0

သြစတေးလျှမှာ လွန်ခဲ့တဲ့နှစ် ငွေအလွဲသုံးစားလုပ်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသူမလေး Christine Jiaxin Lee ဟာ မိမိရဲ့ဘဏ်အကောင့်ထဲကို ၀င်လာတဲ့ပိုက်ဆံတွေကို မလေးရှားရှိမိဘတွေက လွှဲလိုက်တဲ့ပိုက်ဆံတွေထင်လို့ သုံးဖြုံးမိခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။ 2012 ခုနှစ်မှာ သူမရဲ့ ဘဏ်စာရင်းထဲကို ဘဏ်အမှားကြောင့် စားရင်းမှားပြီး ၀င်ရောက်လာတဲ့ ပိုက်ဆံဟာ ပေါင် 2.7 သန်းအထိ ရှိပါတယ်။

Lee ဟာ အဆိုပါ ပို်က်ဆံတွေကို တိုက်ခန်းများ၊ ဈေးအလွန်ကြီးသော လက်ကိုင်အိတ်များ၊ အ၀တ်အစားများ၊ ဖုန်းများ၊ ရတနာပစ္စည်းများ၊ ၀ယ်ယူပြီး ဖြုန်းတီးပစ်ခဲ့ပါတယ်။ တာဝန်ရှိသူတွေဟာ စာရင်းမှားရောက်သွားတဲ့ ငွေတွေအတွက် စုံစမ်းမှုတွေအတွက် 3 နှစ်ခန့် လုပ်ဆောင်ခဲ့ရပြီး အဆိုပါငွေတွေဟာ Lee ရဲ့ ဘဏ်အကောင့်ထဲကို ၀င်သွားတာဖြစ်ကြောင်း သိရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ငွေတွေက လေလွင့်နေပါပြီ။

ဒီငွေတွေဟာ ဘဏ်စာရင်းအမှားကြောင့် ရောက်လာတယ်ဆိုတာ မှန်ပေမယ့် Lee အနေနဲ့ အလွဲသုံးစားလုပ်ခွင့် မရှိပါဘူး။ သိလျှင်သိချင်း အနီးဆုံးဘဏ်မှာ အကျိုးအကြောင်းပြောကာ ဖြေရှင်းပေးဖို့ အကူအညီတောင်းခဲ့ရင် ရိုးသားမှုအ
တွက် (အမှားလုပ်ခဲ့တဲ့ဘဏ်ဘက်က) ဆုကြေးထိုက်ထိုက်တန်တန် ရဖို့ ရှိပါတယ်။


Lee ဟာ အဲဒီပိုက်ဆံတွေကို 11 လအတွင်းမှာ အကုန်သုံးပစ်ခဲ့ပါတယ်။ သူမဟာ ဆစ်ဒနီမြို့က Dior ဆိုင်တစ်ခုတည်းမှာပင် ပေါင် 129000 သုံးခဲ့ပါတယ်။ 2015 ခုနှစ်မှာ ဘဏ်မန်နေဂျာက Lee ကို ဖုန်းဆက်ပါတယ်။ ပိုက်ဆံတွေ စာရင်းမှားပြီး ရောက်သွားတဲ့အကြောင်း။ Lee က သူ့မိဘတွေက လွှဲလိုက်တာလို့ ထင်ပြီး သုံးလိုက်မိပြီလို့ တုန့််ပြန်ခဲ့တယ်လို့ သိရပါ
တယ်။

2015 ခုနှစ် မေလမှာ Lee ဟာ Sydney’s Kingsford Smith Airport လေဆိပ်မှ မလေးရှားကို ပြန်ပြေးဖို့ပြင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဆစ်ဒနီရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။ Lee ရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ Hugo Aston က အမှုကနေ ကွင်းလုံးကျွတ်လွတ်မယ်လို့ ယုံကြည်နေပြီး ဘဏ်မန်နေဂျာ Matt Tregoning ကလည်း တရားမျှတစွာ စီရင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။


 source : thesun.co.uk

Post a Comment

 
Top