0

ထိုင်းနိင်ငံရောက် မြန်မာအိမ်အကူ တိုင်းရင်းသူလေးများ ဒီ ဖြစ်စဉ်လေးကို နမူနာယူပြီး သတိထားလုပ်ကိုင်ကြပါ အိမ် ရှင်တွေရဲ့ လှည့်ကွက်တွေထဲ မဝင်မိပါစေနဲ့ လို့သတိထားပေးချင်ပါတယ်။
ထိုင်းနိင်ငံချင်းမိုင်ခရိုင် ချင်းမိုင်မြို့ တွင် အိမ်အကူနှင့် စားသောက်ဆိုင်အထွေထွေအလုပ်သမလေး (၁၃) နှစ်ခန့့် အလုပ် လုပ်တဲ့ သက်တမ်းရှိသော ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ် မှ မြန်မာအိမ်အကူ အလုပ်သမလေးကို စိန်လက်စွပ်ဘတ် (၅) သန်းတန်ကြေးရှိသော ပစ္စည်းကိုမြန်မာအိမ်အကူအမျိုးသမီးက ခိုးယူသွားပါတယ်လို့  စွပ်စွဲခဲ့ပါသည်။

နယ်မြေခံရဲများရှေ့ တွင် အလိုမတူပဲ ဝန်ခံခိုင်းပြီး ချင်းမိုင်ထောင်ထဲမှာ (၆) လခန့့် အချုပ်ကျနေစဉ် တရားရုံးထုတ်ရက် အခွင့်အရေးတစ်ခုက ဖုန်းပြောခွင့်ရှိပါတယ်။ မိမိကို တကယ်ကူညီပေးနိုင်မည့် သူကိုသာ ဆက်သွယ်ပါ အချိန်(၁၀) မိနစ်သာပေးမည် အကယ်၍ အဆက်အသွယ်မရပါက ထိုင်းဥပဒေအတိုင်း သူခိုးမှု (၆) လမှ (၂) နှစ်ခွဲ အပြစ်ဒဏ်ခံ ရမှာဖြစ်ပါတယ်။

မိမိဖက်က မခိုးဘူးဟု ငြင်းဆိုခွင့်ရှိသော်လည်း မိမိကို အပြင်မှ လာရောက်ကူညီပေးသူမရှိပါက အချိန်အကြာကြီးအမှုကို ရင်ဆိုင်ရမှာကိုစိုးရိမ်သဖြင့် ဖုန်းနံပါ တ်အလွတ်ရနေသော”AAC” မဟာမိတ်အဖွဲ့ကို ဆက်သွယ်ပြီး အကူညီတောင်း ခဲ့ သည်။

မြန်မာပြည်မိသားစုနဲ့ အဆက်အသွယ်လုပ်ပြီး တရားမျှတသော ဥပဒေနှင့် အညီရှေ့ နေငှားပြီး အမှုကိုရင်ဆိုင်မှာဖြစ် ပါတယ်။

အချုပ်ကျမြန်မာတိုင်းရင်း ကချင်အမျိုးသမီးလေးကို အာမခံထုတ်ပြီး အမှုရင်ဆိုင်နိင်ရန်”AAC” အဖွဲ့ ထိုင်းမြောက်ပိုင်း ခရိုင်ချင်းမိုင်မြို့နယ် တရားရုံးမှာရောက် ရှိနေပြီး အမှန်တရားအတိုင်းဖြစ်နိင်ဖို့ ကြိုးစားဆောင်ရွက် ပေးနေပါသည်။
AAC မဟာမိတ်အဖွဲ့ ထိုင်းအခြေစိုက်
Ye Min

Post a Comment

 
Top