ရေပတ်လည်ဝိုင်းနေတဲ့ ကုန်းမြေကို ကျွန်းဟုခေါ်ပါသည် လို့ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရဖူးပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်မှာ လူတော်တော်များများက အလှဆုံးနေရာများဟာ ကျွန်းများဖြစ်တယ် လို့ လက်ခံထားကြပါတယ်။
ကျွန်းရဲ့ သဲသောင်ပြင်တွေမှာ အနားယူပြီး ရေကူးလိုက်ရရင်ကိုပဲ သင့်စိတ်ဟာ လန်းဆန်းလာပြီးတော့ ခွန်အားသစ်တွေ ပြန်လည် ပေါ်ပေါက်လာသကဲ့သို့ခံစားရမှာ အမှန်ပါပဲ။
အခုဒီမှာတော့ ကြည်းနူးနှစ်သက်ဖွယ်ကောင်းတဲ့ အလှတရားများနဲ့ ပြည့်ဝနေတဲ့ ကမ္ဘာ့အလှဆုံး ကျွန်း (၁၀) ကျွန်း ကိုဖော်ပြလိုက်ပါတယ်။
ကျွန်းရဲ့ သဲသောင်ပြင်တွေမှာ အနားယူပြီး ရေကူးလိုက်ရရင်ကိုပဲ သင့်စိတ်ဟာ လန်းဆန်းလာပြီးတော့ ခွန်အားသစ်တွေ ပြန်လည် ပေါ်ပေါက်လာသကဲ့သို့ခံစားရမှာ အမှန်ပါပဲ။
အခုဒီမှာတော့ ကြည်းနူးနှစ်သက်ဖွယ်ကောင်းတဲ့ အလှတရားများနဲ့ ပြည့်ဝနေတဲ့ ကမ္ဘာ့အလှဆုံး ကျွန်း (၁၀) ကျွန်း ကိုဖော်ပြလိုက်ပါတယ်။
၁၀။ စိန့်လူစီယာ (Saint Lucia)
ကာရေဘီယန် ပင်လယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စိန့်လူစီယာကျွန်းနိုင်ငံလေးဟာ မီးတောင်သဘာဝ ကမ်းခြေများ၊သန္တာကျောက်တန်း ရေငုပ်ခြင်းများ၊ ငါးမျှားလို့တဲ့ နေရာများနဲ့ ဇိမ်ခံ အပန်းဖြေနေရာ များရှိတဲ့အတွက် နာမည်ကြီးတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၇၀၀ ခန့်မြင့်တက်နေတဲ့ မီးတောင်သေ နှစ်ခုရှိပြီး ဒီကျွန်းနိုင်ငံလေးဟာ လူတွေလာ ရောက်ကြတာလည်း မကြာသေးတဲ့ အတွက်
လတ်ဆတ်ဆဲ ကျွန်းတစ်ခုဖြစ်ပါတယ်။
လတ်ဆတ်ဆဲ ကျွန်းတစ်ခုဖြစ်ပါတယ်။
၉။ကအူလ်၊ ဟာဝိုင်အီ ကျွန်းစု (Kauai, Hawaii)
ဟာဝိုင်အီ ကျွန်းစုတွေထဲမှာ ပါဝင်ပြီး ပစိဖိတ် သမုဒ္ဒရာအလယ်ပိုင်းမှာ တည်ရှိတဲ့ ကအူလ် ကျွန်းလေးဟာ အပူပိုင်း ဒေသ အမြဲစိမ်းတောများ ထူထပ်စွာရှိနေတဲ့ အတွက် ဥယျာဉ် ကျွန်းဆိုတဲ့ နာမည်ပြောင်ကိုလည်းရထားပါတယ်။ကျွန်းရဲ့ အကျယ်အ၀န်း က ၅၅၂ စတုရန်း မိုင်ကျယ်ဝန်းပြီး လှပတဲ့ ရေတံခွန်များနဲ့ ကမ်းခြေများရှိပါတယ်။
ဒါအပြင် ကျွန်းရဲ့ဘေးက ပင်လယ်ပြင်မှာလည်း အရောင်အသွေးစုံလင်တဲ့ ငါးများ၊ပင်လယ်လိပ်များနဲ့ သန္တာကျောက်တန်းများရှိပြီး ကအူလ်ကျွန်းဟာ သူရဲ့ အနီးတ၀ိုက် တခြားကျွန်းများထက် ကျေးလက်သဘာဝပို ဆန်ပါတယ်။
၈။ဆေးလ်ချဲလီ (Seychelles)
အာဖရိက အရှေ့ဘက်ခြမ်း၊အိန္ဒိယ သမုဒ္ဒရာထဲမှ ကျွန်းပေါင်း ၁၁၅ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ ဆေးလ်ချဲလီ ကျွန်းနိုင်ငံလေးဟာ များပြားလှတဲ့ ကမ်းခြေတွေ၊သန္တာကျောက်တန်းမ
၇။ ဖီဂျီ (Fiji)
အိုရှင်းနီးယား Oceania (ပစိတ်ဖိတ် သမုဒ္ဒရာနဲ့ အလယ်ပိုင်းနဲ့ တောင်ဘက်ခြမ်းမှ ကျွန်းများ) ကျွန်းနိုင်ငံ တစ်ခု ဖြစ်ပြီး ကျွန်းပေါင်း ၃၀၀ ကျော်ပါဝင်တဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။အပူပိုင်း ဖြူလွလွ သဲသောင်ပြင်များနဲ့ စိမ်းပြာရောင် ပင်လယ်ပြင်ကြီးရှိပြီး ရေငုတ်ခြင်း၊ရေကူးခြင်း၊ လှိုင်းစီးခြင်း များပြုလုပ်နိုင်ပြီး ဗြိတိန် ကိုလိုနီ ခေတ်လက်ရာများနဲ့ လှပနေတဲ့ ကျွန်းနိုင်ငံ တစ်ခုဖြစ်ပါတယ်။
၆။မန်အူလ် ဟာဝိုင်အီ (Maui Island in Hawaii)
ကမ္ဘာ့အလှဆုံး ကျွန်းများရဲ့ စာရင်းထဲမှာတော့ ဟာဝေယံကျွန်းစုမှ ကျွန်း နှစ်ကျွန်းပါဝင်လာခဲ့ပြီး မန်အူလ် ကျွန်းဟာ မိုင် ၃၀ မျှရှည်လျားတဲ့ ကမ်းခြေကို ပိုင်ဆိုင်ထားပြီးတော့ ဧရိယာအားဖြင့် စတုရန်း မိုင် ၇၂၇ မိုင်အကျယ်အ၀န်းရှိပါတယ်။
မန်အူလ်ကျွန်းဟာ တောရိုင်းတိရစ္ဆာန်များစုံလင်ပြီး စိတ်ဝင်စားစရာ ယဉ်ကျေးမှုများနဲ့ လူမျိုးများရှိတဲ့ ကျွန်း တစ်ကျွန်း ဖြစ်ပါတယ်။မန်အူလ်ကျွန်းရဲ့ မြေမျက်နှာသွင်ပြင်ဟာ လှပပြီး ပေ ၁၀၀၀၀ ခန့်မြင့်တဲ့ Haleakalā မီးတောင်နဲ့ ရေတံခွန်များရှိပြီး မန်အူလ်ကျွန်းဟာ ရေငုတ်လို့ကောင်းတဲ့ နေရာ တစ်ခု အဖြစ်လည်း ထင်ရှားပါတယ်။
၅။မော်လ်ဒိုက် (Maldives)
မော်လ်ဒိုက် ကျွန်းကိုတော့ တော်တော်များများ ကြားဖူးကြမှာ ဖြစ်ပြီး တောင်အာရှ ဒေသမှာ တည်ရှိတဲ့ ကျွန်းနိုင်ငံ တစ်ခု ဖြစ်ပါတယ်။အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းနိုင်ငံ ဖြစ်ပြီးတော့ စက်ဝိုင်းပုံစံ အလယ်၌ ရေငန်အိုင်ရှိသော သန္တာကျောက်ကျွန်း ၂၆ ကျွန်းနဲ့ သန္တာဆောင် ကျွန်းပေါင်း ၁၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။မော်လ်ဒိုက် ကျွန်းများကို ကမ္ဘာ့အကောင်းဆုံး ကျွန်းများလို့လက်ခံထားကြပြီး ဖြူလွလွ ကမ်းခြေများနဲ့ စိမ်းပြာရောင်ပင်လယ်ရေများက အသက်ရူမှားလောက်စရာ သဘာဝ အလှတရားဖြစ်ကြောင်း သက်သေပြနေကြပါတယ်။
ဒါအပြင် သန္တာကျောက်တန်းများနဲ့ ပင်လယ်သတ္တ၀ါများကို ရှင်းရှင်းလင်းမြင်နေရတာကြောင့် ရေငုတ်၊ရေကူးဖို့ရန် အင်မတန် သင့်တော်လှတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။
၎။ ဘာလီကျွန်း အင်ဒိုနီးရှား (bali island)
အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းဟာ သစ်တောထူထပ်လှတဲ့ မီးတောင်သေများ၊လယ်ကွက်များ
ဘာလီကျွန်းရဲ့ ဧရိယာဟာ ၂၂၃၂ စတုရန်း မိုင်ရှိပြီး ကမ်းခြေကို အပန်းဖြေခရီးထွက်ရန်သက်သက် လာရောက်ကြတဲ့ သူတွေရှိသလို့ ကြွယ်ဝတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊အနုပညာ၊ ဂီတ နဲ့ အက တို့ကြောင့် လည်း ရှေးဟောင်းသုတေသန ပညာရှင်များလည်း လာရောက်ကြပါတယ်။
၃။ဆန်တိုရီနီ ၊ဂရိ ( Santorini )
အေဂျီယန် ပင်လယ်မှာ တည်ရှိပြီး ဆန်တိုရီနီ ကျွန်းဟာ BC ၁၆ ရာစုခန့်က မီးတောင် ပေါက်ကွဲခြင်းကြောင့် ကြမ်းတမ်းတဲ့ မြေမျက်နှာ ပြင်များဖြစ်ပေါ်နေတဲ့ ကျွန်း တစ်ကျွန်း ဖြစ်ပါတယ်။ ဒါအပြင် အဖြူရောင် ကုဗတုံး ပုံစံ အိမ်များလည်းရှိပြီး ဆန်တိုရီနီ ကျွန်းရဲ့ အကျယ်အ၀န်းကတော့ ၃၅.၁၂ စတုရန်း မိုင်ဖြစ်ပါတယ်။ဆန်တိုရီနီကျွန်းရဲ့ တစ်ချို့သောနေရာတွေမှာ အနီ၊အနက်ရောင် သဲများရှိပြီး ခမ်းနားတဲ့ နေ၀င်နေထွက်ရှုခင်းကိုလည်း ခံစားနိုင်ပါတယ်။ဆန်တိုရီနီ
၂။ဘိုရာ ဘိုရာ (Bora Bora ပြင်သစ်ပိုင် ပိုလီနီးရှားကျွန်း )
ဘိုရာ ဘိုရာဟာ တောင် ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းလေးဖြစ်ပြီး ပြင်သစ်ပိုင် ပိုလီနီးရှား ( Polynesia = ပစိဖိတ် သမုဒ္ဒရာထဲမှာ ကျွန်းများ) ကျွန်း ဖြစ်ပါတယ်။စိမ်းပြာရောင်ထုံ
ဧရိယာကတော့ ၁၁.၃၁ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။
ဘိုရာ ဘိုရာကျွန်းလေးဟာ အနုပညာသည် တစ်ယောက်ရဲ့ လက်ရာကဲ့သို့လှပပြီး တောင်ပစိဖိတ် သမုဒ္ဒရာရဲ့ အလှအပကို လွတ်လပ်စွာ ခံစားစေနိုင်မယ့် ကျွန်း ဖြစ်ပါတယ်။
၁။ပါလာဝမ် (Palawan ၊ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံ ရဲ့ စီရင်စု မြို့နယ်ဖြစ်တဲ့ ပါလာကျွန်းဟာ ဧရိယာ စတုရန်း မိုင်ပေါင်း ၅၆၅၆ ကျယ်ဝန်းပြီး ကုန်းနေရေနေ မျိုးစိတ်များစုံလင်လှတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ကမ်းခြေများ၊ သန္တာကျောက်တန်းများနဲ့ သန်စွမ်းလှတဲ့ တောအုပ်ကြီးများကြောင့် ပါလာဝမ် ကျွန်းဟာ ကမ္ဘာ့ အလှပဆုံး ကျွန်း အဖြစ် ရွေးချယ်ခံခဲ့ရတာ
ဖြစ်ပါတယ်။
ဖြစ်ပါတယ်။
ဒါအပြင် ပါလာဝမ် ကျွန်းမှာ သဘောဝ သားရိုင်းတိရစ္ဆာန်များကို စုံလင်စွာတွေ့မြင်နိုင်ပြီး သဘာဝ ပါတ်ဝန်းကျင်ကို လုံးဝ ပကတိ အတိုင်း တွေ့မြင်နိုင်မဲ့ ကျွန်း တစ်ကျွန်းဖြစ်ပါတယ်။
https://www.facebook.com/mmknowledgecorner/
Post a Comment