0

ရီးရဲမက်ဒရစ်အသင်း ဟာ ချယ်လ်ဆီး ကစားသမား အီဒင် ဟာဇတ် ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ဘယ်လ်ဂျီယံကစားသမားကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းသွားဖို့ပြင်ဆင်နေတယ်လို့ The Sun ကဖေါ်ပြခဲ့ပါတယ်။
ရီးရဲမက်ဒရစ် အသင်းက ဟာဇတ် ကို ဘာနေဗျူး သို့ ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ သုံးကြိမ်ရှိပြီလို့သိရပါတယ်။
ရီးရဲအသင်းက ဟာဇတ် ကို ဘေးလ်၊ ရိုနယ်လ်ဒို နဲ့ ဘန်ဇီမာ တို့ရဲ့နောက်ကနေ ကစားကွက်ဖန်တီးသူအနေနဲ့ ကစားဖို့သဘောတူညီမှုပေးထားတယ်လို့ သိရပါတယ်။

Post a Comment

 
Top