယ်။ ဘရားဇီးနိုင်ငံမှာ ရုံးခွဲဖွင့်
လှစ်ထားတဲ့ ကမ္ဘာကျော် Search Engine ကြီး Google ကပင်လျှင် Chloe ရဲ့ ပုံရိပ်ကို လက်ရှိအချိန်ထိ အသုံးပြု နေပါတယ်။

Lily နဲ့ Chloe တို့ရဲ့ အင်စတာဂရမ်မှာ ပရိသတ် 5 သိန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ Kaite က ” ကျွန်မ ဆန္ဒတွေကတော့ ပြည့်ဝသွားပါပြီ .. သမီးလေးတွေကို အသည်းနဲ့အမျှ ချစ်ပါတယ် … ဒါကိုလည်း ကျွန်မ အချိန်မရွေး ပြောနေမိတာပါဘဲ .. ဒါ ကျွန်မ သိပ်ကံကောင်းလို့ပါ “လို့ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။




source : mirror.co.uk


Post a Comment

 
Top