0



အိန္ဒိယနိုင်ငံ၊ Marylanပြည်နယ်မှာရှိတဲ့ Bank of America ဘဏ်ရဲ့ ATMစက်ကို မြေတူးစက်နဲ့ ဖျက်စီးပြီး ဓားမြ
တိုက်တဲ့ ဖြစ်ရပ်တစ်ခု ဇွန်လ(၁)ရက်နေ့က ပေါ်ပေါက်ခဲ့ပါတယ်။ ဒေသခံရဲတွေရဲ့ပြောဆိုချက်အရ အဲဒီ ATMစက်ကို သူခိုးတစ်ဦးတည်းက မြေတူးစက်နဲ့ဖျက်စီးပြီး ပိုက်ဆံခိုးခဲ့တာပါလို့ သိရပါတယ်။

သူခိုးဟာ ATMစက်ထဲက ပိုက်ဆံကိုရဖို့အတွက် မြေတူးစက်ကို သူ့ရဲ့နေရပ်ကနေ ဘဏ်တည်ရှိရာအရပ်အထိ (၅)မိုင်ခန့်မောင်းနှင်ခဲ့ရပါတယ်လို့ ရဲတွေက ယူဆနေကြပါတယ်။ ပြီးတော့ သူခိုးဟာ ATMစက်ရဲ့ကိုယ်ထည်ကို မြေတူးစက်နဲ့ တဖြည်းဖြည်းဖြိုပြီး ပိုက်ဆံကို ထုတ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာ ATMစက်ထဲက ပိုက်ဆံကိုထုတ်ယူလို့မရတဲ့အချိန်မှာတော့ သူခိုးဟာ ဒေါ်လာ(၁)သောင်းတန်တဲ့ ATMစက်ကို မြေတူးစက်နဲ့ ဖျက်ဆီးသွားခဲ့ပါတယ်။ ဒေသခံရဲအဖွဲ့အစည်းကမူ အခုသူခိုးမှာ ပြီးခဲ့တဲ့ ၂၀၁၆ခှုနှစ် မတ်လက ATMစက်ထဲက ငွေတွေကိုခိုးယူခဲ့တဲ့ သူခိုးပဲဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပြီး သံသယရှိသူရဲ့ပုံကို ကြေညာထားပါတယ်။

Credit: M2T(Shwemom)
Source ; Fox News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top