0

 ‘‘ပြန်လာပြီ၊ ကားငှားထားလိုက်’’

 လေယာဉ်အမှတ် (၅၈၂၀) ပေါ်မတက်မီ နာရီဝက်ခန့်အလိုတွင် ဒေါ်တင်လေးက သားဖြစ်သူ ကိုဝေလင်းအောင်ထံ ဖုန်းဆက်မှာခဲ့ သည်။
ရန်ကုန်လေဆိပ်တွင် မိခင်ပါလာမည့်လေယာဉ်ကို မျှော်ရင်း ကိုဝေလင်းအောင်ကြားလိုက်ရသည်က တပ်မတော်လေယာဉ် ပျောက်ဆုံးသွားသည့်သတင်း။ဒေါ်တင်လေးသည် မြိတ် လေတပ်စခန်းဌာနချုပ်မှ တပ် ကြပ်စန်းဟိန်း၏ မိခင်ဖြစ်ပြီး ခွင့် ယူကာ ရန်ကုန်မြို့သို့ လိုက်ပါခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည့်  ခရီးသည်စာရင်းတွင် ဖော်ပြထား သည်။
မိခင်၏ အခြေအနေကို အ တိအကျမသိရသေးဘဲ အသက် ရှင်ကျန်ရစ်ရန် မျှော်လင့်လျက် ရှိသည်။ သို့သော် မိခင်အတွက် ရည်စူးကာ သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်နေသည်ဟု ကိုဝေ လင်းအောင်က ပြောသည်။ ကိုဝေလင်းအောင်တစ်ယောက် စိုးရိမ်ပူပန်မှု ဒွိဟနှင့် ရောယှက်နေ သည်။ မိခင်အတွက် မျှော်လင့် ချက်ရှိသေးပြီး မိခင်အလောင်းကို မျက်မြင် မတွေ့ရမချင်း လက်မလျှော့သေးဟု ကိုဝေလင်းအောင် က ပြောသည်။
ဇွန်လ ၈ ရက်တွင် လေ ယာဉ်အစိတ်အပိုင်းအချို့နှင့် သေ ဆုံးသူအချို့၏ ရုပ်အလောင်းများ ကို ဆယ်ယူရရှိနေပြီဖြစ်ရာ ယင်း နေရာသို့ သွားရောက်ကြည့်ရှုရန် စီစဉ်နေသည်ဟု ကိုဝေလင်း အောင်က ပြောသည်။

ကိုဝေလင်း အောင်က မိခင်ပုံကို လူမှုကွန်ရက်ပေါ် တင်ကာ ကူညီ ကယ်ဆယ်ရေး များကို အကူအညီ တောင်းခံလျက် ရှိသည် ( ဓာတ်ပုံ − ဝေလင်းအောင် FB)
‘‘မနက်ဖြန်လိုက်သွားပြီး ကြည့်မယ်။ ကိုယ်တိုင်မမြင်သေး သ၍ မယုံသေးဘူး’’ဟု မိခင် ပျောက်သည့်သားက သူ၏မျှော် လင့်ချက်ကို ပူဆွေးဝမ်းနည်းစွာ ပြောသည်။
ဇွန်လ ၇ ရက်က ဖြစ်ရပ်ဆိုး ကြုံခဲ့ရသည့် လေယာဉ်အမှတ် (၅၈၂၀)ပေါ်တွင် လိုက်ပါခဲ့ကြ သော လူပေါင်းများစွာ၏ ကံကြ မ္မာကို လက်ရှိအချိန်အထိ မည်သူ မျှ မခန့်မှန်းနိုင်သေးပါ။ စစ်မှုထမ်း မိသားစုနှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာ သည့် လေယာဉ်ပျက်ကျမှုဖြစ်စဉ် တွင် ဇွန်လ ၈ ရက် ညနေ ၆ နာရီ အထိ အလောင်း ၃၁ လောင်း ဆယ်ယူရရှိသည်ကလွဲ၍ ကျန် သည့် လူပေါင်း ၉၁ ဦးမှာ မမျှော် မှန်းနိုင်သေးသည့် အခြေအနေ တွင်ရှိနေသည်။
ပင်လယ်ပြင်တွင် လေယာဉ် ပျက်ကျခြင်းဖြစ်ပြီး ၂၄ နာရီကျော် သည့်အထိ ရှာမတွေ့သေး၍ အ ဆိုး၊အကောင်း မျိုးစုံဖြစ်ပွားနိုင် သည့် အခြေအနေ၌ ရှိနေသော် လည်း လေယာဉ်ပေါ်ပါသူအချို့
၏ မိသားစုဝင်များက မျှော်လင့် ချက်အချို့ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
မျှော်လင့်ချက်အချို့ဖြင့် စောင့်မျှော်နေကြသူများထဲတွင် ကိုမိုးအောင်လည်း ပါသည်။ အ ထူးသဖြင့် သူ၏ လူမမည် တူနှင့်  တူမလေးကိုဖြစ်သည်။
၎င်း၏ မရီးဖြစ်သူ မအေး အေးငြိမ်းနှင့် ကလေးနှစ်ဦးသည် လေယာဉ်ပေါ်တွင် ပါသွားသူများ ဖြစ်သည်။ သားအမိသုံးဦး၏ ကံ ကြမ္မာသည် အကောင်းဘက်သို့ တွေး၍မရနိုင်သော်လည်း အ နည်းဆုံး တစ်ဦးလောက်တော့ အသက်ရှင်ကျန်ခဲ့ပါစေဟု မျှော်လင့်နေကြောင်း ကိုမိုးအောင်က ပြော သည်။
အသက်(၈)နှစ်အရွယ် မစု လတ်ရွှေရည်မင်းနှင့် အသက် (၁) နှစ်ကျော်အရွယ် မောင်ကောင်း ထက်နိုင်တို့သည် မအေးအေးငြိမ်း ၏ သမီးနှင့်သား ဖြစ်သည်။ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တွင် နေထိုင်သူများဖြစ်ပြီး မစု လတ်ရွှေရည်မင်းကို ရန်ကုန်မြို့၌ ဒုတိယတန်းကျောင်းအပ်ရန် လာ သည့်လမ်းခရီး၌ ယင်းကဲ့သို့ ကြုံ တွေ့ခဲ့ရခြင်းဖြစ်သည်။
လေယာဉ်ပေါ် မတက်မီ ရန်ကုန်က မိဘများထံဖုန်းဆက် ပြီး လာကြိုရန် မှာကြားခဲ့သည့် မအေးအေးငြိမ်းတို့ သားအမိသုံး ဦးကို ရန်ကုန်လေဆိပ်သို့ သွား ရောက်ကြိုဆိုခဲ့ကြသော်လည်း ရောက်မလာတော့ချေ။ လက်ရှိ တွင် မအေးအေးငြိမ်း၏ မိဘများ က ရန်ကုန်မှ ရှာဖွေရေးလုပ်ကိုင် နေသည့်နေရာသို့ သွားရောက်နေ ပြီဖြစ်ကြောင်း ကိုမိုးအောင်က ပြောသည်။ မအေးအေးငြိမ်းသည် ဗိုလ်မှူးမင်းသူရ၏ ဇနီးဖြစ်ပြီး အိမ်ထောင်သည်ခွင့်ဖြင့် ရန်ကုန် သို့ သွားရောက်သည်ဟု ဖော်ပြ ထားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကထုတ်ပြန်သည့် လေယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များစာရင်းတွင် မအေး အေးငြိမ်းနှင့် ကလေးတစ်ဦးဟု သာ ဖော်ပြထားပြီး အခြားကလေး အမည်မပါဝင်ပေ။ ‘‘တူလေး ကောင်းထက်နိုင်က တစ်နှစ်ကျော် ပဲရှိသေးတယ်။ လေယာဉ်လက် မှတ်တွေနဲ့ တွက်လို့များ တူလေး ကစာရင်းထဲ မပါတာများလား’’ ဟု ဗိုလ်မှူးမင်းသူရ၏ညီ ကိုမိုး အောင်က သူ၏ မျှော်လင့်ချက်ကို ပြောသည်။
မိသားစုချင်းပြန်ဆုံရန် မျှော် လင့်ရင်းအဝေးဆုံးဝေးသွားရမည့် အခြေအနေနှင့် ကြုံနေရသူများရှိ သကဲ့သို့ ဆွေမျိုးများ မိသားစု လိုက် ပျက်ကျသောလေယာဉ်ပေါ်ပါသွား၍ ကြေကွဲနေသူများလည်း ရှိနေပါသည်။
ကိုရာဇာဝင်းတို့ မိသားစု သုံးဦးသည်လည်း တပ်မတော် လေယာဉ်အမှတ် (၅၈၂၀)၏ နောက်ဆုံးခရီးစဉ်တွင် လိုက်ပါခဲ့ ကြသူများဖြစ်သည်။ ကိုရာဇာဝင်း နှင့် ဇနီးမသန္တာ၊ ၎င်းတို့၏ တစ်ဦး တည်းသော သားငယ်လေးမောင် ဟိန်းသန့်စင်တို့ဖြစ်သည်။
ပုတီးကုန်းမြို့ တိုက်တော ကျေးရွာတွင် နေထိုင်သည့်၎င်းတို့ ၏ မိသားစုသည် အစ်မရှိသည့် မြိတ်မြို့မှ ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ်သို့ သွားရောက် လည်ပတ်ပြီး အပြန်လမ်း၌ ဖြစ် ရပ်ဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ် သည်။ ကိုရာဇာဝင်း၏အစ်မသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်မှ ဗိုလ်ကြီးအောင်ကိုဦး၏ ဇနီးဖြစ်သည်။
‘‘သူတို့က လေယာဉ်တစ်ခါ မှ စီးဖူးတာမဟုတ်ဘူး။ တစ်သက် မှာတစ်ခါလေး လေယာဉ်စီးဖူး တာကို ဒီလိုအဖြစ်မျိုးကြုံရတာ’’ ဟု ကိုရာဇာဝင်း၏ ၀မ်းကွဲအစ်ကို ဦးနေလင်းထွန်းက ပြောသည်။
ဦးနေလင်းထွန်း ကံ ကောင်းခဲ့သည်။ မြိတ်သို့ မေလ၂၄ ရက်ကသွားရာ ကိုရာဇာဝင်း တို့မိသားစုနှင့် ဦးနေလင်းထွန်း ပါဝင်ခဲ့သည်။ အသွားခရီးစဉ်က လည်း ယခုပျက်ကျခဲ့သည့် လေ ယာဉ်အမှတ် (၅၈၂၀) ဖြင့်ပင် သွားခဲ့ကြောင်း ဦးနေလင်းထွန်း က ပြောသည်။
ဦးနေလင်းထွန်းသည်အလုပ် ကိစ္စကြောင့် ရက်ကြာကြာနေ၍ မရသဖြင့် မေလကုန်က ရန်ကုန် သို့ ပြန်လာခဲ့ပြီး ယင်းအဖြစ်ဆိုးမှ လွတ်မြောက်ခဲ့သည်။ သို့သော်ညီ ဖြစ်သူမိသားစုအတွက် ဝမ်းနည်းကြေကွဲရကြောင်း ၎င်းကဆိုသည်။
ကိုရာဇာဝင်း၏ မိခင်သည် သွေးအားနည်းရောဂါကြောင့် ဆေးရုံတက်နေရသဖြင့် လေ ယာဉ်ပျက်ကျသည့်အဖြစ်ကို ဖွင့် မပြောနိုင်သေးကြောင်း ဦးနေ လင်းထွန်းကဆိုသည်။
လက်ရှိတွင် ဗိုလ်ကြီးအောင် ကိုဦးသည် လေယာဉ်ပျက်ကို ရှာ ဖွေကယ်ဆယ်နေရသဖြင့် ကိုရာ ဇာဝင်းတို့မိသားစု၏ အခြေအနေ ကို စောင့်ကြည့်နေကြောင်း ဦးနေ လင်းထွန်းက ပြောသည်။
‘‘နောက်ဆုံးအထိတော့ မျှော်လင့်နေရတာပါပဲ’’ဟု ၎င်းကဆို သည်။

Post a Comment

 
Top