0
ကမ္ဘာ့ပေါ်က ကောက်ပဲသီးနှံတွေထဲမှာ ဆန်စပါးက အရေးကြီးဆုံးကောက်ပဲသီးနှံဖြစ်ပါတယ်။ ဆန်စပါးစိုက်ပျိုးမှုဟာရေ၊ မြေအနေအထားနဲ့ဆိုင်ပြီး အထူးသဖြင့် ဆန်စပါးစိုက်ပျိုးမှုကို အာရှနိုင်ငံမှာပဲ စိုက်ပျိုးကြပါတယ်။ အဲဒါကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကမ္ဘာ့ထိပ်သီး(၁၀)နိုင်ငံထဲမှာ အာရှက နိုင်ငံတွေကပဲ လွှမ်းမိုးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာဆန်စပါးအမျိုးအစားအများအပြားရှိပါတယ်။ ဒါပေမယ့် အာရှကထွက်တဲ့ ဆန်စပါးတွေကတော့ ကမ္ဘာပေါ်မှာ အလွန်နာမည်ကြီးပါတယ်။ ၂၀၁၇-၁၈မှာ ဆန်စပါးအများဆုံးထုတ်လုပ်ပေးထားတဲ့ ကမ္ဘာ့ထိပ်သီး(၁၀)နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ ဂျပန်
ဂျပန်နိုင်ငံရဲ့ ရာသီဥတုနဲ့ မြေယာတွေဟာ ဆန်စပါးစိုက်ပျိုးဖို့အတွက် သင့်လျော်ပါတယ်။ ဒါပေမယ့် နိုင်ငံသားတွေကဆန်စပါးကို အဓိကထားစိုက်မပျိုးကြပါဘူး။ ဒါကြောင့် သူတို့နိုင်ငံဟာ ဆန်စပါးကို အခြားနိုင်ငံများကို တင်ပို့ရောင်းထုတ်မှုနည်းပါးကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆန်စပါးစိုက်ပျိုးတဲ့မြေယာ ၂.၃သန်းခန့်ရှိပြီး ၈၅ရာခိုင်နှုန်း ထွန်ယက်စိုက်ပျိုးကြပါတယ်။

၉။ ဘရာဇီး
ကျွန်းနိုင်ငံလေးဖြစ်တဲ့ ဘရာဇီးကတော့ တောင်အမေရိကတိုက်မှာ ဆန်စပါးတိုက်ပျိုးမှုအများဆုံးလုပ်တဲ့ နိုင်ငံတစ်နိုင် ငံဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ကောင်းပေ့ဆိုတဲ့ ဆန်စပါးများကိုသာစိုက်ပျိုးကြပြီး လယ်မြေများမှာလည်း မြေသြဇာများကောင်းအောင် ခေတ်ပေါ်နည်းပညာနဲ့ ပေါင်းစပ်ပြုလုပ်ကြပါတယ်။ ဘရာဇီးနိုင်ငံမှာ စပါးအမျိုးအစား (၂၅၁)မျိုးစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

၈။ ဖိလစ်ပိုင်
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ကမ္ဘာ့ဆန်စပါးစိုက်ပျိုးမှုအများဆုံးနိုင်ငံထဲမှာပါဝင်ပါတယ်။ ဆန်စပါးဟာ သူတို့နိုင်ငံရဲ့ အဓိကထုတ်ကုန်ဖြစ်ပြီး နိုင်ငံရဲ့ပင်မစီးပွားရေးထောက်တိုင်လည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ဆန်စပါးကို ကမ္ဘာအနှံ့ (၂.၈)ရာခိုင်နှုန်း တင်ပို့ပြီး ဆန်စပါးအဓိကစိုက်ပျိုးတဲ့မြို့တော်တွေကတော့ Visayas နဲ့Luzonမြို့တော်တွေပဲဖြစ်ကြပါတယ်။

၇။ မြန်မာ
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သဘာဝသယံဇာတပေါကြွယ်ဝဆုံးနိုင်ငံဖြစ်သလို ရာသီဥတုနဲ့ လေ၊ မြေ၊ ရေသဘာဝက ဆန်စပါးစိုက်ပျိုးဖို့ အထူးသင့်တော်တဲ့နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးအရင်းအမြစ်နဲ့ ဘဏ္ဍာရေးထောက်ပံ့မှုအားနည်းတာတောင်မှ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က မြန်မာနိုင်ငံဟာ ဆန်စပါး တန်ချိန်ပေါင်း(၃၅)သန်း ပြည်ပကိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ဆန်စပါးထုတ်ကုန်တွေဟာ နည်းပညာကိုမှီခိုမှုသိပ်မရှိဘဲ ဒေသံတောင်သူ လယ်သားတွေရဲ့ အလုပ်ကြိုးစားမှုကြောင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးမွေးမြူရေး ကျန်ပြန့်မှုတွေ ထွန်းကားဖို့ လိုအပ်နေသေးပေမယ့် ကျွမ်းကျင်သူတွေကတော့ ဆန်စပါးစိုက်ပျိုးမှုမှာ ကမ္ဘာထိပ်သီး အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

၆။ ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သဘာဝကဖန်ဆင်းပေးထားတဲ့ ပြင်းထန်တဲ့မိုးရာသီဥတုရှိပြီး အဲဒီအချက်ကြောင့်ပဲ ဆန်စပါး စိုက်ပျိုးခြင်းဟာ သူတို့နိုင်ငံရဲ့ပင်မစိုက်ပျိုးရေးတစ်ခုဖြစ်နေတာပါ။ ရာသီဥတု၊ ပတ်ဝန်းကျင်၊ မြေပင်အနေအထားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဆန်စပါးစိုက်ပျိုးမှုအဖြစ်အထွန်းဆုံးတစ်ခုဖြစ်ပါတယ်။ နိုင်ငံအနေအထားက သေးသေးလေး ဆိုပေမယ့် ဆန်စပါးစိုက်ပျိုးမှု ရာခိုင်နှုန်းက (၂၈)ရာခိုင်နှုန်းအထိ ကျယ်ပြန့်ပြီး ဆန်စပါးစိုက်ပျိုးမှုကမ္ဘာ့ထိပ်သီးစာရင်းမှာ တော့ နိုင်ငံသေးသေးလေးနဲ့ ဆန်စပါးထုတ်လုပ်မှုအမြင့်ဆုံး မှတ်တမ်းဖြစ်ပါတယ်။

၅။ ထိုင်း
ထိုင်းနိုင်ငံကတော့ ဆန်စပါးစိုက်ပျိုးမှုရှေးအကျဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သူတို့မှာ ဆန်စပါးစိုက်ပျိုးဖို့အတွက် စတုရန်းမီတာဧကပေါင်း (၉)သန်းကျော်ရှိပါတယ်။ လက်ရှိစိုက်ပျိုးမှုနှုန်းထားအရဆိုရင် လာမယ့်နှစ်အနည်း ငယ်အတွင်း ထိုင်းနိုင်ငံရဲ့ဆန်စပါးစိုက်ပျိုးမှုဟာ ပိုတိုးလာမယ့်လို့ ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က သူတို့ဟာ တန် (၂၅)သန်း ထုတ်လုပ်ခဲ့ပြီး သူတို့နိုင်ငံထုတ် Jasmineဆန်ဟာ အရည်အသွေးအလွန်ကောင်းမွန်ကာ နိုင်ငံတကာ ဈေးကွက်မှာ ထိုးဖောက်နိုင်တဲ့ ဆန်စပါးအမျိုးအစား ဖြစ်ပါတယ်။

၎။ ဗီယက်နမ်

နိုင်ငံကြီးပြီး လှပတဲ့နေရာတွေများပြားတဲ့ ဆန်စပါးစိုက်ပျိုးတဲ့စတုရန်းဧကပေါင်း (၃၃)သန်းလောက်ရှိပါတယ်။ ဗီယက်
နမ်နိုင်ငံဟာ ကွာလတီမြင့်တဲ့ ဆန်စပါးအမျိုးအစားများကိုသာ စိုက်ပျိုးကြပြီး ‘Rice Bowl’လို့ နာမည်ကြီးတဲ့
Mekong Deltaပြည်နယ်မှာ အများဆုံးစိုက်ပျိုးကြပါတယ်။ အဲဒီဆန်စပါးစိုက်ပျိုးမှုကို ပြည်သူပေါင်း (၁၇)သန်းကျော်
က စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

၃။ အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံရဲ့ အပေါ်ယံမြေလွှာဟာ အစိမ်းရောင်စပါးခင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံဟာ ကမ္ဘာ့ဆန်စပါးစိုက်ပျိုးမှုအများဆုံးနိုင်ငံစာရင်းမှာ အဆင့်(၃)ချိတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့စိုက်ပျိုးမှုက စတုရန်း ဧက ပေါင်း (၁၀)သန်းကျော်ပြီး နိုင်ငံရဲ့ပင်မစီးပွားရေးဖြစ်တာကြောင့် အစိုးရကလည်း ထောက်ပံ့မှုတွေအများကြီးပေးပါ တယ်။

၂။ အိန္ဒိယ
အိန္ဒိယနိုင်ငံရဲ့မြေဆီလွှာဟာ အလွန်ကောင်းမွန်ပါတယ်။ မုတ်သုန်လေအားကောင်းပြီး မိုးပြင်းထန်စွာရွာမှုတွေက အိန္ဒိယနိုင်ငံရဲ့ မြေဆီလွှာတွေကို ပိုမိုအားကောင်းစေပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံဟာ ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှုနိုင်ငံ(၁၀)နိုင်ငံမှာ အဆင့်(၂)ချိတ်တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာ ဆည်မြောင်းစနစ်သိပ်ထွန်းကားခြင်းမရှိဘဲ ရာသီဥတုအပြောင်းအလဲနဲ့ပဲ ထွန်ယက်စိုက်ပျိုးကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်ကို ဆန်စပါးတင်ပို့မှု (၂၀)ရာခိုင်နှုန်းထိရှိပါတယ်။

၁။ တရုတ်
တရုတ်နိုင်ငံကတော့ တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်တဲ့အပြင် နည်းစနစ်တွေလည်းကောင်းမွန်တာကြောင့် ဆန်စပါး စိုက်ပျိုးမှုမှာ အရည်အသွေးရော၊ အရေအတွက်ပါ များပြားကောင်းမွန်မှုမှာ စံချိန်တင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဆန်စပါး စိုက်ပျိုးမှုဟာ တရုတ်နိုင်ငံရဲ့ရှေးရိုးရာစိုက်ပျိုးမှုဖြစ်သလို တရုတ်ပြည်ရဲ့(၈၀)ရာခိုင်နှုန်းသော အသက်မွေးဝမ်းကြောင်း ဟာ စိုက်ပျိုးမွေးမြူရေးပဲဖြစ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ကွာလတီကောင်းတဲ့ ကောင်းတဲ့ဆန်စပါးတွေကို ကမ္ဘာပေါ်တင် ပို့ရောင်းချနေတာဖြစ်ပါတယ်။

Source; worldstopbest.com

Post a Comment

 
Top