0

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကနေ အခုချိန်ထိ အမေးခံရဆုံးနဲ့ အငြင်းပွားမှုအများဆုံး မေးခွန်းတွေထဲမှာ အမျိုးသားများနဲ့ အမျိုးသမီးများကြားထဲက ကွာခြားချက်ကဘာလဲ ဆိုတဲ့ မေးခွန်းတစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ ယောက်ျား၊ မိန်းမဖြစ်တည်မှုက လူသားတွေရဲ့ ဘဝကို အနည်းနဲ့အများတော့ သက်ရောက်မှုရှိနေပါတယ်။ လူအများစုကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အလုပ်ခွင်မှာ ပိုက်ဆံပိုရှာနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အမျိုးသားတွေထက် အလုပ်အကိုင်အခွင့်ပိုများပြီး ပိုက်ဆံပိုရှာနိုင်မယ့် ဘွဲ့ဒီဂရီတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

(၁) Cosmetology Degree (မိတ်ကပ်ပညာ)

Ndzazmqai72hjvrl5ulb
အလှပြုပြင်ခြင်း အနုပညာဟာဆိုရင် လွန်ခဲ့တဲ့ထောင်ပေါင်းများစွာထဲက အမျိုးသားတွေထက် အမျိုးသမီးတွေကသာ ပိုပြီးလုပ်ကိုင်ကြတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ဒါဟာဘာလို့လဲဆိုရင် ယောက်ျား၊ မိန်းမဖြစ်တည်မှုအရ မိန်းမတွေကသာ အလှအပနယ်ပယ် ပိုပြီးကျွမ်းကျင်တယ်လို့ ယူဆခံထားရလို့ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အမျိုးသားတွေလည်း အလှပြုပြင်ခြင်း အလုပ်မှာ ဝင်ရောက်ထိုးဖောက်လာပြီ ဆိုပေမယ့် မိတ်ကပ်ပညာရပ်အတွက် ဘွဲ့ဒီဂရီနဲ့ အလုပ်အကိုင်အခွင့်အလမ်းကတော့ အမျိုးသမီးထုအတွက် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

(၂) Education Degree (ပညာရေးဘွဲ့)

Vfrm8l37mlx1eslk8hf3
ပညာရေးဘွဲ့ရအရေအတွက်ကို ကြည့်မယ်ဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုများပါတယ်။ အကြောင်းအရင်းကတော့ ဟိုးအရင်ထဲက ပညာရေးနယ်ပယ်မှာ အမျိုးသမီးတွေနဲ့ ပြန့်နန့်နေပြီးသား ဖြစ်နေ့လို့ ဖြစ်ပါတယ်။ နောက်အမျိုးသမီးတွေရဲ့ ပင်ကိုသဘာဝကလည်း ပညာရေးနယ်ပယ်မှာ ပိုပြီးသင့်တော်နေလို့လည်း ဖြစ်ပါတယ်။ အမျိုးသမီးများဟာ ကျောင်းသားတွေကို စာနာပေးပြီး စိတ်ရှည်တတ်တာကြောင့် ပညာရေးနယ်ပယ် မှာအမျိုးသမီးတွေအတွက် အခန်းကဏ္ဍက မြှင့်မားနေခြင်းဖြစ်ပါတယ်။

(၃) Human Resource Degree (လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာရပ်ဘွဲ့)

Qxjgfwvc0imnypavpncq
အားလုံးသိထားကြသလိုပါပဲ။ HR နယ်ပယ်ရဲ့ ရာထူးကြီးနေရာတွေမှာ အမျိုးသမီးတွေကသာ အများဆုံး ရှိနေတတ်ပါတယ်။ အမျိုးသားအများစုကလည်း HR နယ်ပယ်ရပ်ကို မဝင်ကြပါဘူး။ ဒါဟာဘာလို့လဲဆိုရင် အမျိုးသမီးတွေကသာ စိတ်ရှည်မှုကို အမြှင့်ဆုံးထားနိုင်ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သေချာစုစည်းလေ့လာ သုံးသပ်နိုင်လို့ပဲဖြစ်ပါတယ်။

(၄) Nutrition Degree (အာဟာရဗေဒ ဘွဲ့)

Ehzvdr7efik0yi866ff1
အာဟာရနဲ့ သက်ဆိုင်တဲ့ ပညာရပ်ကတော့ သိပ်မကြာသေးခင်ကမှ ဖွံ့ဖြိုးလာတဲ့ ပညာရပ်ဆိုပေမယ့် အဲ့ဒီနယ်ပယ်မှာလည်း အမျိုးသမီးတွေကသာ အများဆုံးရှိနေပါတယ်။ အကြောင်းရင်းကတော့ မီးဖိုချောင်ထဲ အစားအသောက်ပြင်ဆင်တဲ့နေရာမှာ အမျိုးသမီးတွေကသာ ဦးဆောင်နေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစားအသောက်နဲ့ ပတ်သက်ရင် အမျိုးသမီးတွေကသာ ပိုပြီး ယုံကြည်စိတ်ချရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အမျိုးသားများအနေနဲ့လည်း အာဟာရဗေဒ မှာ ပညာရှင်တွေဖြစ်နိုင်တယ် ဆိုပေမယ့် သဘာဝအားဖြင့်ကတော့ အမျိုးသမီးတွေကသာ ဘယ်အစားအစာက ကျန်းမာရေးအတွက် သင့်လျော်တယ်၊ မသင့်လျော်ဘူးဆိုတာ အကောင်းဆုံးဆုံးဖြတ်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုထားကြပါတယ်။

(၅) Interior Design, Fine Art, and Photography

Hpjmisvtsvi4o730fwmd တချို့အမျိုးသားတွေမှာ မရှိတဲ့ အနုပညာမျက်လုံးကို အမျိုးသမီးအများစုက ပိုင်ဆိုင်ထားတဲ့အတွက် အိမ်အတွင်းပိုင်းဒီဇိုင်း၊ အနုသုခုမပညာရပ်များနဲ့ ဓာတ်ပုံပညာရပ်တွေမှာလည်း အမျိုးသမီးများ နေရာယူလာကြပါတယ်။ အမျိုးသမီးတွေအတွက် ဒီနယ်ပယ်တွေမှာ စတင်လုပ်ဆောင်ဖို့ရာ ခဲယဉ်းတယ် ဆိုပေမယ့် ဝင်ရောက်လုပ်ကိုင်ပြီးသွားပြီ ဆိုရင်လည်း သူတို့ရဲ့အလုပ်အကိုင်ကို နောက်တစ်ဆင့် တက်လှမ်းဖို့ရာ အခွင့်အရေးတွေရှိလာမှာ ဖြစ်ပါတယ်။

Ref : Womensarticle.com

Post a Comment

 
Top