0

မကြာသေးခင်က ထွက်ပေါ်လာတဲ့ “တစ်နိုင်ငံလုံး ပထမရ ကျောင်းသားမှ ကြက်ပေါင်းရည် ကြော်ငြာ ရိုက်ကူးမှုကို ငြင်းဆို”ဆိုတဲ့ သတင်းမှာ သတင်းမှားဖြစ်ကြောင်းနဲ့အဆိုပါသတင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေ ဟာသပုံစံဖြင့်ရေးသားထားခြင်းသာဖြစ်ကြောင်းတစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး (အထက ၂ ရန်ကင်း) က အခုလိုပဲရှင်းလင်းပြောကြားထားပါတယ်။
တစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး (အထက ၂ ရန်ကင်း) နှင့်ပတ်သက်ပြီးရှင်းလင်းချက်မှာ” ခုတတ်နေတဲ့ဘရင်းကြက်ပေါင်းနဲ့ဆရာခိုကိစ္စကလုံးဝမဟုတ်ပါဘူးဗျာ့။ညီလေးရဲ့အဖေကလည်းဒီကိစ္စကိုလုံးဝမဟုတ်ကြောင်းဖြေရှင်းထားပါတယ်။ ဒါပါဘဲအောင်မြင်မှုဆိုတာရယူဖို့ခက်ခဲသလို၊ရလာတဲ့အောင်မြင်မှုကိုလည်းဒီအဆိုးမြင်ဝါဒဖြန့်သမားတွေ့ကြောင့်တည်မြဲနိုင်အောင်ထိန်းသိမ်းနိုင်ဖို့ခက်ခဲတယ်ဆိုတာ။ ဘယ်နှယ့်ဗျာ့ ကာယကံရှင်ကိုယ်တိုင် မပြောခဲ့တဲ့ကိစ္စကို အဟုတ်လုပ်ပြီး သတင်းဖြန့်နေတာ။ ဒီနှစ်မှာမှတစ်ယောက်ထဲထွက်တဲ့ ဒီပညာပါရမီရှင်လေးကို Myanmar Breaking New Page ကဘလိုမျိုးရည်ရွယ်ချက်နဲ့တိုက်ခိုက်မှန်းတော့မသိဘူး။ဟာသအနေနဲ့တင်တာပါဆိုရင်လည်းမလုပ်ပါနဲ့ဗျာ့။ဒီကိစ္စကညီလေးရှေ့လျှောက်မယ့်အနာဂတ်လမ်းကြောင်းမှာ သူ့သူငယ်ချင်းတွေဆီမှာ အမြဲတမ်းအလှောင်ခံရမယ့်ကိစ္စပါဗျာ့။ post အာက်မှာ Likeက 10kကျော်တယ်။ ကော်မန့်တွေကလည်း ဆဲဆိုတာတွေ၊ဝေဖန်ထားတာတွေနည်းတာမဟုတ်ဘူး။ shareထားတာကလဲ သောက်သောက်လဲ။ တခြားpostတွေတင်ပြီးဟာသတွေလုပ်နေကြတာလည်း စုံလို့။ ဒီဝါဒဖြန့်သမားတွေ့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီး ခုထိ တိုးတတ်မှုနှောင့်နေနေတာ။ ကာယကံရှင်မိသားစုတွေကလည်း ဒီကိစ္စကြောင့်စိတ်ထိခိုက်နေရပြီး ဖြေရှင်းချက်တွေပေးနေရတယ်ဗျာ့။ ခုမှဘဝခရီးလမ်းကို စတင်မယ့် လူရည်ချွန်လေးကို ဒီလိုမျိုး တိုက်ခိုက်လိုက်တာဟာ သူလျှောက်မယ့် အနာဂန်အတွက်များစွာ စိတ်ထိခိုက်သွားနိုင်တယ်။ပညာတတ်လေးတွေကိုနိုင်ငံတော်အနာဂတ်အတွက်လက်ကမ်းကြိုဆိုကြပါဗျာ့။မြန်မာလူမျိုးတို့ရဲ့ဂုဏ်ကိုဖော်ကြပါ။မိမိလူမျိုးဖင်ကိုမဖော်ကြပါနဲ့ဗျာ့။ ညီလေးသုတရဲမိုး….အောင်မြင်သူတိုင်းအတိုက်ခံဆိုတာရှိစမြဲပဲကွာ ဘယ်တွက်ကြောင့်မှစိတ်ဓာတ်မကျနဲ့ ဖိုက်တင်းညီလေး သူများတွေမလုပ်နိုင်တဲ့အရာကိုယူပြနိုင်ခဲ့လို့လည်းထပ်ဆင့် congratulations ပါညီလေး နောက်ထပ်သတင်းအမှားတွေမတင်ဖို့……. အားလုံးကို ရိုသေလေးစားတောင်းပန်လျှက်လျှက်……..” လို့ ပြန်လည်ဖြေရှင်းထားပါတယ်။
Credit – OP








Post a Comment

 
Top