0
အမေရိကန်နိုင်ငံမြောက်ဘက်ပိုင်းမှာ အလွန်အဆိပ်ပြင်းတဲ့ Black Widow Spider ဟုခေါ်တဲ့ ပင့်ကူနက်ဟာ လူ အများကို ဒုက္ခပေးလျက်ရှိနေပြီး တစ်နှစ်တွင် ပျမ်းမျှလူဦးရေ(၂၀၀၀)ကျော် အကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။  အဲဒီ Black Widow Spider ပင့်ကူနက်ဟာ ပင့်ကူမျိုးစေ့များအနက် အဆိပ်ပြင်းဆုံး မျိုးစေ့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Daily Mailသတင်းစာရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့အပတ်က မန်ဒန်မြို့မှာနေတဲ့ (၅)နှစ်အရွယ်ကောင်မလေးတစ်
ယောက်ဟာ အဆိုပါပင့်ကူနက်အကိုက်ခံရလို့ ဆေးရုံမှာ အထူးကုသနေရတယ်လို့ သိရပါတယ်။ အဲဒီအကိုက်ခံရတဲ့
ကောင်မလေးရဲ့နာမည်မှာ ကိုင်လင်းဒိုနိုဗန်ဖြစ်ပြီး သူမဟာ ခြံထဲမှာဆင်းဆော့ရင်း ပင့်ကူနက်အကိုက်ခံရတာလို့သိရပါ
တယ်။

မိဘတွေဖြစ်တဲ့ ဂျို့စ်နဲ့ ခရစ္စတင်းဒိုနိုဗင်တို့က သူမရဲ့ဒဏ်ရာကို သာမန်ထိခိုက်မိပဲလို့ ထင်ခဲ့ပြီး (၃)၊ (၄)ရက်မှ ပင့်ကူ နက်ကိုက်ခံရထားတဲ့ ဒဏ်ရာဟာ အလွန်ဆိုးရွားလာခဲ့သလို ကိုင်လင်းဒိုနိုဗန်မှာလည်း အဖျားတွေတက်ခဲ့ပါတယ်။ အဲ ဒီတော့မှသာ မိဘတွေက သူမကို ဆေးရုံပို့ပေးခဲ့ပြီး ဆေးရုံရောက်တော့ ဆရာဝန်တွေက ချက်ချင်းခွဲစိတ်ခန်းထဲကို ထည့်သွင်းပြီး ကုသခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ကိုင်လင်းဒိုနိုဗန်ဟာ ဆေးရုံအရောက်မြန်တာကြောင့် ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။

Black Widow Spider ကို Latrodectus လို့လည်းခေါ်သေးပြီး သူတို့ဟာ အမေကန်နိုင်ငံ မြောက်ပိုင်းပြည်နယ်
တွေမှာ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။ လက်ချောင်း(၈)ချောင်းပါဝင်ပြီး တစ်ကိုယ်လုံးအမည်းဖြစ်ကာ ၀မ်းဗိုက်
အောက်မှာတော့ အနီရောင်အစက်ကြီးတစ်ခုတော့ပါဝင်ပါတယ်။ အဲဒီအနီရောင်အစက်ဟာ သူတို့ရဲ့အဆိပ်ဂလင်း
တွေဖြစ်ပါတယ်။

Black Widow Spiderမှာ အထီးနဲ့ အမရှိပြီး အထီးထက် အမက ပိုအဆိပ်ပြင်းတယ်လို့ သိရပါတယ်။
Black Widow Spider အကိုက်ခံရရင် ဖြစ်လာမယ့်လက္ခဏာတွေကတော့ ကြွက်သားနာကျင်ခြင်း၊ ကြွက်
တတ်ခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်းတို့ဖြစ်ကြပါတယ်။
Source; Daily Mail


Post a Comment

 
Top